Part-19

3.7K 227 22
                                    

နေခြည်​ရင်​ခွင်​ထဲမှာခိုနားကာ>>မိုင်းငို​ကြွေး​နေမိသည်​။

အကြာကြီးပိုငို​ကြွေး​နေမိသည်​။

ပွေ့ဖက်​ထားတဲ့​နေခြည်​ရဲ့ကိုယ်​အ​နွေးဓာတ်​​လေးကိုခိုလှုံ​နေသည်
ကိုယ်​သင်းနံ​လေးကိုတဝကြီးရှူရှိုက်​လိုက်​သည်

စိတ်​လွတ်​လပ်​​ပေါ့ပါးသွားသည်​ဟုခံစားမှူရသည်​နှင့်​>​နေခြည်​ရင်​ခွင်​ထဲကထွက်​လိုက်​သည်​။

"ငါကတကယ်​မ​ကောင်းတဲ့လူပါ​နေခြည်​,ငါ့အ​မေကိုငါပစ်​ထားမိ​တယ်​,ငါ့အ​မေနားမှာငါပြုစု​စောင့်​​​ရှောက်​​နေရမှာ,ငါကအခု​တော့>>ငါ့ရဲ့​ပျော်​ရွှင်​မူအတွက်​အ​မေ့ကိုပစ်​ထားပြီး,အ​မေနဲ့​ဝေးရမှာလာ​နေတယ်​,အခုဆိုငါ့အ​မေက>>​ချော်​လဲပီးအရိုးပါအက်​တဲ့အထိဖြစ်​​နေတ
်ယ်​,ငါသာအ​မေ့နားမှာရှိမယ်​ဆို,ဒီလို​တွေဖြစ်​လာမှာမဟုတ်​ဘူး,ပြီး​တော့​လေ~"

"​တော်​ပြီ....,"
နေခြည်​ ....မိုင်းရဲ့နှုတ်​ခမ်းပါး​လေး​ပေါ်ကိုလက်​ညိုး​လေးကန့်​လန့်​ဖြတ်​တင်​လိုက်​သည်​။

"ရပီ...လုံ့​လောက်​ပါပြီ,"
နေခြည် မိုင်းကိုတဖန်​ပြန်​ဖက်​ထားလိုက်​သည်

"လာ....ဒီမှာထိုင်​,စကား​ပြောရ​အောင်​"
နေခြည်​ မိုင်း လက်​​လေးကိုဆွဲကာ..ကုတင်​​ပေါ်မှာထိုင်​​ခိုင်းလိုက်သည်

မိုင်းရဲ့ကိုယ်​​လေးကိုသူ့ဖက်​ကိုလှည့်​​စေလိုငြား<ပုခုံးက​နေသူရှိတဲ့ဖက်​ကိုလှည့်​လိုက်​သည်​။

"ဒီကိစ္စမှာ~နင်​အမှားမပါပါဘူး,လူဆိုတာ စိတ်​ချမ်းသာမှုအနည်းအများလိုချင်​ကြတာပဲ,အခုဟာကမိုင်းကလဲ ကိုယ်​လွတ်​ရုန်းခဲ့တာမှမဟုတ်​တာ,ခဏတာလွတ်​လပ်​ခွင့်​ရှာခဲ့ယုံပါ"

"ဒါ​ပေမယ့်​~ငါအ​မေအခုလိုဖြစ်​သွားတာ,ပြီး​တော့
ငါကလွတ်​လပ်​မှူရှာခဲ့တာ​တွေက"

"အဲ့လိုမ​တွေးသင့်​ဘူး~ဘာလို့ဆိုနင်​ရှာခဲ့တဲ့လွတ်​လပ်​မှူက​နောင်​တချိန်​နင့်​အ​မေကိုအကျိုးပြု​စေမှာပါ
အိမ်​မှာ​နေပြီ~​နေ့တိုင်းစိတ်​ဆင်းရဲ​နေရင်
နင်​စာမလုပ်​နိုင်​ခဲ့ရင်​​တောင်​~​နောက်​ဆုံးစိတ်​ဆင်းရဲ​စေမှာနင့်​အ​မေဆ်ုတာအမှန်​ပဲ"

CULT🍃Wo Geschichten leben. Entdecke jetzt