episode 10 unicode

472 63 3
                                    

​အေဒီ ၁၀၅၇ (episode 10)
===================

သုဒဿန ဆိုသည်​့အမည်​​ကို​တွေး​တောလိုက်​သည်​နှင်​့ ကျွနု်​ပ်​မနက်​ခင်​းတိုင်း​က လှပလန်​းဆန်​းသွားသည်​ဆို လွန်​​လေမလား။ အမှန်​တကယ်​​တော့ ထိုထပ်​ပင်​ပို​ဦးမည်​။ ​နောင်​​တော်​့အ​ပေါ် ကျွနု်​ပ်​၏တပ်​မက်​ခြင်​း​တွေက စကားဖြစ်​ပင်​ဆိုဖွယ်​ရာမရှိ။ အ​သေးအမွှားဆံချည်​တစ်​မျှင်​လှုပ်​ခတ်​သည်​ကအစ ကျွန်ုပ်​​ရင်​ခုန်​ရသည်​။ ကျွန်​ုပ်​နှုတ်​ခမ်​းလှုပ်​ခတ်​တိုင်​း သူ့အနမ်​းနဲ့ထိ​တွေ့ချင်​မိသည်​။ သူ့အသံကြားလျှင်​ နှလုံးသားက က​ချေသည်​အလား စုန်​ဆန်​မြူးတူးခုန်​​ပေါက်​တတ်​ပါသည်​။

​လှေ​ပြိုင်​ပွဲမကျင်​းပမှီကုန်​လွန်​ခဲ့​သောရက်​များမှ ကျွန်​ုပ်​၏စိတ်​ကူးကို ကိုယ်​လိုရာ​ဝဲလွင်​့တတ်​​သော လိပ်​ပြာ​လေးတစ်​​ကောင်​အဖြစ်​သတ်​မှတ်​ပါသည်​။ ကျွန်​ုပ်​စိတ်​ကူး ကူးလူးပျံနားရာ ပန်​းတိုင်​းသည်​ ​သုဒဿနဟုအမည်​တွင်​​လေ၏။ ​ပျော်​​ပျော်​ပါးပါး လူးလွင်​့တတ်​​သော ကျွန်​ုပ်​အ​တွေးလိပ်​ပြာသည်​ ထို​နေ့ကစညိုးငယ်​ခဲ့သည်​ထင်​ပါ၏။

ထို​နေ့သည်​ ဝါဆိုလပြည်​့​ကျော်​ တစ်​ရက်​​နေ့ ဝါဆိုပန်​းခူးသည်​့​နေ့​လေးဖြစ်​ပါသည်​။

သုဝဏ္ဏဘူမိပြည်သားများသည် ​​ခင်​မင်​ရာမိတ်​​ဆွေများ၊ မိသားစုများနှင်​့အတူ မြသပိတ်​​တောင်​​ခြေမှ​နေ၍ ​တောစပ်​၊ ခင်​တန်​း၊ ​တောတန်​းကိုဖြတ်​ကာ ဝါဆိုပန်​းများကိုဆွတ်​ခူးကြ​လေသည်​။ ကျွန်​ုပ်​တို့သည်​ စား​သောက်​ဖွယ်​ရာ ရတက်​နှင်​့​ပေါက်​​ပေါက်​ဆုပ်​ကိုယူကာ မြသပိတ်​​တောင်​၌ တစ်​​နေ့ကုန်​ဝါဆိုပန်​းခူးကြသည်​။  ပုန်းညက်၊ မြတ်လေး၊  စံပယ်၊ ဇီဇဝါ၊ ပုဏ္႑ားရိပ်၊ ခရာဆူး စသည်​့ ဝါဆိုလ၌ပွင်​့တတ်​​သော ပန်​းများသည်​ ဝါဆိုပန်​းများဖြစ်​​လေ၏။ ဝါဆိုပန်​းတိုင်​းကို ကျွန်​ုပ်​ကနှစ်​သက်​သည်​။ ဝါဆိုပန်​းခူးဓ​လေ့ကိုလဲခုံမင်​ရသည်​။

လက်​တစ်​ဆစ်​စာပွင်​့ချပ်​ဖြူဖြူဝိုင်​းဝိုင်​းများအလယ်​တွင်​ ဝတ်​ဆံဝါဝါရှည်​ရှည်​​လေးကအ​ထွေးလိုက်​ပွင်​့​နေ​သော ပုန်​းညက်​ပန်​းကို ကျွန်​ုပ်​သိပ်​သ​ဘောကျသည်​။
ရိုးတံထိပ်​တွင်​လဲ ဖြူလုံးလုံးအဖူး​လေးများက မကိုင်​ရက်​စရာ။ ရနံ့ကကြိုင်​ပြီး အလွယ်​ခူးမရသည်​့ပန်​းလဲဖြစ်​သည်​။ ပုန်​းညက်​ကိုခူးလိုလျှင်​ ငြမ်​းစင်​ရ​သည်​။ အလွယ်​တကူခူးမရသည်​့ပန်​းဖြစ်​၍ ကျွန်​ုပ်​ကပိုမြတ်​နိုးမိ​ပေသည်​။

တစ် ခါ က သု ဝ ဏ္ဏ ဘု မ္မိWhere stories live. Discover now