နဂါးမြို့တော် တက္ကသိုလ် ဆရာများ အဆောင်ရှိ သူဧ။် ရုံးခန်းတွင် Shen Wei ထိုင်ကာ ဖုန်းကို စိုက်ကြည့်နေမ်သည် ။ တိတ်ဆိတ်နေသော ရုံးခန်း အတွင်း မည်သံထွက်မလာသော ဖုန်းကို စိုက်ကြည့်နေသော Shen Wei ဧ။် စိတ်အခြေအနေမှာလဲ အောက်ဆုံးအထိ ကျဆင်းနေကာ အခန်းအတွင်းဠ် အေးစိမ့်နေသော ခံစားချက်ကို ရနေသည့်အထိပေ။
နဂါးမြို့ အနောက်မြောက်ဘက် တောင်တွေဆီက ပြန်လာကတည်းက Zhao Yun LAN အဆက် အသွယ် မလုပ်သည်မှာ လတစ်ဝက်ပင်ရှိခဲ့ပြီ ။နောက်ဆုံးတွေ့ခဲ့ရသည်မှာလဲ ဆေးရုံအဆင်း Yun Lan ပြန်ပို့ပေးပြီးထဲကပင် ။ Yun lan သူ့ကို စိတ်ဆိုးနေသည်ကို နားလည်သော်လည်း ရင်ထဲမှာတော့ အရမ်းနာကျင်မိသည် ။ Yun lan ပြောခဲ့သလို သူ့ကို ကစားခဲ့ခြင်းမဟုတ် ရက်စက်ခဲ့ခြင်းလည်း မဟုတ်ပေ။ ဒီအနက်ရောင်တမန်တော် ဆိုသည့် ဘွဲ့ထူးကို လည်း သူလိုချင်ခဲ့ခြင်း မဟုတ် ။ သူရှင်သန်ခဲ့သည့် ကာလတလျှောက် ပြင်းပြင်းပြပြ လိုချင်မိသည်ကလည်း သူချစ်မြတ်နိုးရသည့် Kunlun နှင့် ပြန်တွေ့ဆုံနိုင်ဖို့ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းလောက်က တွေ့ဆုံခဲ့ရပြီး ခွဲခွာခဲ့ရသော Kunlun ကို သူရှာဖွေခဲ့တာ ကြာခဲ့ပြီမဟုတ်ပါလား ။
နောက်ဆုံး Kunlun နှင့် တူတဲ့ Yun lan ကို တွေ့ခဲ့ရသော်လည်း Yun lan က guardian leader ဖြစ်နေပြီး သူက အနက်ရောင် တမန်တော် ဖြစ်နေပြန်သည် ။ စတွေ့တည်းက နောက်ကွယ်ကနေ လိုက်စောင့်ရှောက်ပေးနေသော်လည်း Yun lan သည် တစ်ဇွတ်ထိုး တစ်ဇောက်ကန်း အန္တရယ် ထဲကို မျက်စိစုံမှတ်ပြီး တိုးဝင်တတ်သူ ဖြစ်နေပြန်ပြီး သူ့စကားကိုလည်း တစ်ချက်မှ နားမထောင် ကာ လုပ်ချင်ရာ လုပ်တတ်သူလဲ ဖြစ်သည်။ သူဘယ်လို စိတ်မချနိုင်ကာ လိုက်စောင့်ရှောက်မိခဲ့သည် ။
Yun lan ၏ သူ့အပေါ် ပြန်လည်ထားရှိသော စိတ်တို့ကိုလည်း နားလည်မိကာ ပိုချစ်မြတ်နိုးမိကာပျော်လည်းပျော်ရွှင်ခဲ့ရသည်။ သူအရက်မူးသည့်ည အသိစိတ်လွတ်ပြီး Yun lan ကို နမ်းရှုပ်မိခဲ့ကာ သူ့ဘဝမှန်လည်း ပေါ်ပေါက်ခဲ့ရသည်။ သူ ရုတ်တရက် နူးညံ့ကြည်နူးစွာ ပြုံးခဲ့မိကာ နှုတ်ခမ်းကို လည်း တို့ထိမိခဲ့သည် သူ့ဘဝ တစ်လျှောက် အပျော်ဆုံးအချိန်လည်း ဖြစ်ခဲ့ရကာ Yun lan ကို ပွေ့ဖက် နမ်းရှုပ်ခဲ့ရသည်ကို သူဘာနှင့်မှ မလဲနိုင်ခဲ့ပေ။ သို့ပေမဲ့လည်း သူ့ဘဝမှန် ပေါ်ပေါက်ပြီးနောက် Yun lan က စိမ်းကားသွားခဲ့ပြီး အဆက်အသွယ်လဲ မလုပ်တော့ပေ။ သူတကယ်ကို နာကျင်ရသည် ။ Yun lan ဆီသွားတွေ့ချင်သော်လည်း သူဘာကို ဘယ်လို ရှင်းပြရမလဲ မသိပေ။ နောက်ဆုံးတော့ သက်ပြင်းပဲ ချမိကာ ဖုန်းကို နောက်ဆုံး အကြိမ် ကြည့်ပြီး အတန်းဝင်ဖို့ ထွက်လာခဲ့တော့သည် ။။။
ESTÁS LEYENDO
Guardian (feeling of Shen Wei ) Fanfiction
FanficGuardian series ထဲက Shen Wei ရဲ့ ခံစားချက်လေးတွေ ချရေးမိတာပါ သာသာ အလွန်ကြိုက်တဲ့ Shen Wei character လေးကို ခံစားပြီး ရေးထားတာပါ သာသာ ရဲ့ Shen Wei အပေါ်မှာ ရူးသွပ်မှုတွေကြောင့် ဒီ Fiction လေးကို ရေးလိုက်မိတာ ဖြစ်ပါတယ် တစ်စုံတစ်ရာ များ စာဖတ်သူလေးတို့ မ...