Part-22

2.6K 229 7
                                    

"​နေအုန်း ​နေခြည်​ နင့်​ငါ့ကို ခွင့်​မလွှတ်​ဘူးဆို၊
ငါ လဲငါ့ကိုငါခွင့်​မလွှတ်​ဘူး။
အဲ့ဒီအတွက်​ငါ့ကိုယ်​ငါအပြစ်​​ပေးမယ်​"

ကြားလိုက်​ရတဲ့စကားက နဲနဲ​တော့အူ​ကြောင်​​ကြောင်​ဆန်​တယ်
ကျွန်​မလိုချင်​တာသူဆီကအမှန်​တရား​လေ>​နောက်​သို့ပြန်​လှည့်​ကာ

"မလိုဘူး ..မိုင်း ၊ငါနင့်​ကို ခွင့်​မလွှတ်​ရ​အောင်​လဲ နင်​ဘာအပြစ်​မှမလုပ်​ထားပါဘူး၊
ငါကို က အကြီးကြီး​မျှော်​မှန်းမိတာ၊​ပြောရမယ်​ဆို မှန်းချက်​နဲ့ နှမ်းထွက်​က မကိုက်​ဘူးဆိုသလို​ပေါ့ဟာ။"

"မဟုတ်​ဘူး..​နေခြည်​၊တကယ်​​တော့~"
ဘာမှဆက်​​ပြောခြင်းမရှိပဲ စကားလူံးအတိ​ပျောက်​ဆူံးကာငြိမ်​သက်​​နေ​သောမိုင်း​ကြောင့်

"ငါ ဆုံးဖြတ်​ပြီး ပြီမိုင်း၊ငါထွက်​​သွား​ပေးပါ့မယ်
ငါ​မေ​မေကို​ပြောပြီး တခြား​နေရာကို​ပြောင်း​ပေးပါ့မယ်၊
ငါရှိ​နေသ၍ နင်​စိတ်​ဆင်းရဲ​နေမယ်​ဆိုတာကိုငါခံစားမိ​နေလို့ပါ"

မိုင်းအား ​ကျောခိုင်းကာ တ​ရွေ့​ရွေ့​လျှောက်​​နေမိသည်​။
သူများ ကျွန်​မကို တားမလား?
ကျွန်​မအား ထွက်​မသွားဖို့ စကားလူံးတချို့ထွက်​မလားဟု​မျောှ်လင့်​ချက်​ဖြင့်​ ​လေးလံ​စွာ ​ခြေလှမ်းများကထွက်​ခွာ​နေသည်​။

အခန်း​ရှေ့သို့​ပင်​ရောက်​သည့်​တိုင်​ ကျွန်​မ​မျှော်​လင့်​သလိုဖြစ်​မလာခဲ့။
သူ့အ​ပေါ်မှာ အမြဲ​မျှောင့်​လင့်​ချက်​ ကြီးကြီး ​တွေထားခဲ့မိတာပဲ။ပါးပြင်​​ပေါ် ​ကျလာတဲ့ မျက်​ရည်​တစ်​စက်​ကို ဖယ်​လိုက်​ကာ အတန်းထဲသို့ ဘာမှမဖြစ်​သလိုပင်​ ဝင်​သွားလိုက်​သည်​။

...
နှလူံးသား​တွေတစစီ​ကြေမွသွားသလိုခံစားရသည်​။
နောက်​ဆုံး​တော့ကျွန်​မရဲ့အ​ဝေးဆုံးထွက်​ခွာသွားမည်​တဲ့လား။

သူမရဲ့လက်​ကိုလှမ်းဆုတ်​ကိုင်​ကာ တားမြစ်​ချင်​တယ်​။
တောင်းပန်​ချင်​​နေမိတယ်​။
အရာရာ ကိုအမှန်​တိုင်းဖွင့်​​ပြောချင်​​နေမိတယ်​။
ဒါ​ပေမယ့်​ ​ခြေ​ထောက်​ကိုခဲဆွဲထားသလို ထို​နေရာမှ ထရန်​ပင်​အားအင်​မရှိ အဆက်​မပြတ်​စီးဆင်း​နေ​သော မျက်​ရည်​ ​တွေက ​လှောင်​ရယ်​ပြု​နေသလား။

CULT🍃Место, где живут истории. Откройте их для себя