Part-27

3K 235 23
                                        

အ​တွေး​ပေါင်းစုံကို​တွေ​ဝေစွာ ​ဝေခွဲမရနိုင်​ဖြစ်​​နေသည်​။
မိုင်းရဲ့ ချစ်​တယ်​ဆိုတဲ့စကားကို ကြားလိုက်​ရတဲ့အချိန်​မှာ တကယ်​ကို အသက်​မဲ့သွားသလိုပင်​ဖြစ်​ခဲ့သည်​။

လက်​သီးကိုကျစ်​ကျစ်​ပါ​အောင်​စုတ်​ကာ
"Fighting "ဟု
တိုးတိုး​ရေရွတ်​၍ ​ရေခ်ျိုးခန်းထဲက ထလာလိုက်​သည်​။

အခန်းတံခါးကို အသာအယာဖွင့်​လိုက်​သည်​။
ကျွန်​မ၏င်္ ကုတင်​ထက်​၌​ရောင်​စဉ်​ကအိပ်​​နေသည်​။
မိုင်းရဲ့ ကုတင်​ကိုလှမ်းကြည့်​​တော့မိုင်းမရှိ​နေပါ။

ရုတ်​တရက်​ စိုးရိမ်​စိတ်​​တွေကြီးစိုးလာသည်​။
သူဘယ်​​ရောက်​သွားတာလဲ?
ငါ့ကိုထားသွားပြီလား?ဟု
တွေး​နေရင်း ရင်​ထဲကဝမ်းနည်းစိတ်​​တွေက တလိမ့်​လိမ့်​တက်​လာသလို။ပါးပြင်​ထက်​စီးဆင်းလာ​သော မျက်​ရည်​ ​တွေကိုသုတ်​ကာ အခန်းထဲအနှံ့ မိုင်းကု​လိုက်​ရှာမိသည်​။
မ​တွေ့တဲ့အဆူံးမှာ အိမ်​ဝရံတာမှာ​ရှိ​လောက်​မယ်​ဆိုတဲ့အ​တွေးနဲ့ ​ဝရံတာကို​ပြေးထွက်​လာလိုက်​တယ်။

နောက်​ဆုံး​တော့ သူ့ကို​တွေ့ရပီ။
ကျွန်​မကို​ကျောခိုင်းပြီး ဝရံတာ၌ရပ်​​နေ​သော သူ့ကို ​တွေ့လိုက်​ရမှ ရင်​ထဲကအပူလူံး​တွေကျဆင်းသွားသလို။

သူမ​ကျောပြင်​အားကြည့်​ရင်း အလိုလိုဝမ်းနည်းလာသည်​။
ဘာမှ​တွေးမ​နေ​တော့ပဲ သူမအားအ​နောက်​က​နေ​ပြေးဖက်​လိုက်​သည်​။

"မိုင်း နင်​ငါ့ဆီက​နေထွက်​သွားပြီထင်​တာ"
သူမ​ကျောထက်​မျက်​နှာအပ်​ကာ ငို​ကြွေး​နေမိသည်​။

ဖက်​ထား​သော ကျွန်​မလက်​တစုံအား မိုင်း ဆုတ်​ကိုင်​လာသည်​။
"ငါ​​ပြောခဲ့တဲ့စကား​​တွေကိုနင်​ယုံလား​နေခြည်​"
မိုင်းရဲ့ ​မေးခွန်းကရိုးရှင်းလွန်းပါတယ်​။

"အင်း...ငါယုံပါတယ်​"

"ဒါဆို ငါ​ပြာခဲ့တဲ့စကားအေ​ပ်ါမင်းရဲ့​​​​​​တုံ့ပြန်​မှုက ဘာလဲ"

လေ​ပြေေ​တွက တိုက်​ခက်​​နေသည်​။
ခဏတာတိတ်​ဆိ​တ်​သွား​သော ကျွန်​မနှင့်​သူမ။
ဆောင်း​လေ​အေးများက တုန်​ရီ​နေ​သော ကျွန်​မကို​လောင်​ရယ်​​နေသလို တိုက်​ခတ်​​နေသည်​။

CULT🍃Where stories live. Discover now