episode 3 unicode

794 84 0
                                    

​အေဒီ ၁၀၅၇(part3)
==============

အကျွန်အောက်မေ့မိသော ထိုစဉ်အချိန်အခါများသည် ကြည်နူးစွတ်ပျံ့လွန်းသော ပန်းမံဥယျာဉ်တစ်ခုနှင့်တူပါသည်။ အကျွန်တို့တွင် ပူပန်သောကဟူသည်မရှိ။ ပျော်ရွှင်ဖွယ်အတိပြီးလေသောကာလဖြစ်၏။ မနက်မိုးသောက်အတူဆုံချိန်များတွင် တစ်ယောက်မက်သောအိပ်မက်ကို အပြန်အလှန်ထုတ်ပြောရသည်များကလဲ ဘဝတစ်ခုဖြစ်လေ၏။

ပန်းပေါင်းယိုကိုသိပ်ကြိုက်သော အရှင်လေးနှုတ်ခမ်းသည် ဖယောင်းနီဆိုးစရာမလို အစဉ်နီးမြန်းလျက်သာပင်..။ အကျွန်သည် ထိုနှုတ်ခမ်းလေးကို အသည်းတယားယားရှိလှသည့် အစောဆုံးကာလများက ကုန်ဆုံးခဲ့လေပြီလား...။

ယခုမူ ဓလေ့သည် သက္ကရာဇ်နောက်လိုက်ကာ ပြောင်းလဲသွားလေပြီဟု အကျွန်ထင်သည်။ အိမ်ရှေ့စံ အရှင်လေး၏ ပုခုံးပေါ်တွင် ရွှေကြုတ်ကို ပိုးကြိုးဖြင့်ထိုးထားသော ဆွဲကြိုးလေးရှိသည်။ ထိုကြုတ်ထဲတွင် ကွမ်းနှင့်ခံတွင်းကိုမွှေးစေတတ်သော အမွှေးအကြိုင်များကို ထည့်တတ်၏။ ယခင်လို ပန်းပေါင်းယိုအစား အရှင်လေးသည် ကွမ်းကိုခံတွင်းတွေ့လာသည်ထင်ပါ့....။ အရှင်လေးသည် ယခင်ကဲ့သို့ အကျွန့်နှင့်တွေ့ရန် မအားပဲရှိတတ်လေသည်။ မင်းတရားကြီး၏ တိုင်းရေးပြည်ရာကိစ္စများ ဆွေးနွေးတိုင်ပင်သည့် ညီလာခံသို့တက်ရ၏။ ညီလာခံပြီးချိန်များတွင် မွန်းကြပ်သည်ဟူသော အရှင်လေးစိတ်များကို ဖြေသိမ့်နိုင်စေရန် အကျွန်တို့သည် မြို့အတွင်း ခိုးထွက်မြဲခိုးထွက်ကြလေသည်။

အကျွ့န်စိတ်သဏ္ဏာန်ထဲ အမြဲမပြတ်စီးဆင်းနေသော အတွေးတစ်စရှိသည်။ ထိုအတွေးသည် ကမ်ဘာပျက်ယွင်း အကျွန့် လိပ်ပြာ အညွ့န်ကျိုးလျှင်တောင် ပျောက်ပျက်သွားမည်မထင်...။

မှတ်မှတ်ရရရှိသည့် ထိုနေ့သည် တိုင်းပြည်၌ လှေသဘင်နှင့်ရေသဘင်ပွဲဆင်နွှဲသော တော်သလင်းလပြည့်နေ့ဖြစ်လေသည်။ အကျွန်သည် အရှင်လေးဦးဆောင်သော သာရကာလှေတော်၌ လှော်ကားပြိုင်ဆိုင်ရမည်ဖြစ်သည်။ သာရကာလှေဆိုသည်မှာ သိကြားနှင့် ဗြဟ္မာတို့က အသံသာယာစွာ ဟစ်ကြွေးတတ်သည့် သာလိကာငှက် ​ယောင်ဆောင်ကာ ညွှန်ပြခဲ့သော သစ်ကိုင်းကို ​လှေပြုလုပ်စေခဲ့သည့် အကြောင်းရင်းကို အစွဲပြု၍ ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်ပေသည်။

တစ် ခါ က သု ဝ ဏ္ဏ ဘု မ္မိDonde viven las historias. Descúbrelo ahora