သူ့အတွက်တော့ ဒီနေ့လေးဟာ သူရှင်သန်လာခဲ့
သမျှ ဘဝအဆက်ဆက် နှစ်ပေါင်းမြောက်မြားစွာ အတွင်း အပျော်ဆုံးနေ့ဟု ပြောရရင် လွန်မည်တောင်မဟုတ်ပါ။တစ်ညလုံး နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် သူအလွန်ကို ချစ်မြတ်နိုးရသည့် Yunlan ရဲ့ မျက်နှာလေး ကို သူကျေနပ်စွာ ကြည့်ခွင့်ရလိုက်သည် မဟုတ်ပါလား။အမြဲတမ်း အဝေးကနေပဲ ခိုးချောင်ခိုးဝှက်ကြည့်နေခဲ့ရပြီး ဟော ..Yunlan က SID ခေါင်းဆောင်ဖြစ်လာတော့ အနီးကပ်တွေ့ဖြစ်လို့စကားများပြောဆိုဆွေးနွေးရရင်တောင် သူ့မှာ သေချာစိုက်မကြည့်ရဲခဲ့။သူ့မျက်နှာကို မြင်သွားမည်ဆိုးသဖြင့် ဟိုရှောင်ဖယ် ဒီရှောင်ဖယ်ဖြင့် မျက်လုံးချင်းတောင် ဆိုင်မကြည့်ခဲ့ပါ။Yunlan က အရမ်းကိုထက်မြက်တာကို သူသိသည်လေ။သူ့အတွက်ကတော့ ထိုကဲ့သို့ ပုံစံလေးကို အရမ်းကို ချစ်မြတ်နိုးနေရတာ ဖြစ်နေခဲ့တာလေ။ဘယ်လိုပဲ နေနေ ဘယ်လိုပဲ ပြောပြော Zhao Yunlan ဆိုသည့် လူသားလေးက Shen Wei ဆိုသည့် အနက်ရောင်တမန်တော် တိရှင်းလူသားလေးရဲ့ အချစ်ရဆုံး တစ်ဦးတည်းသော လူသားလေးပဲ ဖြစ်နေသည်လေ။ဤသည်မှာလည်း ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်သည့် အမှန်တရားပဲ ဖြစ်သည်လေ။ဒီ နှစ်ပေါင်းတစ်သောင်းအတွင်း သူ့အချစ်စိတ်များ မပြောင်းလဲခဲ့သကဲ့သို့ နောက်ထက် နှစ်ပေါင်းမြောက်မြားစွာလည်း ပြောင်းလဲသွားမည်မဟုတ်ပါ။သူနှစ်ပေါင်းမြောက်မြားစွာ စောင့်ကြည့်လာခဲ့ပြီး ဒီအတိုင်းလေးပဲ အဝေးကနေ ကြည့်နေခဲ့ပြီး ရှင်သန်လာခဲ့ပေမဲ့ အခုဘဝ ဒီလက်ရှိအချိန်လေးကတော့ဖြင့် သူ့အတွက် အပျော်ရွှင်ရဆုံး အချိန်လေးပဲ ဖြစ်နေခဲ့သည်။အိပ်ပျော်နေသော Yunlan ရဲ့ မျက်နှာလေးမှာအရမ်းကို အေးချမ်းလှသည်။မနေ့က ညဘက်တုန်းက သူ အလွန်ကို စိတ်ဆိုးခဲ့ရပေမဲ့ ကြာကြာလည်း သူစိတ်မဆိုးနိုင်ခဲ့။အရမ်းကို ပေပေတေတေနိုင်လှသော Yunlan ကို သူအရမ်းစိတ်ဆိုးရပါသည်။ဟုတ်သည် ..Yunlan အန္တရာယ်မဖြစ်စေဖို့ကို သူကာကွယ်နိုင်ပါသည်..ဒါပေမဲ့ ဒီလိုမျိုး ပေပေတေတေနေလို့ ကျန်းမာရေးထိခိုက်သွားလျှင် သူဘယ်လိုမျိုးမှ ကာကွယ်ပေးလို့မရသည့်အတွက် ပိုပြီး စိတ်ဆိုးရပါသည်...Yunlan ကတော့ သူ့ရဲ့ ဖြစ်ပေါ်နေသည့် ဒေါသစိတ် အချစ်စိတ် ဒါတွေကို မသိဘဲ နှစ်နှစ်ခြိုက်ခြိုက်ကို သူ့အရှေ့မှာ အိပ်ပျော်နေဆဲပါ...
VOUS LISEZ
Guardian (feeling of Shen Wei ) Fanfiction
FanfictionGuardian series ထဲက Shen Wei ရဲ့ ခံစားချက်လေးတွေ ချရေးမိတာပါ သာသာ အလွန်ကြိုက်တဲ့ Shen Wei character လေးကို ခံစားပြီး ရေးထားတာပါ သာသာ ရဲ့ Shen Wei အပေါ်မှာ ရူးသွပ်မှုတွေကြောင့် ဒီ Fiction လေးကို ရေးလိုက်မိတာ ဖြစ်ပါတယ် တစ်စုံတစ်ရာ များ စာဖတ်သူလေးတို့ မ...