Part-6

3.5K 242 2
                                        

နေခြည်​ တို့အခန်းထဲ​ရောက်​လို့ 10minute​လောက်​ကြာ​တော့ ဆရာမဝင်​လာတယ်

ပထမတစ်​ချိန်​တက်​ပြီးလို့ဆရာမထွက်​သွားတာနဲ
မိုင်း လဲလွယ်​အိတ်​ကို​ကောက်​လွယ်​ ကာအပြင်​ကိုထွက်​လာလိုက်​တယ်

"မိုင်း နင်​ဘယ်​သွားမို့လဲ" 
စိတ်​အလိုဆန္ဒအရ ​နေခြည်​မိုင်းကို​မေးလိုက်​မိတယ်

"ငါဘယ်​သွားသွားနင်​နဲ့ဆိုင်​လို့လား
ငါ့ကိုယ်​​ရေးကိုယ်​တာ​တွေကိုဝင်​စွက်​ဖက်​တာ ဒီတင်​ရပ်​သင့်​ပြီ!!!!!!ီ,,,,ငါသည်းမခံနိုင်​ရင်​ ငါအဆိုးမဆိုနဲ့"
မိုင်း ​နေခြည်​ ကို ရင့်​ရင့်​သီးသီး​ပြောပြီး အခန်းထဲကထွက်​လာလိုက်​တယ်

အခန်းထဲကလူ​တွေရဲ့မျက်​စိကသူတို့ရှိမှာ​ရောက်​​နေတာ
မိုင်းသိရဲ့သားနဲ့ ​နေခြည်​ကို​အော်​​ပြောခဲ့တယ်

.....
"​နေခြည်​သူက~နင်​နဲ့ဘာ​တော်​လဲ
နင့်​ကိုသူမနက်​တည်းက အ​ကောင်း​ပြောတာကိုငါမ​တွေ့ဘူး သူပုံစံကြီးကိုငါ​တော့ သ​ဘောမကျဘူး မာနကြီးတာလား,ဘဝင်​ရူး​နေတာလား"

နေခြည်​သူငယ်​ချင်း​တွေ ထဲမှာ ရွှန်း​ရောင်​စဉ်​ကနဲနဲပိုသွက်​ပြီးပိုစွာတယ်​လို့​နေခြည်​​ကောက်​ချက်​ချလို့ရတယ်
နေခြည်​ Uniမှာ သူငယ်​ချင်းအသစ်​စက်​စက်​သုံး​ယောက်​ရခဲ့တယ်
ရွှန်း​ရောင်​စဉ်​,မှူး,ခွန်းချို ဆိုတဲ့ ​ကောင်​မ​လေးတစ်​စုမှာ ရွှန်း​ရောင်​စဉ်​က အသွက်​​ဆူံးဆိုတာ မနက်​က ​နေခြည်​ကို လာမိတ်​ဆက်​တည်းက ​နေခြည်​သတိထားမိတယ်

သူတို့နံမည်​​တွေကို​ပြော​တော့လဲ ​ရောင်​စဉ်​ ကသွက်​လက်​သူပီပီဦးဆူံး​ပြောခဲ့တယ်

"သူကမာနမကြီးသလို ဘဝင်​လဲမရူးပါဘူး
ငါသူအ​ပေါ်အပြစ်​လုပ်​ထားလို့"
နေခြည်​ ​ရောင်​စဉ်​ အ​မေးကို ပြန်​​ဖြေပြီးတာနဲ့ ခုံ​ပေါ်ကို​ခေါင်း​မောက်​ထားလိုက်​တယ်

ပထမဦးဆုံး​​ကျောင်းစတက်​တဲ့​နေ့ဆို​တော့ ဆရာမ​တွေကသူတို့ကိုယ်​သူတို့မိတ်​ဆက်​ ​ကျောင်းသား​တွေကလည်းမိတ်​ဆက်​နဲ့ စာမသင်​ဖြစ်​ပဲ​ တ​နေ့လူံး အချိန်​​တွေကုန်​သွားတယ်

CULT🍃Where stories live. Discover now