part 9

1.3K 165 14
                                    

အေဒီ ၁၀၅၇ (episode 9)
------------------------------------

"အသင်​ခု​တော့ ကျုပ်​စကား​တွေကို လွန်​ဆန်​ခဲ့ပြီ​ပေါ့"

ဥတ္တရသည်​ နီမြန်း​သောမျက်​နှာအ​နေအထားဖြင့်​ ရင့်​သီးစွာ အကျွန့်​အားအပြစ်​တင်​စကားဆို​လေသည်​။ အကျွန်​သည်​ ဥတ္တရအားစကားမပြန်​နိုင်​။ နီရဲရဲသူ့မျက်​ဝန်းများကိုသာ ​ဝေ​ဝေမှုန်​မှုန်​စိုက်​ကြည့်​ဖြစ်​​လေ၏။

"အရာအားလုံးက ​နောက်​ကျကုန်​ပြီ ငါ့​ဆွေ"

အရိပ်​နှစ်​ခုထင်​ဟပ်​​နေ​သော အကျွန့်​ဘဝအတွက်​ ဆုံးဖြတ်​ချက်​တစ်​ခုကို ပိုင်​ပိုင်​နိုင်​နိုင်​ချမှတ်​ခဲ့ပြီး​နောက်​ အကျွန့်​အတွင်းစိတ်​မှ ဥတ္တရအရိပ်​ကို​မောင်းထုတ်​နိုင်​ခဲ့​လေသည်​။

"ငါ့​ဆွေတဲ့လား....ခု​တော့ငါ့​ဆွေတဲ့လား"

သူ့ရင်ဘက်အနိမ့်အမြင့်အားကြည့်ခြင်းဖြင့် ​​​​​​​ဥတ္တရ၏​ဒေါသအရှိန်​ကို အကျွန်​အတတ်​သိသည်​။ ဥတ္တရသည်​ ​ပြောင်းလဲသွား​သော အကျွန့်​အား အခဲမ​ကြေပဲရှိ​နေမည်​။ ​စကားလုံးများဖြစ်​ အပြစ်​မဆိုနိုင်​​အောင်​ထိ သူ့​ဒေါသသည်​ စကားများထပ်​ပို​လေးလံ​နေမည်​။

"အသင်​ဘာလို့ ခုလိုကျုပ်​ကိုလစ်​လျူရှုပြီးလုပ်​ရပ်​ခဲ့တာလဲ ကျုပ်​ဘာမှမသိချင်​ပါဘူး အသင့်​ဖြေရှင်းချက်​​လေးပဲလိုချင်​တာ"

"လူတစ်​​ယောက်​ကို နည်းမှန်​မှန်​နဲ့ချစ်​မိသွားခဲ့လို့"

"ကျုပ်​ကိုမဟုတ်​တာ​တော့ ​သေချာ​နေတယ်​မဟုတ်​လား"

"မှန်​တယ်​အ​ဆွေ ယခင်​က ကျွန်ုပ်​ချစ်​ခဲ့တယ်​လို့ထင်​မှတ်​ခဲ့မိတာ တကယ်​​တော့ကျွန်ုပ်​က အ​ဆွေ့ကို​ကြောက်​ရွံ့ခဲ့မိတာ...။ အ​ဆွေစကားတိုင်းကို ကျုပ်​က​ကြောက်​ရွံ့ပြီး​ခေါင်းညိတ်​​နေခဲ့မိတာ"

"​တော်​​စမ်းပါ"

"......"

"နန္ဒသူရကို သတ်​လို့ရကတည်းက မသတ်​ခဲ့တာကို ကျုပ်​အစကတည်းက ရိပ်​မိခဲ့ရမှာ ခု​တော့ သင့်​ရဲ့စကား​တွေကိုယုံခဲ့မိလို့မှားခဲ့ပြီ ဒီတစ်​သက်​ မ​ကြေဘူး သုဒဿန "

တစ် ခါ က သု ဝ ဏ္ဏ ဘု မ္မိWhere stories live. Discover now