အရင်ပိတ်ရက်လေးတစ်ရက်က Yunlan နဲ့အတူရှိခဲ့ ပျော်ရွှင်ခဲ့ စိတ်ဆိုးခဲ့ အဲလိုခံစားချက်များနှင့် ပွေ့ဖက်ပြီး ကုန်ဆုံးခဲ့ရသည့်နေ့ရက်လေးပြီးသွားတည်းက စပြီးဒီရက်သတ္တပတ်လုံးကို ခရီးထွက်ဖို့ပြင်ဆင်ရင်း Shen အလုပ်များနေရသည်လေ...ဒီခရီးစဉ်လေးက ကျောင်းသားတွေနှင့်အတူ လေ့လာရေးထွက်ဖို့လို့သာ အများသိထားပေမယ့် အနက်ရောင်တမန်တော် Shen Wei အတွက်ကတော့ ဖုံးကွယ်ထားတဲ့တာဝန်ဝတ္တရားရှိနေသေးသည် မဟုတ်လား။နေ့စဉ်ရက်စက် သူတို့သွားလာရမည့်နေရာကို သေချာလေ့လာရင်း သူခေါ်ယူတာဝန်ခံပေးရမယ့် ကျောင်းသားငယ်လေးတွေလည်း ပါတာကြောင့် သူပိုပြီး ဂရုထားရမှာလဲ ဖြစ်နေသည်လေ..Yunlan ကတော့ အဲဒီနေ့လေးပြီးကတည်းက သူ့ကို အရင်ကလောက် အနှောက်အယှက်မပေးတော့ချေ...မဟုတ်ဘူး လုံးဝကို အနှောက်အယှက်မပေးတော့တာ..သူလည်း နည်းနည်းတော့ အံ့သြခဲ့ရပေမယ့် သူ့အဆင်ပြေအောင်ကြိုးစားပြီးနေခဲ့ရသည်ပဲလေ...Yunlan အသိတရားရသွားရင်လည်း Yunlan အတွက် ပိုကောင်းတဲ့ နည်းလမ်းပဲ မလား..အခုတောင် သူ့အတွက်တော့ သူကတိသစ္စာထားခဲ့တာကို ကျော်လွန်ပြီး တော့်တော့်ကို နီးစပ်နေခဲ့ပြီ...အမှန်အတိုင်းပြောရရင် သူဒီထက်ပိုပြီး Yunlan နဲ့ နီးကပ်စွာ နေလိုက်ချင်ပါသည်...ဒါပေမဲ့ ထို ကတိသစ္စာတစ်ခုကြောင့် Yunlan တစ်ခုခုများ ထိခိုက်သွားရမည်ဆိုပါလျှင် သူရင်ကွဲနာကျင်ရမှာမို့ အရင်ကလိုပဲ ဝေးဝေးကနေ စောင့်ကြည့်ရင်းသာ သူနေပျော်နိုင်အောင် နေလိုက်ပါမည်..ပျော်ရွှင်မှုဆိုတာ ဘာမှန်းမသိတဲ့ တိရှင်းလူသားတစ်ဦးအတွက်တော့ အရင်လပိုင်းလေးက Yunlan နဲ့ အတူတူ ရှိခဲ့တဲ့ ကာလအပိုင်းအခြားလေးကသူ့ကို ပျော်ရွှင်ကျေနပ်အောင် ပြုလုပ်ပေးခဲ့ပြီပဲ..ထိုကာလလေးအတွက် သူပေးဆပ်ခဲ့ရတာအားလုံးက ထိုက်တန်ခဲ့ပါသည်...သူ့ရင်ထဲက ခိုင်မာစွာ ဆုံးဖြတ်ထားမှုကြောင့် သူဝေးဝေးကပဲ နေနိုင်အောင် သူအစွမ်းကုန် ကြိုးစားနေပေမယ့် သူ့ရဲ့အချိန်တိုင်းက Yunlan ကို သတိရရင်းနဲ့ ကုန်ဆုံးခဲ့သည်လေ..ဘာကြောင့်များ သူလည်း ဒီငပြောင်ငနောက် လူရှုပ်လူပွေ လေးကို စိတ်ထဲကနေ တစ်ချက်လေးမှကို မထုတ်နိုင်တာကိုလည်း အံ့သြနေရတာလဲ ဖြစ်တယ်လေ...ဟင်းးးး...သူသက်ပြင်းကြီးသာ ချလိုက်ရင်း Yunlan အကြောင်းပဲ တွေးနေမိတဲ့ သူ့ရဲ့ ခေါင်းကိုခါယမ်းလိုက်ကာ လုပ်စရာ ရှိတာကိုသာ ကြိုးစားပြီး လုပ်ဖို့ ဆုံးဖြတ်လိုက်ရသည်...
VOCÊ ESTÁ LENDO
Guardian (feeling of Shen Wei ) Fanfiction
FanficGuardian series ထဲက Shen Wei ရဲ့ ခံစားချက်လေးတွေ ချရေးမိတာပါ သာသာ အလွန်ကြိုက်တဲ့ Shen Wei character လေးကို ခံစားပြီး ရေးထားတာပါ သာသာ ရဲ့ Shen Wei အပေါ်မှာ ရူးသွပ်မှုတွေကြောင့် ဒီ Fiction လေးကို ရေးလိုက်မိတာ ဖြစ်ပါတယ် တစ်စုံတစ်ရာ များ စာဖတ်သူလေးတို့ မ...