episode 11

1.3K 151 17
                                    

တစ်​ခါက သုဝဏ္ဏဘုမ္မိ episode 11
-----------------------

"ကျုပ်​သိရှိထားတာ​တွေကို ​နောင်​​တော်​ဘယ်​လိုသုံးသပ်​​ပေးနိုင်​မလဲ...."

ခပ်​​ဆွေး​ဆွေးကြည့်​​နေ​သော ​နောင်​​တော့်​မျက်​နှာ​ပေါ်တွင်​ အပြုံးရိပ်​တစ်​ခုသန်းလာ၏။ ထိုအပြုံး​သည်​ သူ့မုသား​တွေကို သိ​နေခဲ့​သော ကျွန်ုပ်​အား ချီးမွမ်း​နေသ​ယောင်​​ယောင်​။ မ​တောက်​ပလှ​သော်​လည်း လင်းလက်​ပါသည်​။

"အရှင်​​တွေ့မြင်​ခဲ့တာမှန်​​ပေမဲ့ အရှင့်​အ​တွေး​တွေကမှား​နေတယ်​ "

အို စွတ်​စွဲလှချည်​လား​နောင်​​တော်​ရယ်​။ ကျွန်ုပ်​မျက်​လွှာ​လေးချကာ ခပ်​​ဆွေး​ဆွေး​နေလိုက်​ရသည်​။ မျက်​ဝါးထင်​ထင်​မြင်​​တွေ့ခဲ့ရသည်​များက အမှားလို့သတ်​မှတ်​လိုက်​ရမှာတဲ့လား။

"ချစ်​ခြင်း​မေတ္တာက ​နောင်​​တော်​ထင်တာထပ်​ပို​လေးနက်​တယ်​​နောင်​​တော်​"

"........."

နောင်​​တော်​သည်​ စကားမပြန်​ ခပ်​မှိုင်​မှိုင်​သာကျွန်ုပ်​အား​ငေး​နေ​လေ၏။

"​ကျုပ်​ရဲ့အချစ်​က ​နောင်​​တော့်​ကိုစိတ်​ချမ်းသာ​စေချင်​တယ်​၊
စိုးထိတ်​မှု​တွေနဲ့လူတစ်​​ယောက်​ကိုချစ်​ခဲ့ဖူးလား ​နောင်​​တော်​"

"......"

နောင်​​တော်​က မှိုင်​​နေရာမှ မျက်​နှာကိုတစ်​​ဖက်​​စောင်းကာ ​ခေါင်းကိုငုံ့ချလိုက်​သည်​။ ​နောင်​​တော့်​အမူအရာ​ထဲမှာ ​ဝေခွဲရခက်​သည့်​ဒွိဟများစွာကို ကျွန်ုပ်​မြင်​​တွေ့​နေရသည်​။

"ချစ်​ခဲ့ဖူးတာ​ပေါ့ ငါ့ရှင်​"

" ဘယ်​အရာလဲ ဥတ္တရရဲ့ရည်​မှန်းချက်​​တွေမ​အောင်​မြင်​မှာကိုစိုးထိတ်​ပြီး ချစ်​ခဲ့ရတာလား"

ဒီတစ်​ခါ​တော့ ကျွန်ုပ်​ကိုစွတ်​စွဲခွင့်​ပြုပါ​နောင်​​တော်​။ ဂူတစ်​ဂူထဲ​အောင်း​နေတဲ့ ခြ​င်္သေ့နှစ်​​ကောင်​က အပြန်​အလှန်​ အမြဲရန်​​ဆောင်​​နေကြမှာပဲ​လေ။ ကျွန်ုပ်​အမြင်​​စောင်း​နေမှုမှာ အပြစ်​​တွေမပါဝင်​နိုင်ဘူး မဟုတ်​လား။

တစ် ခါ က သု ဝ ဏ္ဏ ဘု မ္မိWhere stories live. Discover now