part 6

1.6K 205 29
                                    

အေဒီ ၁၀၅၇ (part6)
===============

မြင်းပေါ်တွင် အရှင်လေးအားမှောက်လျက်တင်ကာ အကျွန်သည် တပ်စခန်းရှိရာသို့ ဒုန်းစိုင်းနှင်လေ၏။ လမ်းတစ်လျှောက် ဆူးပိတ်နေသောခြုံနွယ်များကိုလဲ အကျွန်မမြင်တော့....။ တိုးလို့ထိုးကာ စခန်းရှိရာအားစိုက်နှင်ပါသည်။

မြင်းမှအချ မြောနေသောအရှင်သည် နှုတ်ခမ်းလေးဟကာ အသက်ကိုအားစိုက်ရှူးသွင်းနေလေ၏။ သလွန်ထက်တွင် ဘေးတစ်စောင်းတင်လျက် အကျွန်သည် အရှင်လေးသက်တောင့်သက်သာရှိနိုင်စေရန်အလို့ငှါ မြှားဦးကိုချိုး၏။ ပြီးနောက် ဖြေးဖြေးခြင်းကျောချစေ၍ စစ်ဝတ်တန်ဆာကိုချွတ်ကာ သမားတော်အားခေါ်ရသည်။

အဆိပ်များပြန့်နှံ့လာသည့်အခါ အရှင်လေး၏ ပါးပြင်နှင့် နဖူးစပ်သည် မရမ်းရောင်သမ်းဝေလာသည်။ မျက်ခွံများသည်မှေးစင်းနေပြီး နှုတ်ခမ်းကအညိုရောင်သန်းနေသည်။ ဒဏ်ရာမှစီးသော သွေးများသည် အရှင့်ဝတ်ရုံအဖြူပေါ်တွင် ချင်းချင်းနီလျက်...။ အသက်ရှူရန်ကိုပင်အရှင်လေးက တအားအားစိုက်နေရ၏။

ပူပန်မှုများ စုန်ကန်နေသောအကျွန်သည် သမားတော်ပြုလုပ်နေမှုကိုသာ ဘုရားဂုဏ်တော်ပွားရင်းကြည့်နေရ၏။ သမားတော်သည် စိုက်ဝင်နေသောမြှားတံဘေးပတ်လည်တွင် ဆေးမှုန့်တစ်မျိုးကို သိပ်ကာသိပ်ကာထည့်၍ မြှားကိုနှုတ်ရန် ကြိုးစားသည်။

"အော့...."

သမားတော်က ဘက်လက်ဖြင့် အရှင်လေး၏ရင်ကိုဖိလျက် ညာလက်ဖြင့် မြှားရင်းကိုကိုင်ကာ ဆွဲနှုတ်လိုက်သည့်အခါ အရှင်လေး၏ရင်ဘက်သည်မို့တက်လာပြီး နာကျင်မှုကြောင့် မျက်စံပင်ပြူးလာတော့သည်။ ဒီပုံစံဒီအခြေအနေကို အကျွန်သည်အားတင်းရင်း ဆက်ကြည့်ဖို့ရန်မဖြစ်....။ နာကျင်မှုကိုထပ်တူခံစားရသည့်နှယ် အကျွန့်နှလုံးသားသည် အောင့်လာ၏။

"တော်ပါတော့....ထပ်မနှိပ်စက်ကြပါနဲ့တော့....နှုတ်မရရင်လဲအခြားနည်းနဲ့ကုကြလေ.."

အကျွန်သည် ဆောက်တည်ရာမရဖြစ်ကာ....မြှားကိုနှုတ်နေသော သမားတော်၏လက်ကိုဖမ်းဆုပ်ကာ တားမြစ်သည်။

" အသင်စိုးရိမ်တာကို နားလည်ပါတယ်....မြှားကနှုတ်မှ အဆိပ်ပြေမှာ....."

တစ် ခါ က သု ဝ ဏ္ဏ ဘု မ္မိWhere stories live. Discover now