episode 15 zawgyi

1.4K 60 5
                                    

တစ်ခါက သုဝဏ္ဏဘုမ္မိ episode(15)
=====================

အမေး (၄) ချစ်ခြင်းမေတ္တာကို နောင်တော်ဘယ်လိုအဓိပ္ပါယ်သတ်မှတ်သလဲ
--------------------------------

ကျွန်ုပ်တို့ဘဝမှာ မျဖစ္မေန မ်ိဳသိပ္လိုက္ရတဲ့ အချိန်အခိုက်အတန့်လေးတွေကို ကြုံတွေ့ခဲ့ရဖူးမယ် ထင်ပါ့။ ပြောဖို့ရည်ရွယ်ပြီးမှ မပြောဖြစ်ခဲ့တဲ့စကားတွေ။ အဆုံးစွန်ထိ ရင်ဖွင့်ပစ်လိုက်မည်ဟုတွေးထားပြီးမှ ကြိတ်၍သာစို့ခဲ့ရတဲ့ မျက်ရည်တွေ။ တုန့်ပြန်လိုက်မည်ဟုကြိုးစားပြီးကာမှ မတုန့်ပြန်ဖြစ်ခဲ့တဲ့ ဒေါသတွေ။ တကယ်တော့ မျိုသိပ်ခြင်းဆိုတာ တစ်ဖက်သားကို ကိုယ်ချင်းစာငဲ့ညှာသနားတတ်သော လူတွေမှာသာရှိတတ်တဲ့ သိပ်မြင့်မြတ်တဲ့စိတ်ထားလေးတစ်ခုပဲပေါ့။

ချစ်မေတ္တာဆိုတာကလည်း ဆန်းကြယ်သားနောင်တော်။

ဘဝတစ်ကွေ့မှာ ခဏတာကြုံရတဲ့ သံယောဇဉ်ဆိုသော်လည်း ကြှနျုပျကမူ နောင်တော်အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာကို ဘဝအဆက်ဆက်သယ်ဆောင်သွားချင်သည်။ နိဗ္ဗာန်ကိုမျက်မှောက်မပြုသေးသည့် ကာလပတ်လုံး နောင်တော့်အပါးမှာသာ ပါရမီဖြည့်လိုသည်။ နောင်တော့်ကိုသာလက်တွဲလိုသည်။ နောင်တော်သာ ကျွန်ုပ်ရဲ့ကြင်ဖော်။ နောင်တော်သာ ကျွန်ုပ်ရဲ့ကြင်ဖက်။ ကျွန်ုပ်ချစ်ခြင်းမေတ္တာမှာ အတ္တတွေထုံမွှမ်းနေသည်ဟု ဆိုလာခဲ့သော် ထိုအတ္တများသည် နောင်တော့်အပေါ်ထားသော ဖြူစင်သည့်အတ္တများသာဖြစ်နိုင်သည်။ ကိုယ်ချစ်ရသူထံမှ စစ်မှန်သော ချစ်ခြင်းမေတ္တာကို မရခဲ့သူတစ်ဦးရဲ့ ဖြူစင်တဲ့ချစ်အတ္တလေးပါပဲ နောင်တော်။

နတ်လုလင်ပျိုတစ်ယောက်အလား ထင်မှတ်မှားမိသော နောင်တော်သုဒဿန၏ လန်းဆန်းတက်ကြွသည့် မူဟန်များပျောက်ဆုံးသွားသည်မှာ တော်တော်ကြာခဲ့ပြီ။ ကျွန်ုပ်သည် ပြောင်းလဲသွားသော နောင်တော်၏အခြေအနေကို စိတ်ထဲမှာသာ မှန်းဆရင်း သောကများဝေနေရသည်။ နှစ်ဦးနှစ်ဖက် အဆင်ပြေစေရန် နောင်တော်အားဘာတစ်ခွန်းမျှမမေးပဲ  ကျွန်ုပ်ဘက်ကရေငုံနှုတ်ပိတ်ရင်း သောကများပြေပျောက်ရန်အလို့ငှာ နည်းနာလေးများရှာရသည်။

တစ် ခါ က သု ဝ ဏ္ဏ ဘု မ္မိWhere stories live. Discover now