သာယာလှပနေသော မနက်ခင်းတစ်ခုတွင် Shen Wei သည် ထူးဆန်းသည့် အနဲ့တစ်မျိုးကြောင့် လန့်နိုးလာခဲ့ရကာ ထထိုင်လိုက်တော့ ခြုံထားသည့် စောင်မှာလည်း ကွာကျသွားခဲ့သည်။ သူမျက်တောင် ကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ပတ်ဝန်းကျင်ကို ကြည့်မိတော့ ရင်းနှီးသောအခန်း ဒါပေမဲ့ သူ့အခန်းမဟုတ်ပေ။သူပြန်စဉ်းစားကြည့်တော့ မနေ့ညက သူ Yunlan ကို ဖက်တွယ်ထားခဲ့ပြီး အိပ်ပျော်သွားခဲ့တာပဲ။သူရှင်သန်ခဲ့တဲ့ကာလ တစ်လျှောက်တစ်ခါမှ ဒီလိုနှစ်နှစ်ခြိုက်ခြိုက် မအိပ်ပျော်ဖူးခဲ့။ယွင်လန်ရဲ့ နွေးထွေးတဲ့ ခန္ဓာကိုယ်လေးကို ဖက်တွယ်ပြီး သူအိပ်ပျော်သွားခဲ့သည်မှာ ဘာဖိအားမှ မရှိသလိုပင်။အမြဲ ကြီးမားတဲ့တာဝနိဝတ္တရားတွေကြောင့် နှစ်နှစ်ခြိုက်ခြိုက်တစ်ခါမှ မအိပ်ခဲ့ရ။Yunlan ကို တွေ့ပြီးတဲ့နောက် ပိုဆိုးခဲ့သည်။Yunlan ကို စိတ်ပူနေရ ကာကွယ်နေရ တာနဲ့ပဲ အချိန်တွေကို ကုန်ဆုံးခဲ့ရသည်။တစ်ညလုံးမအိပ်ဘဲနှင့်လည်း Yunlan အိပ်ပျော်နေတာကို စောင့်ကြည့်ခဲ့ဖူးသည်။သူအနားမယူ မအိပ်စက်ရလဲ ဘာမှမဖြစ်။ Yunlan အဆင်ပြေနေသရွေ့သူလည်း အဆင်ပြေသည်။ သူက စွမ်းအင်ကြီးမားလှတဲ့ အနက်ရောက်တမန်တော် လည်းဖြစ်သည်။
လူတိုင်းက သူ့ကို အေးစက်တယ် ကြောက်စရာကောင်းတယ် စွမ်းအင် ကြီးမားလှတယ်ဆိုပြီး လေးစားကြောက်ရွံ့ကြကာ ဝေးဝေးက ရှောင်ကြသည်။ Yunlan တစ်ယောက်တည်းကသာ သူ့ကိုနားလည်ပေးကာ မကြောက်မရွံ့ ရှေ့ဆက်တိုးလာခဲ့သူ ဖြစ်သည်။သူ ဘယ်လိုပဲ ဖုံးကွယ် ဘယ်လိုပဲ တားဆီးလည်း Yunlan က ခေါင်းမာစွာနှင့် ရှေ့ဆက်တိုးလာပေးခဲ့သည်။သူတွေဝေ ကြောက်ရွံ့နေတာကိုလည်း နားလည်ပေးကာ သူ့ကို အားပေးရင်း သူ့ဘေးနားမှာ မကြောက်မရွံ့နေပေးခဲ့သည်။ထို့အတွက်ကြောင့် သူ Yunlan ကို ပိုပြီး ချစ်မြတိနိုးခဲ့ရကာ ပျော်လည်း ပျော်ရွှင်ခဲ့ရသည်။ သူ့ဘဝမှာ တစ်ခါလောက်ပဲ ဖြစ်ဖြစ် Yunlan ဘေးနားမှာ နေပြီး ပွင့်လင်းစွာ ချစ်ပေးချင်ခဲ့တာ။ မဖြစ်နိုင်ဘူးလို့ သူထင်ထားခဲ့သော သူ့ရဲ့ဆုတောင်းကို ဖြစ်ခွင့်ပေးခဲ့သည့် Yunlan ကိုလည်း ကျေးဇူးတင်ခဲ့ရသည်။
အခုတော့ သူဘာတွေပဲ ဖြစ်လာဖြစ်လာ သူYunlan အနားမှာပဲ နေတော့မည်။သူနေနိုင်ခွင့် ရှိသလောက်ကို Yunlan နှင့် ပျော်ပျော်ရွှင်ရွှင်နေ့တော့မည်။သူ အတွေးထဲမှာ နှစ်မြုပ်နေမိတာ ထပ်ပြီး ဆူညံသံနှင့် ထူးဆန်းတဲ့ အနဲ့ကြောင့် အသိဝင်လာကာ အသံကြားရသော မီးခိုခန်းထဲသို့ အပြေးလေးဝင်သွားမ်သည်။သူမီးခိုခန်းထဲကို ရောက်တော့ ပါးစပ်အဟောင်းသားပင် ဖြစ်သွားရသည်။ ဒီလောက်တောင် ရှုပ်ပွသွားအောင် Yunlan ဘယ်လိုများ လုပ်လိုက်ပါသည်လဲ။ သူ့အသံကြားလို့ ထင်သည် Yunlan နောက်ကို လှ့ည့်ကြည့်လာခဲ့သည်ကြောင်အနေတဲ့ သူ့ကို မြင်တော့ ပါးချိုင့်လေးနှစ်ဖက် ပေါ်သည်အထိ ပြုံးပြလာကာ "...morning ... မင်းနိုးပြီလား ကိုယ်မင်းအတွက် မနက်စာလုပ်ပေးနေတာ ဒါပေမဲ့ ခက်တာကို ကိုယ်က ခေါက်ဆွဲပြုတ်က လွှဲရင် ဘာမှမလုပ်တတ်ဘူး အဲဒါနဲ့ ဒီလို ဖြစ်သွားတာ ..." ဟု ရှက်ကိုးရှက်ကန်းပြောလသည်။သူ တစ်ချက်ပြုံးလိုက်မိပြီး မင်းဘာတွေပဲ လုပ်ပေး လုပ်ပေး ကိုယ်စားနိုင်ပါတယ် အခုလို မနက်တိုင်း မင်းနဲ့ အတူ နိုးထခွင့်ရရင်ကိုပဲ ကိုယ့်အတွက် လုံလောက်နေပါပြီဟု တွေးလိုက်မိကာ "..ထားလိုက်တော့လေ ကိုယ်ဆက်လုပ်လိုက်မယ် ...မင်း သက်သာသွားပြီလား Yunlan ..." မေးလိုက်တော့ မချိုမချဉ် အပြုံးလေးနှင့် လက်ကာပြကာ ခေါင်းညိတ်ပြသည်။ သူ ချစ်မြတ်နိုးစွာ စိုက်ကြည့်မိလျက် မနက်စာ အတွက် သူပြင်ဆင်ပေးလိုက်သည်။ သူတို့ မနက်စာ စားပြီးတော့ ဖုန်းဝင်လာကာ ဆေးရုံမှာ အမှုပေါ်လို့ သွားရမယ်ပြောလာသည်။ သူဒီနေ့ အတန်းမရှိ ပြီးတော့ Yunlan ကို သူစိတ်မချ မနေ့ကပဲ Yunlan နေမကောင်းဖြစ်ထားတာ အဲဒါနဲ့ သူပါလိုက်မည်ဆိုတော့ အပြုံးကြီးကြီး ပေးလာကာ အရမ်းကောင်းတာပေါ့လို့ ပြောလာသည်။ တစ်ခါတစ်လေတော့လည်း သူ Yunlan ကို မယုံရဲ။ သူစောင့်ကြည့်လာတဲ့ ဘဝ ပေါင်း အများကြီးမှာ ဒီအချိန်လေးပဲ Yunlan သူ့အပေါ် ခံစားချက်ရှိလာတာ ဒါပေမဲ့ သူကြောက်မိတာက ဒီအချိန်လေးဟာ ခဏတာပဲ ဖြစ်သွားမှာကိုပင်။ သူ့အတွက်က တော့ နှစ်ပေါင်းမြောက်မြားစွာ ချစ်ခဲ့ရသည့် အတွက် ဟန်ဆောင်ပြီး သူ့အပေါ် ကောင်းပေးခဲ့ရင်တောင် ကျေနပ်နိုင်ပါသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူ့အနားမှာ နေခွင့်လေးပေးသော Yunlan ကို သူ ကျေးဇူးတင်နေပြီမဟုတ်ပါလား။
တစ်နေ့လုံး အလုပ်များနေကြတာ လူစွန့်စားလုပ်နေသော Yunlan ကို လိုက်ကာကွယ်နေရသည်။ နဂိုတည်းက မိုက်ရူးရဲဆန်လွန်းပြီး စွန့်စားတတ်သည့် Yunlan ဟာ သူ့ဘေးမှာ စွမ်းအားကြီးမားတဲ့ အနက်ရောင် တမန်တော် ပါတယ် ဆိုပြီး ပိုပြီးတောင် မိုက်ရူးရဲ ဆန်နေသလိုပင်။ နောက်ဆုံး သူမနေနိုင်လို့ ပြောမိတော့ " ...မင်းပါတာပဲ ဘာကြောက်စရာမှ မလိုဘူး ..." လို့ပြောကာ အန္တရာယ် ကြားထဲကို ပျော်ပျော်ကြီးကို တိုးဝင်နေတော့သည်။ သူလည်း ပြောစရာ စကားမရှိကာ အနောက်ကနေပဲ လိုက်ကာကွယ်နေရတော့သည်။
အချိန်တွေက အကုန်မြန်လာကာ ညနေလေးနာရီကို ရောက်တော့ သူတို့လိုက်နေတဲ့ အမှုလည်း ပြီးဆုံးသလောက် ဖြစ်လာသည်။ သူ SID က လူတွေကို လည်းတွေ့တော့ သူ " ...မင်း အလုပ်ဆက်လုပ်လိုက်လေ..ကိုယ် သွားတော့မယ်..."
ပြောကာ ထွက်သွားဖို့လုပ်တော့ Yunlan က သူ့ကို ဖမ်းဆွဲကာ " ... ဟင် ...သွားခွင့်မပြုပါဘူး တကယ်လို့ မင်းစိတ်ပြောင်းသွားလို့ မင်းပျောက်သွားခဲ့ရင် ကိုယ်က ဘယ်လို လိုက်ရှာနိုင်မှာလဲ.." ဟု ပြောကာ သူ့ကို ချွဲနွဲ့လာသည်။
![](https://img.wattpad.com/cover/158878166-288-k441745.jpg)
DU LIEST GERADE
Guardian (feeling of Shen Wei ) Fanfiction
FanfictionGuardian series ထဲက Shen Wei ရဲ့ ခံစားချက်လေးတွေ ချရေးမိတာပါ သာသာ အလွန်ကြိုက်တဲ့ Shen Wei character လေးကို ခံစားပြီး ရေးထားတာပါ သာသာ ရဲ့ Shen Wei အပေါ်မှာ ရူးသွပ်မှုတွေကြောင့် ဒီ Fiction လေးကို ရေးလိုက်မိတာ ဖြစ်ပါတယ် တစ်စုံတစ်ရာ များ စာဖတ်သူလေးတို့ မ...