Feeling of Shen Wei

466 54 11
                                    

သာယာကြည်လင်နေတဲ့ နေ့လေးပဲပေါ့ Shen တစ်ယောက် အေးအေးသက်သာစွာ ဆရာတစ်ယောက်ရဲ့ ဘဝကို ဖြတ်သန်းပြနေဆဲပေါ့။သူ့ရင် အတွင်းစိတ်ထဲက ရှိတာတွေ ဖုံးကွယ်ပြီးတော့လေ။လီချင်းဆိုတဲ့ သူ့ရဲ့ကျောင်းသူလေး ကိစ္စပြီးတည်းက ဆို အခု သုံးလလောက်တောင် ရှိလာခဲ့ပြီလေ။သူ့ရဲ့ ကြီးမားလှတဲ့ စိတ်ဆန္ဒတွေကို အတင်းထိန်းချုပ်ရုန်းကန်ရင်း သာမန်ကျောင်းဆရာလေး ဘဝကို ဖြတ်သန်းနေဆဲပါပဲ။ဒီလို ထိန်းချုပ်နေရတာကို Yunlan က မသိဘဲ တစ်နေ့ကို စာ အစောင်ပေါင်းမြောက်မြားစွာ သူ့ဆီကို အမြဲ ပို့ပေးတတ်သည်။ဒီ သုံးလ အတွင်းမှာ Yunlan ရဲ့ သူ့အပေါ် ထားရှိလာသည့် စိတ်ခံစားချက်ကို သူသိနေသော်လည်း အလွန်ကို သူထိန်းချုပ်ထားကာ ငြင်းပယ်လျက်သာ။သူနဲ့ Yunlan က ဘယ်လိုမှ နီးစပ်နိုင်ဖို့အတွက် အခွင့်အလမ်းမရှိ ။တိရှင်းသား နှင့် ဟိုင်ရှင်းသား သူနှင့် နီးနီးကပ်ကပ်နေလျှင် Yunlan အမြဲ အသက်အန္တရာယ် ထိခိုက်နိုင်မည်လေ။သူဆိုသည်မှာလည်း Yunlan လက်ဖျားလေးသော်မှ အထိအခိုက် မခံနိုင်တာမို့ ဝေးဝေးနေပေးဖို့ပဲ သူ ခိုင်မာစွာ ဆုံးဖြတ်ထားခဲ့သည်။ဟောအခု တွေးနေရင်း Yunlan ဆီက စာဝင်လာပြန်ပြီ။ သူ ဖွင့်ဖတ်ကြည့်လိုက်တော့ ညစာ စားဖို့ဖိတ်နေတာ ဒီလိုမျိုး အကြောင်းအမျိုးမျိုး ပြပြီး သူ့ဆီကို စာပို့လျက်သာ။သူကလည်း အေုကာင်းရှာပြီး ငြင်းပယ်မြဲသာ။အခုလည်း ကျောင်းသားတွေ့ဆုံပွဲ ရှိလို့ ဆိုပြီး သူ ငြင်းပယ်လိုက်ခဲ့သည်။သူ့ရဲ့ နှလုံးသားထဲက စူးရှစွာ နာကျင်နေလျက်ပေါ့။ အမှန်အတိုင်း ဖွင့်ဟဆိုရလျှင် သူလည်း Yunlan နှင့် နီးကပ်စွာ နေလိုက်ချင်တာပေါ့ Yunlan ရဲ့ အငွေ့အသက်လေးတွေ အထိအတွေ့လေးတွေ နွေးထွေးမှုလေးတွေကို သူလည်း တစ်ခါလောက် ပြန်ခံစားကြည့်ချင်ပါသည်။ဒါပေမဲ့လည်း မတူညီသော ဘဝနှစ်ခုက ဘယ်လိုများ အဆုံးသတ် ကောင်းနိုင်ပါမည်လဲ ။အဲဒါကြောင့် တစ်ခုတည်းသော Yunlan မခံစားရစေဖို့ နည်းလမ်းက သူ နာကျင်သည်းခံပြီး ဝေးဝေးနေပေးဖို့ပါပဲ။ ပြီးတော့ Yunlan က မျက်နှာများတတ်တဲ့သူပဲဟာ။သူ့ကို အခု ကြိုးစားပြီး ဆွဲဆောင်နေပေမဲ့ အချိန်ခဏလောက် ကြာရင် သူ့ကို ထားခဲ့မှာကို သူသေလောက်အောင် ကြောက်ရွံ့မိပါသည်။အဲဒီအချိန်ကျရင် သူ့ကိုသူလည်း ထိန်းနိုင်မည်မဟုတ်ပါ။သူ့ကို ရိုးအီသွားလို့ ထားခဲ့မှာကို သူ အကြောက်ဆုံးပါပဲ ။ပြီးရင် သူပဲ သေလောက်အောင် နာကျင်ခံစားနေခဲ့ရမှာလေ။အခု လက်ရှိအချိန်က သူ သူ့စိတ်သူ ထိန်းချုပ်နိုင်ပါသေးသည်။အတူတူ နီးကပ်စွာ နေလိုက်ရပြီးတော့မှ ပြန်ခွဲခွာရမည်ဆိုရင်ဖြင့် အဲဒီ အချိန် သူထိန်းချုပ်နိုင်သေးပါ့မလားကို တွေးပြီး ကြောက်ရွံ့မိပါသည်။

Guardian (feeling of Shen Wei ) Fanfiction Où les histoires vivent. Découvrez maintenant