သာယာလှပတဲ့ နေ့လေးတစ်နေ့ နဂါးသက္ကသိုလ်မှာ သူ့ရဲ့ တကယ့် အစစ်အမှန် ပုံရိပ်ကို ဖုန်းကွယ်ပြီး ဆရာအဖြစ် လုပ်ကိုင်နေတဲ့ Shen Wei ဆိုတဲ့ လူတစ်ယောက်ရှိနေခဲ့ပါတယ်။ အင်း သူ့ကိုယ်သူ လူသားလို့လဲပြောမရဘူးပေါ့ သူ အသက်ရှင်သန်နေခဲ့တာ ကြာလွန်းနေလှပြီ။ နှစ်ပေါင်း ဘယ်လောက်များ သူရှင်သန်နေခဲ့တယ်ဆိုတာလဲ သူမမှတ်မိတော့။ဒီပုံစံလေးအတိုင်းပဲ အသက်လည်းကြီးမသွား အိုမင်းလည်း မသွားဘဲ သူနဲ့ လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုံးက ကတိထားခဲ့တဲ့ လူ တစ်ယောက်ကို ဘဝပေါင်း မြောက်မြားစွာ နှစ်ပေါင်းမြောက်မြားစွာ စောင့် ကြည့်ပြီး သူ အသက်ရှင်သန်နေခဲ့တာ ထိုသူက သူ့ဘဝရဲ့ အဓိပ္ပါယ် သူ့ဘဝရဲ့ အရာအားလုံးပါပဲ။ထိုသူရဲ့ နောက်ကွယ်လေးမှာ ထိုလူ ဖြတ်သန်းလာခဲ့တဲ့ဘဝ အလျှောက်လျှောက်ကို စောင့်ကြည့်ရင်း သူ့ အချိန်တွေကို ကုန်ဆုံးခဲ့ပါတယ်။ သူ့ရဲ့ အစစ်အမှန် ပုံစံဖြစ်တဲ့ တိရှင်းလူသား အနက်ရောင်တမန်တော် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့လဲ သူရှင်သန်နေထိုင်နေပါသေးတယ်။ဟုတ်တယ် သူက စွမ်းအင်ကြီးမားလှတဲ့ ကြောက်စရာကောင်းလှတဲ့ တိရှင်းလသား အနက်ရောင်တမန်တော် ဖြစ်နေပါသေးတယ်။ပြစ်မှုကျူးလွန်တဲ့ တိရှင်းလူသားတွေကို ဖမ်းဆီးထိမ်းသိမ်းပြီး ကမ္ဘာမြေပေါ်က သာမန်လူသားတွေကို ကာကွယ်ပေးတဲ့ တာဝန်ကြီးကိုလည်း သူထမ်းဆောင်နေကာ တိရှင်းလူသားအားလုံးက သူ့ကို ဖိန့်ဖိန့်တုန်အောင် ကြောက်ကြပါတယ်။သူ နဲ့ အပြင် ကမ္ဘာမြေပေါ်က သာမန်လူကြီးတွေ နဲ့ ပူးပေါင်းပြီး SID လို့ ခေါ်တဲ့ အထူးစုံစမ်စစ်ဆေးရေးအဖွဲ့ကို တည်ထောင်ထားကာ ထို အဖွဲ့က ပုံမှန်မဟုတ်တဲ့ အထူးသဖြင့် တိရှင်းလူသားတွေနဲ့ ပက်သက်တဲ့ အမှုကိစ္စမျိုးတွေကိုပဲ ကိုင်တွယ်ဖြေရှင်းတဲ့ အဖွဲ့မျိုး ဖြစ်ပါတယ်။ဒါပေါ့လေ ဟိုးကနဦးအစက တည်ထောင်ခဲ့ပြီး သူနဲ့ အတူ ပူးပေါင်းခဲ့တဲ့ လူကြီးမင်းတွေကတော့ သေဆုံးကုန်ခဲ့ကာ သူကတော့ ထိုပုံစံအတိုင်း ဆက်လက်ရှင်သန်နေဆဲပါပဲ။
နောက်ပိုင်း ကြာလာတော့ SID က လူတွေသာ တစ်ယောက်ပြီး တစ်ယောက် ပြောင်းလဲလာကြပေမဲ့ သူကတော့ တိရှင်းဘက်က တစ်ယောက်သော သူ ဖြစ်ဆဲပါပဲ။ထိုသို့နေထိုင်လာခဲ့တာအခု သက္ကရာဇ်ကို ရောက်ရှိလာခဲ့တဲ့ အထိပါပဲ။လိုအပ်တဲ့ အချိန် သွားကာ ကျန်တဲ့ အချိန်ဆို သာမန် တက္ကသိုလ် ဆရာလေး အဖြစ် သူ့ဘဝကို ဖြတ်သန်းပြီး သူ နှလုံးသားထဲက လူတစ်ယောက်ကို စောင့်ကြည့်ရင်းနဲ့ပဲ သူအေးဆေးတည်ငြိမ်စွာ ဖြတိသန်းနေဆဲ။သူ့အတွက်ကတော့ ဒါမျိုးလေးက လုံလောက်သည်ထက် ပိုသာနေပြီပဲမလား။သာယာလှတဲ့ နေရောင်ခြည်အောက်မှာ ရှင်သန်နေထိုင်ခွင့် ရပြီး သူချစ်မြတ်နိုးရတဲ့ လူတစ်ယောက်ကို စောင့်ကြည့်နေခွင့်ရခြင်းက သူ့အတွက်တော့ အတိုင်းထက်အလွန် ကျေနပ်ပျော်ရွှင်စရာပဲ ဖြစ်နေခဲ့သည်။သူ ကျေနပ်နိုင်ပါတယ် ထိုကဲ့သို့ နေခွင့်လေးနဲ့ပဲ သူ ပျော်ရွှင်နေနိုင်ပါတယ်။တစ်ခါတစ်လေတော့လည်း သူလောဘကြီးလာတတ်ကာ ထိုသူရဲ့နွေးထွေးမှုလေးကို တစ်ခါလောက် လေးပဲ ပြန်ခံစားချင်တဲ့ စိတိမျိုးတွေ ဖြစ်လာတတ်ပေမဲ့ သူ အစွမ်းကုန် ကိုယ့်ကိုကိုယ် ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ထိုကဲ့သို့ အချိန်မျိုးမှာတော့ ထိုသူမသိအောင် တိတ်တိတ်လေးသွားစောင့်ကြည့်တတ်ပြီး သူကျေနပ်တဲ့ အချိန်မှာတော့ တိတ်တိတ်လေးပြန်လာခဲ့ကာ သူ့ပုံမှန် အခြေအနေအတိုင်း နေမြဲသာ။
ČTEŠ
Guardian (feeling of Shen Wei ) Fanfiction
FanfikceGuardian series ထဲက Shen Wei ရဲ့ ခံစားချက်လေးတွေ ချရေးမိတာပါ သာသာ အလွန်ကြိုက်တဲ့ Shen Wei character လေးကို ခံစားပြီး ရေးထားတာပါ သာသာ ရဲ့ Shen Wei အပေါ်မှာ ရူးသွပ်မှုတွေကြောင့် ဒီ Fiction လေးကို ရေးလိုက်မိတာ ဖြစ်ပါတယ် တစ်စုံတစ်ရာ များ စာဖတ်သူလေးတို့ မ...