ရှည်လျားလှတဲ့ နေ့တာ ကုန်ဆုံးအပြီးမှာ Shen Wei လည်း အလုပ်ပြီးပြီဖို့ အိမ်ပြန်ဖို့ ပြင်ဆင်နေခဲ့သည်။ Yunlan အဆက်အသွယ် မလုပ်သည့် နေ့တာတွေက ပုံမှန်ထက် ရှည်ကြာနေသယောင်။ Yunlan စိတ်ဆိုးနေသညိကို နားလည်သော်လည်း သူ့ရင်ထဲမှာတော့ အရမ်းနာကျင်နေခဲ့သည်။ ထိုစဉ် သူ့အိပ်ကပ်ထဲမှ ဖုန်းမြည်သံလေး ကြားလိုက်ရသည်။ သူ ရုတ်တရက် ဆတ်ခနဲ ဖြစ်သွားကာ မျော်လင့်မိသည်မှာ Yunlan ဆီက ဖြစ်ဖို့ပင်။ နောက်ဆုံး သူ့မျှော်လင့်ချက်တို့ ဖြစ်လာခဲ့တဲ့ အခါမှာတော့ တုန်ခါနေသော လက်တို့ဖြင့် ဖုန်းကို ဖြေလိုက်လေသည်။ သူ့ရင်ထဲမှာလည်း အရမ်းပဲ ပျော်ရွှင်နေမိကာ Yunlan သူ့ဆီ ဖုန်းခေါ်တယ် ။လတစ်ဝက်လောက် ကြာပြီးမှလေ မယုံရဲ ယုံရဲနှင့် " Yunlan ..."
သူ့အသံတို့သည်လည်း တုန်ခါနေခဲ့သည်။
" Professor Shen... ကျွန်တော် လောင်ချူပါ ... ကျောက်ခေါင်းဆောင် အရက်နာကျပြီး အခုနေမကောင်းဖြစ်နေလို့ လာခေါ်ပေးနိုင်မလားလို့ပါ..."
နေမကောင်းဖြစ်နေတယ် ... သူ့နှလုံးသားတွေ ရပ်တန့်သွားသလိုပင်။ သူ စိုးရိမ်တကြီးဖြစ်သွားကာ " ကျွန်တော် အခုလာခဲ့မယ် ... ခဏလောက် သူ့ကို စောင့်ရှောက်ပေးထားလို့ ရမလား .. ကျေးဇူးတင်ပါတယ်..." သူချက်ချင်း အပြေးသွားလိုက်သည်။ တစ်လမ်းလုံးလည်း အရမ်းစိုးရိမ်နေခဲ့သည်။
သူ SID သို့ ရောက်ရှိသွားတော့ တံခါးခေါက်လိုက်ခါ ကျွန်တော် Shen Wei ပါ ပြောလို့ပင် မပြီးသေး တံခါးပွင့်လာကာ နွေးထွေးလှတဲ့ ခန္တာကိုယ်လေး သူ့ရင်ခွင်ထဲကို ပစ်ဝင်လာခဲ့သည်။ကြည့်ရသည်မှာ အထဲထဲက တွန်းထုတ်လိုက်သလိုပင်။ သူ အဲဒီခန္တာကိုယ်လေးကို မလွှတ်ချင် ဒါပေမဲ့ Yunlan က အတင်းရုန်းထွက်နေကာ သူ့မျက်နှာကို လုံးဝ မကြည့်ပေ။ Yunlan အရမ်း စိတ်ဆိုးနေကာ အထဲက လူတွေကိုလည်း ကျိန်ဆဲနေတာကိုလည်း သူတွေ့နေရကာ သူ ပြုံးမိလျက် Yunlan ကိုယ်လေးကို အတင်းဆွဲဖက်လိုက်ကာ အိမ်ပြန်ဖို့ ပြင်ဆင်လိုက်သည်။Yunlan ကတော့ မတ်မတ်တောင် ကောင်းကောင်းမရပ်နိုင်သူ အထဲက လူတွေကိုလည်းကျေးဇူးတင်လျက် သူ တို့ အပြင်ထွက်လာခဲ့သည်။ကားနားရောက်လို့ သူ Yunlan ကို ကားသော့ပေးလို့ ပြောလိုက်ကာ Yunlan ကို ထိန်းကိုင်ပေးကာ ကားထိုင်ခုံတွင် နေရာချပေးလိုက်တယ် Yunlan ကတော့ မျက်လုံးကို အတင်းမှိတ်ထားကာ သူ့ကို တစ်ချက်လေးတောင် မကြည့်။ အဲလောက်တောင်ပဲလား Yunlan ရယ် ကိုယ် မင်းကောင်းဖို့ အတွက် ဖုန်းကွယ်ထားမိတာပါ သူ အရမ်းနာကျင်ခဲ့မိတာ ဒါပေမဲ့လည်း သူ Yunlan ကို ဂရုမစိုက်ပဲ မနေနိုင် ။ သူ Yunlan ကို နေရာချ ခါးပတ် ပတ်ပေးကာ အိမ်ပြန်ဖို့ ပြင်ဆင်လိုက်သည်။
အိမ် ကို ရောက်တော့ သူYunlan ကို အိပ်ရာ ပေါ် မှာ နေရာချပေးကာ ရေပတ်တိုက်ပေးဖို့ ရေစို ဝတ်လေး သူ သွားယူခဲ့ကာ ပြန်လာတော့ Yunlan က အိပ်ပျော်နေပြီ။ သူ အိပ်ပျော်နေတဲ့ Yunlan ကို စိုက်ကြည့်နေမိသည်။ သူ ထိန်းချုပ်ထားတာ ကြာလှတဲ့ သူ့စိတ်ရိုင်းတွေက နိုးကြွလာကာ Yunlan ကို ထိတွေ့မိချင်သည်။ တစ်ခါလေးပဲ ဖြစ်ဖြစ် ဒီ နွေးထွေးလှတဲ့ ခန္တာကိုယ်လေးကို ပွေ့ဖက်ကာ အနမ်းများ ပေးချင်မိသည်။ သူ Yunlan ရဲ့ နှုတ်ခမ်းများကို စိုက်ကြည့်မေိကာ သူ့စိတ်ကို သူ့ထိန်းချုပ်မရနိုင်ခဲ့ ။ သူ တဖြည်းဖြည်းနှင့် ခေါင်းငုံ့လာမိကာ သူ့စိတ်ထဲမှာလည်း Yunlan နှုတ်ခမ်းလေးက လွဲပြီး ဘာမှ မရှိ နောက်ဆုံးတော့ သူ Yunlan နှုတ်ခမ်းလေး ကို ညှင်သာစွာ နမ်းရှုံ့လိုက်မိသည်။ အခု အချိန်အတွင်း သူ အရမ်းပဲ ပျော်ရွှင်မိကာ သူဟာ လူသား တစ်ယောက် အဖြစ် ခံစားလိုက်ရသည်။ ချစ်မြတ်နိုးရသော လူတစ်ယောက်ကို နမ်းရသည်မှာ ဒီလောက်တောင် ကြည်နူး ပျော်ရွှင်ရသလား သူ တစ်ခါမှ မသိခဲ့ အမြဲ သူ့ ခံစားချက်များကို ဖုန်းကွယ်နေရတာ နှလုံးသားမရှိသော ကျောက်ရုပ်ကြီး တစ်ရုပ်လိုပင် အခု အချိန် သူ့အသက်ဆုံးရှုံးသွားရမည် ဆိုရင်တောင် သူ နောင်တ မရှိ သေဆုံးပေးနိုင်သည်။
သူ ကြည်နူးမှုထဲ နစ်မြုပ်နေစဉ် Yunlan ဆီက ရုတ်တရက် လှုပ်ရှားမှု ဖြစ်လာပြီး သူ့ကို ဆွဲဖက်ကာ အိပ်ရာပေါ်သို့ လှဲချပြီး သူ့ ခန္တာကိုယ်ကို ဖိထားခဲ့သည်။ Yunlan မျက်လုံးများက တောက်ပနေလျက် အသက်ရှုစဉ် အရက်နံ့ ရနေသော်လည်း သူ့ကို စိုက်ကြည့်နေကာ " မင်း ဘာလုပ်နေတာလဲ အနက်ရောင်တမန်တော် .." မေးတာကြားလိုက်ရသည်။ သူ ရှက်ရွံ့သွားသည်မှာ ပြောစရာ စကားတောင် မရှိ ။ Yunlan အိပ်နေခဲ့တာ မဟုတ်ဘူးလား ဒါဆို Yunlan အကုန်သိနေတာပေါ့ သူ ထွက်ပြေးချင်မိကာ Yunlan ရင်ခွင်ထဲက ရုန်းကန်နေမိသည်။ ဒါပေမဲ့ Yunlan က အလွတ်မပေး ပိုရ်ျပင် တင်းကြပ်စွာ ဖက်ထားကာ သူ့နှုတ်ခမ်းနားကို ကပ်ကာ တီးတိုးပြောလာသည်။ " မင်း နမ်းတာက professional မဆန်ဘူးနော်..." ဟု ပြောကာ သူ့ကို အတင်း နမ်းရှုံ့နေလေသည်။ အိုးးးး Yunlan က အနမ်းတွေမှာ ကျွမ်းကျင်လိုက်တာ သူ လုံးဝ အသိစိတ် လွတ်သွားကာ တုံ့ပြန်နမ်းခေဲ့သည်။ အကြာကြီး နမ်းနေခဲ့တာ သူ့တို့ရဲ့ ခန္တာကိုယ်တွေဟာလည်း ကြားလေတောင် တိုက်ခတ်မရ ။ နောက်ဆုံး အသက်မရှုနိုင်တော့ဘူးလို့ ခံစားရတော့မှ Yunlan က ခေါင်းမော့လိုက်ကာ သူ့နှာခေါင်းနားမှာ ကပ်ပြီး " ဒါမှ ကျွမ်းကျင်အနမ်း လို့ ခေါ်တယ် Shen Wei .." လို့ ပြောတာ ကြားလိုက်ရသည်။ သူ့အသက်မရှုနိုင် သူ့ခံစားချက်တွေကို ထိန်းနေတုန်း Yunlan ဆီက တီးတိုးသံလေးကို ကြားလိုက်ရသည် ။ ". မင်း ဘာတွေကို ကြောက်နေတာလဲ.." သူ အသိစိတ်ဝင်လာကာ သူ့ကိုယ်ပေါ်က Yunlan ကို တွန်းဖယ်ပြီး ထထိုင်လိုက်သည်။ Yunlan ရဲ့ သက်ပြင်းချသံလေးကို ကြားလိုက်ရကာ " မင်းကို မင်းကြည့်ပါအုံးး အဲဒီလောက်တောင် ကြိုးစားထိန်းချုပ်နေရ သလား မင်း ကိုယ့်ကို ချစ်တယ် မလား အခု အချိန်က စပြီးဘာလို့ ထိန်းချုပ်ထားမှာလဲ ဘာလို့လဲ ကိုယ်က လူသား မို့လို့လား ကိုယ်က တစ်ချိန်သေဆုံးသွားပြီး သရဲ ဖြစ်ရင် ဖြစ်သွားမှာလေ..." သေဆုံးမှာ... ဟင့်အင်းး မဖြစ်ရဘူး မကြားချင်ဘူးး သူ Yunlan ရဲ့ နူတ်ခမ်းများကို သူ့လက်များနှင့် ပိတ်လိုက်မိသည်။ သူတို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် အကြာကြီး ကြည့်နေမိသည်။ သူ ခေါင်းကိုလည်း ယမ်းခါလိုက်မိသည်။ အဲလို မပြောပါနဲ့ သူကာကွယ်မှာ Yunlan က သက်ပြင်းချလိုက်ပြီး အိပ်ရာပေါ်က ထရန် ကြိုးစားလိုက်သည်။ ဒါပေမဲ့ လမ်းတစ်ဝက်မှာပင် လဲပြိုသွားပြီး သူ လှမ်းထိန်းလိုက်သော်လည်း Yunlan က အိပ်ရာဘေးသို့ လဲကျသွားခဲ့သည်။သူ တွဲထူပေးရန် ကြိုးစားလိုက်သော်လည်း Yunlan က သူ့ကို လက်ကာပြလိုက်ခါ အိပ်ရာဘေးနားက အံဆွဲထဲက စာခေါက်တစ်ခု ကို ထုတ်ယူကာ သူ့ကို ပေးလိုက်သည်။ "ဖွင့်လိုက် .." သူလည်း ဖွင့်ကြည့်လိုက်မိသည်။ အိမ်စာချုပ် Yunlan လက်မှတ်နှင့် သူ့တက္ကသိုလ်နှင့် အရမ်းနီးတဲ့ နေရာမှာ သူ ကြောင်အသွားမိကာ Yunlan ကို့ ကြည့်လိုက်မိသည်။ Yunlan ကတော့ စီးကရက် ကို ထုတ်ကာ မီးညှိလျက် သောက်နေသည်။
" အဲဒီ အိမ်က ကိုယ်တို့ တောင်ပေါ်ကို မသွားခင် ဝယ်လိုက်တာ မင်းရဲ့ အလုပ်နဲ့လည်း နီးတယ်လေ ကိုယ့်အလုပ်နေရာကို တောင် အဲအိမ်နဲ့ နီးတဲ့ နေရာကို ရွှေ့မလို့ ကိုယ်တို့နှစ်ယောက်အတွက် ဝယ်လိုက်တာ မင်းနဲ့ အတူ ရှိနေချင်လို့လေ ဘယ်သူသိမှာလဲ မင်းက မင်းဘယ်သွားချင်ချင် မျက်တောင် တစ်ခတ် အတွင်းသွားလို့ ရတဲ့ အနက်ရောင် တမန်တော် ဖြစ်နေမယ်လို့ ကိုယ်အရူးလုပ်ခံလိုက်ရတယ် မင်းအရမ်းရက်စက်တာပဲ Shen Wei .." လို့ Yunlan ဆီက နာကျင်စွာ တီးတိုးပြောသံလေးကို ကြားလိုက်ရသည်။
Yunlan အိမ်ဝယ်လိုက်တယ် သူ့အလုပ်နဲ့ နီးတဲ့နေရာမှာလေ သူ ဝမ်းနည်းဝမ်းသာဖြစ်လာကာ စာရွက်ကို ကိုင်ထားသော လက်များမှာလည်း တုန်ခါလာခဲ့သည်။ Yunlan က သူ့ကို တကယ် ခံစားချက်ရှိတာပေါ့ သူ့ ထားရှိခဲ့တဲ့ မေတ္တာတွေ ရောင်ပြန်ဟပ်လာတာလား ဒါပေမဲ့ သူက တိရှင်းလူသားလေ ဘယ်လို Yunlan နဲ့ ယှဉ်တွဲပြီး အတူနေနိုင်မလဲ ။ Yunlan ကို အန္တရာယ်တွေ ပေးမိလိမ့်မယ် ။ သူ့မှာ ရန်သူတွေ အများကြီး လူတွေ အများကြီးက သူ့အသက်ကို လိုချင်ကြတာ Yunlan ပါ အန္တရာယ် ရှိလာလိမ့်မယ် ။ ဟင့်အင်း အဲလို မဖြစ်စေရဘူး သူသေရင် သေသွားပါစေ Yunlan လုံးဝ အန္တရာယ် မဖြစ်စေရဘူး ။သူ ခေါင်းကို မော့လိုက်ကာ Yunlan ကို စိုက်ကြည့်နေမိသည်။ Yunlan ကလည်း သူ့ကို ပြနိလည် စိုက်ကြည့်နေသည်။ သူ Yunlan ကြောင့် အသက်ရှင်နေတာ သူ့ကို စောင့်ကြည်နေရင်းပဲ အသက်ရှင်နေတာ ဒီအခြေအနေကို ရှေ့ဆက်တိုးလို့ မဖြစ်ဘူး ။ Yunlan က သူတွေးနေတာကို သဘောပေါက်ကာ အိပ်ရာပေါ်မှ ပြီး သူ့ဆီလျှောက်လာကာ သူ့ကို တင်းကြပ်စွာ ဖက်ထားလိုက်သည်။ သူ့နားနားကပ်ကာ အိမ်ပြန်လာပါလား လို့ တီးတိုးပြောလိုက်တာကို သူကြားလိုက်ရတယ် ။ သူ့ ခန္တာကိုယ် တုန်ခါသွားတာကြောင့် Yunlan က သူ့ကို ပုခုံးမှ ကိုင်ကာ စိုက်ကြည့်နေခဲ့သည်။ သူ တိုးတိုးလေး ပြောလိုက်မိတယ် " ကိုယ်က ကံမကောင်းတတ်ဘူး ကိုယ့်ကြောင့် မင်း ထိခိုက်လိမ့်မယ် .."
Yunlan က သူ့ကို စိုက်ကြည့်ရ်ျ ပြုံးလိုက်ကာ "ကောင်းပြီလေ မင်းဒီလောက်ငြင်းပယ်နေမှတော့ ကိုယ် မိန်းကလေး တစ်ယောက်ကို လက်ထပ်လိုက်ရင် မင်းအတွက် ပိုမကောင်းဘူးလား .."
သူ တုန်ခါသွားကာ အနောက်သို့ပင် ယိုင်သွားပြီး မယုံနိုင်သည့် မျက်လုံးများဖြင့် Yunlan ကို စိုက်ကြည့်မိကာ လက်ထပ်မယ် သူကလေ နောက်ဆုံး သူ နာကျင်စွာဖြင့် Yunlan ကို ကြည့်ကာ " ဘာကြောင့်များ အဲလို ကိုယ့်ကို ဖိအားပေးနေရတာလဲ Yunlan ရယ် .." နာကျင်စွာ ပြောလိုက်မိသည်။
Yunlan ရဲ့ အပြုံးက ချက်ချင်းပျောက်သွားကာ နာကျင်နေသည့် သူ့ကို ကြည့်ကာ " sorry .." လို့ ပြောလာသည်။ သူဒီတိုင်း နာကျင်စွာ ရပ်နေမိသည်။
Yunlan က အိပ်ရာဘက်သို့ ပြန်လည်လျှောက်သွားကာ မျက်ရိုးတွေ ကို နှိပ်လျက် " ကိုယ့် မှာ အခြားပစ္စည်းတွေ ရှိတယ် ဒါပေမဲ့ မင်းလိုချင်မှာ မဟုတ်ဘူး အဲဒါကြောင့် နောက်ဆုံး တစ်ခုပဲ ရှိတယ် ... မင်းကိုမှ ချစ်မိနေတဲ့ ကိုယ့်နှလုံးသား အဲဒါကို မင်းလိုချင်ရင် ဖမ်းဆုပ်ထားပါ မလိုချင်ရင်တော့ မေ့ပစ်လိုက်တော့.." လို့ ပြောလာသည်။
ဒီစကားစု တူညီနေသည့် ဒီစကားစု လွန်ခဲ့သည့် နှစ်တစ်သောင်းတုန်းက လည်း ကြားခဲ့ရတဲ့ စကားစု ပြီးတော့ သူ့ကို ထားသွားခဲ့တယ် အခု ရော သူ ထပ်ပြီး အထားခံရအုံးမှာလား ။ ဟင့်အင်း လက်မခံန်ုင်ဘူး ဒီတစ်ခါတော့ သူဖမ်းဆုပ်ထားလိုက်တော့မယ် နောင်ဘာတွေ ပဲ ဖြစ်ဖြစ် လုံးဝ လက်မလွှတ်တော့ဘူး သေချာတယ် သူလုံးဝ လက်မလွှတ်တော့ဘူး။ သူ Yunlan ရှိရာကို လျှောက်သွားကာ တင်းကြပ်စွာ ဖက်လိုက်ပြီး ခိုင်မာစွာ ဆုံးဖြတ်လိုက်တယ် ။ သူ တင်းကြပ်စွာ ဖက်ထားပြီး Yunlan ကို တိုးတိုးလေးပြောလိုက်တယ် ။ " ကိုယ် ဖမ်းဆုပ်ထားမယ် ဘယ်တော့မှ လက်မလွှတ်တော့ဘူး ကိုယ့်ရဲ့ Yunlan .." လို့ ပြောကာ သူ တင်းကြပ်စွာ ဖက်ထားလိုက်တော့သည်။။။*******
ဟီဟီ... သာသာရဲ့ အရူးထမိခြင်း ... Shen Wei ကို ချစ်လွန်းလို့ ခံစားပြီး feel လိုက်ကာ ရေးလိုက်မိတာ ဖြစ်ပါတယ် ... လိုအပ်တာများရှိရင် အကြံညဏ်များ ပေးနိုင်ပါသည်နော် ...
ESTÁS LEYENDO
Guardian (feeling of Shen Wei ) Fanfiction
FanficGuardian series ထဲက Shen Wei ရဲ့ ခံစားချက်လေးတွေ ချရေးမိတာပါ သာသာ အလွန်ကြိုက်တဲ့ Shen Wei character လေးကို ခံစားပြီး ရေးထားတာပါ သာသာ ရဲ့ Shen Wei အပေါ်မှာ ရူးသွပ်မှုတွေကြောင့် ဒီ Fiction လေးကို ရေးလိုက်မိတာ ဖြစ်ပါတယ် တစ်စုံတစ်ရာ များ စာဖတ်သူလေးတို့ မ...