Part-9

3.2K 213 5
                                    

"တီး​တောင်​...တီး​တောင်​"
အိမ်​အဝင်​အဝကလူ​ခေါ်ဘဲလ်​​လေးက....​လေးပင်​စွာတီး​နေတဲ့ လက်​​ချောင်းပိုင်​ရှင်​​လေး​ကြောင့်
အသံစာစာ​လေး​တွေထွက်​လာတယ်

"သားကြီး...အိမ်​​ရှေ့ကဘဲလ်​တီးသံကြားတယ်
နင့်​ညီမ​လေးလာပြီထင်​တယ်​\သွားသွား ဖွင့်​​ပေးလိုက်​အုန်း"

အိမ်​ထဲမှာ ​မွေး​နေ့အတွက်​ပြင်​ဆင်​စရာရှိတာ​တွေပြင်​ဆင်​​နေတုန်း~အိမ်​​ရှေ့ကဘဲလ်​တီးသံကြားတာ​ကြောင့်
သမီး​လေးလာပြီဆိုတာ ​​ဒေါ်​ဆွေသိလိုက်​တယ်

"​မေ​မေဖိတ်​ထားတာလား~"
....လင်းညိုမချိုမသာ​သောမျက်​နှာထားနဲ့မေးလိုက်​တယ်
လင်းညိုက~မိုင်းတို့​မောင်​နှမ​တွေအထဲမှာအကြီးဆူံး
မိုင်းအကိုနှစ်​​ယောက်​လုံးကအိမ်​​ထောင်​ကျသွားပြီ
မိုင်းအမက​တော့လူလွတ်​​ပေါ့
လင်းညိုတို့ကအိမ်​​ထောင်​ကျလို့အိမ်​ခွဲ​နေ​ပေမယ့်​ ​မွေး​နေ့ကိုမိုင်း အ​မေ သ​ဘော​ကြောင့်
ဒီအိမ်​မှာလုပ်​ဖြစ်​သွားကြတယ်

"ဟုတ်​တယ်​​လေ~သား​မွေး​နေ့ကို အ​မေညီမ​လေးကိုလာ​အောင်​ဖိတ်​ထားတာ​လေ"

လင်းညို...ဘာမှပြန်​မ​ပြောဘဲ.အိမ်​တံခါးဖွင့်​ဖို့ထို​နေရာက​နေထွက်​လာလိုက်​တယ်

....

မိုင်းမျက်​နှာကိုမြင်​တာနဲ့~လင်းညိုမျက်​နှာကအလိုလိုတည်​​သွားတယ်
"နင်​ဘာလာလုပ်​တာလဲ~မိုင်းသစ္စာ"

"ဘာလာလုပ်​တာလဲဆို​တော့~မိုင်းအိမ်​မိုင်း​~လာတာ​လေ"
စပြီး~ပြသနာက​တော့ ​လို့ မိုင်း စိတ်​ထဲက​နေ​ကြို​တွေးထားလိုက်​တယ်

"နင်​အိမ်​ကိုလာဖို့လို​သေးလို့လား~မ​နေချင်​လို့်ထွက်​သွားတာမဟုတ်​ဘူးလား"
လင်းညို ခနဲတဲ့တဲ့​မေးလိုက်​တယ်

"မ​နေချင်​လို့ထွက်​သွားတယ်​ထင်​တာလား~မိုင်းရဲ့ချစ်​လာစွာ​သောအကိုကြီးလင်းညို
ဟက်​~ဟက်​~.....မ​နေချင်​လို့မဟုတ်​ဘူး
တက္ကသိုလ်​ဆိုတဲ့အရာ​လေးကို​တော့ ဝါဒီမပွားပဲတက်​ချင်​လို့ပါ"
မိုင်း က အသက်​မပါ​သော ရယ်​ခြင်းကိုပြုပြီး~​ပြောလိုက်​တယ်

CULT🍃Donde viven las historias. Descúbrelo ahora