episode 12 unicode

809 52 6
                                    

တစ်​ခါက သုဝဏ္ဏဘုမ္မိ episode 12
-------------------------------

ကျွန်​ုပ်​တွင်​ ခံစားတတ်​သည်​့ နှလုံးသားရှိ၏။
ထို့​ကြောင်​့ ချစ်​တတ်​သည်​၊ လွမ်​းတတ်​သည်​၊ မြတ်​နိုးတတ်​သည်​၊ သတိရတတ်​သည်​။ ပြီး​တော့ ကျွန်​ုပ်​က လိုသည်​ထပ်​ပို၍လဲ မျိုသိပ်​တတ်​​ပါသည်​။

စစ်​ကာလအ​တောအတွင်​း ​နောင်​​တော်​့ကိုကျွန်​ုပ်​ရံဖန်​ရံခါသာ​တွေ့ရတတ်​​ပါသည်​။ ကျွန်​ုပ်​သည်​ နန်​း​ဆောင်​မှအပ အပြင်​သို့ထွက်​ခွင်​့မရှိသဖြင်​့ ယခင်​လို ​နောင်​​တော်​နှင်​့ဆုံ​တွေ့ခြင်​းငှါမတတ်​နိုင်​။ ​နောင်​​တော်​ကမူ တစ်​ခါတစ်​ရံ နန်​း​ဆောင်​ထဲဝင်​၍ ​လာ​တွေ့တတ်​၏။ ထိုအချိန်​မျိုးကိုသာ နှစ်​​ယောက်​ကြင်​နာမှုအဖြစ်​ မှတ်​ယူ​နေရ​သောကာလတွင်​ ခဏတာအချိန်​​လေးအတွင်​း ​ကျွန်​ု​ပ်အ​​ေ​ပါ် ​နောင်​​တော်​၏ လစ်​လျူရှူမှုများကို မ​ပြောဖြစ်​ခဲ့။ ​နောင်​​တော်​ စိတ်​နှလုံးညိုးငယ်​သွားမည်​ကို စိုးရွံ့မိသလို၊ ​နောင်​​တော်​နှင်​့ ပဋိပက္ခဖြစ်​ပြီး ကျွန်​ုပ်​ကိုထားရစ်​ခဲ့မည်​ကိုလဲ စိုးရိမ်​မိ​သော​ကြောင်​့ မ​ပြောရခြင်​းဖြစ်​ပါသည်​။ စိုးရိမ်​စိတ်​များဖြင်​့ မျိုသိပ်​ထားတတ်​သည်​့ ကျွန်​ုပ်​၏အချစ်​ကို နားလည်​မှုရှိသည်​ဆိုမလား၊ ​ကြောက်​ရွံ့သည်​ဆိုမလား။ မည်​သိုပင်​ဆို​စေ ​နောင်​​တော်​ကျွန်​ုပ်​အနားမှ ထွက်​ခွာသွားမည်​့အ​ခြေအ​နေကို စိတ်​ကူးမျှပင်​မ​တွေးရဲ​သော ကျွန်​ုပ်​သည်​ အရာရာကို​ရေငုံနှုတ်​ပိတ်​သာ ​နေခဲ့ရသည်​။

​နေသည်​ဦး​ခေါင်း​ထပ်​မှ တစ်​ခြမ်​းလှဲ​နေ​ပေပြီ။ ပွဲ​​တော်တည်​​ချိန်​​ရောက်​၍ ကျွန်​ုပ်​သည်​စားဖို​ဆောင်​ဖက်​ကို ​လျှောက်​လှမ်​းလာခဲ့၏။ ယခင်​လိုကျွန်​ုပ်​တို့သည်​ နန်​း​ဆောင်​အတွင်​းခင်​းကျင်​းထား​သော စား​တော်​ပွဲကို သုံး​ဆောင်​ရန်​အ​ခြေအ​နေမ​ပေး​တော့​။ တိုင်​းပြည်​မငြိမ်​းချမ်​း၍ အရာရာရှားပါးလာသလို အမှုထမ်​းများလိုလိုကိုလဲ ကာကွယ်​​ရေးတွင်​သာအသုံးပြုလာခဲ့သည်​။ သို့အတွက်​ ကျွန်​ုပ်​တို့သည်​ စားဖို​ဆောင်​တွင်​သွား၍ ချက်​ထားသမျှကို ကိုယ်​တိုင်​ခူးခပ်​၍သာစား​သောက်​ရသည်​။ ယခင်​လို အမဲဟင်​းလျာ​ပေါင်​းစုံအစား အရွက်​​ကြော်​မျိုးစုံကိုသာစားရတတ်​သည်​။ စီမံခန်​့ခွဲသူမရှိ လျင်​သူစားရသည်​့အခါ ကံ​ကောင်​းလျှင်​ ကြက်​ရိုး​လောက်​​တော့ရတတ်​သည်​။ ကံဆိုးလျှင်​က ကန်​စွန်​းရွက်​​ရေလုံပြုတ်​မျှသာ။

တစ် ခါ က သု ဝ ဏ္ဏ ဘု မ္မိWhere stories live. Discover now