တစ်ခါက သုဝဏ္ဏဘုမ္မိ episode 14
----------------------------နောင်တော်သည် ဝေခွဲရခက်လှစွာသော အကြည့်များဖြင့် ကျွန်ုပ်ကို ဆွေးဆွေးမြေ့မြေ့လေး ကြည့်နေသည်။ ထုတ်ပြောမိသမျှ အမှားဟု ကျွန်ုပ်ကိုမြင်စေချင်ပုံပေါ်သည်။ နောင်တော်ဘာကို ရှင်းပြချင်သေးတာလဲ။ ဒီလောက်ထိ လိမ်ညာခဲ့တာတောင် နောင်တော့်အဖို့မလုံလောက်သေးတာများလား။ ကောင်းပြီ....။
" နောင်တော် ကျုပ်ကို ထပ်ညာဖို့ လိုအပ်ရင် ပြောပါဉီး၊ ကျုပ်ဘယ်လိုပုံစံနဲ့ ယုံကြည်ပေးတာကို နောင်တော်လိုချင်လဲ...."
ချက်ချင်းဆိုသလို စိုက်ကြည့်နေသော နောင်တော်၏ မျက်ဝန်းများသည် ကျွန်ုပ်ကိုကျော်ကာ နောက်ဘက်မှ ပလ္လင်ကို စူးစူးစိုက်စိုက်ကြည့်နေပြန်၏။ ဘာလဲ နောင်တော်က ဒီပလ္လင်ထက်မှာ ဥတ္တရနဲ့အတူ စံစားချင်နေတာများလား။ ကျွန်ုပ်ကိုနောင်တော်က ဘယ်အနေအထားထိ ရှုံးနိမ့်စေချင်တာလဲဟင်။
နောင်တော့် နှုတ်ခမ်းပါးကလေးသည် လှုပ်လှုပ်ရွရြွဖစ်လာပြီး တစ်ခုခုကိုပြောဆိုရန် အားယူနေပေ၏။ ခဏအကြာမှ အက်ကွဲခြောက်သွေ့လှစွာသော စကားသံသည် နောင်တော့်နှုတ်ခမ်းဖျားမှ တုန်တုန်ယင်ယင်ကလေးထွက်ပေါ်လာသည်။
" ကျုပ်ရှင် ထင်သလို မဟုတ်ရပါ့...."
" ကျုပ်ထင်တာ မဟုတ်ဘူးနောင်တော်၊ ကျုပ်မြင်ခဲ့တာ၊ ကျုပ်ခံစားခဲ့ရတာတွေကြီးပဲ...."
" ဒီလိုစွတ်စွဲနေမယ်အစား အကျွန့်ကို သတ်ပစ်လိုက်ပါတော့လား...."
" အို...ကျုပ်နောင်တော်ကို မသတ်ရက်ပါဘူး၊ ကျုပ် အသက်အန္တရာယ်ကို လာထိပါးခဲ့တာတောင် ကျုပ်နောင်တော်ကို အမျက်မာန်နဲ့ သတ်လိုတဲ့စိတ် အလျဉ်းမရှိခဲ့ပါဘူး...."
ခန်းမဆောင်ကြီးသည် တစ်ချက်တိတ်ဆိတ်သွားလေသည်။ နောင်တော်က ကျွန်ုပ်ကို မော်ကြည့်လိုက် မဝံ့မရဲခေါင်းငုံ့သွားလိုက်ဖြင့် တစ်ခုခုကို စိုးရိမ်မကင်းဖြစ်နေသည်။
ခပ်ဝေးဝေးမှ သံခြေနင်းသံ တစ်ဆတ်ဆတ်သည် ခန်းမဆောင်နှင့် တစ်ရွေ့ရွေ့ နီးကပ်လာသည်ကို အတိုင်းသားကြားလိုက်ရ၏။ ဒီခန်းမဆောင်နှင့် နန်းရင်ပြင်ထဲ မည်သူမှဝင်ခွင့်မရှိဟု အမိန့်ထုတ်ထားတာတောင် ရာရာစစမည်သူက အာဏာကိုလွန်ဆန်ဝံ့သနည်း။ ကျွန်ုပ်အမျက်မာန်သည် ဝုန်းခနဲဒေါသူပုန်ထကာ သံလျက်ကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်လေသည်။
YOU ARE READING
တစ် ခါ က သု ဝ ဏ္ဏ ဘု မ္မိ
Historical Fictionပထမဆုံးရေးဖြစ်တဲ့ နန်းတွင်းဇာတ်လမ်းပါ သမိုင်းနှင့်မညီရင် နားလည်သည်းခံပေးပါဗျ Jet Li ရဲ့ Heros ကို ဇာတ်အိမ်မှီငြမ်းထားပါတယ်။ ဇာတ်လမ်းက "ပြန်ဆုံမဲ့နေ့" လို အမေး အဖြေနဲ့ ရေးထားပါတယ် ဇာတ်လမ်းပုံစံအကျဉ်းတူတာပါ ကျန်တာတော့မတူပါဘူး ဖတ်ရှူဝေဖန်ပေးပါခင်ဗျ