Shen Wei တစ်ယောက် သူ့ရှေ့မှာ ရပ်နေပြီး SID က လူတွေနဲ့ အော်ဟစ်ရယ်မောကာ ရှိနေသည့် Yunlan ကို တွေဝေငေးမောကာ စိုက်ကြည့်နေမိသည်။ တကယ်စဉ်းစားကြည့်မိရင် Yunlan ဘဝနဲ့ သူ့ဘဝက ဆန့်ကျင်ဖက်ပါပဲ အများကြီးကို ကွာခြားနေတာ အကြီးဆုံးတစ်ခုပဲကြည့် Yunlan က လူသား သူက မှောင်မိုက်နေတဲ့ မြေအောက်လူသား လူတကာ ကြောက်ရွံ့ရတဲ့ သွေးအေးလူသား အပေါင်းအဖော်လည်း မရှိ ဘယ်သူနဲ့မှလဲ ဝင်မဆံ့ တစ်ယောက်တည်း အထီးကျန်စွာနဲ့ Yunlan ဘဝအလျှောက်လျှောက် ကို နောက်ကွယ်ကနေပဲ စောင့်ကြည့်နေမိတဲ့လူမျိုး သူလည်း ဘယ်လိုမှ မထင်ထားမိ အခုလို Yunlan နဲ့ နီးကပ်စွာ နေခွင့်ရမယ်လို့လေ Yunlan သူ့ကို ချစ်မြတိနိုးပေးတဲ့ အတွက်လည်း သူ ကျေးဇူးတင်မိရသည်လေ။တစ်သက်မှာ တစ်ခါလောက်ပဲ ဒီလိုနေချင်ခဲ့တာ နှစ်ပေါင်းအများကြီး ကြာအောင် အဝေးက ချစ်မြတ်နိုးခဲ့ရပြီး အခုတော့ Yunlan ရဲ့ နွေးထွေးမှုလေးကို သူ ခံစားနေရပြီလေ။သူ့ကိုဆို မျက်စိအောက်က အပျောက်မခံကာ သွားလေရာ လက်ဆွဲခေါ်သွားတတ်လွန်းတဲ့ Yunlan ကိုလည်း သူ ပိုချစ်မြတ်နိုးရသည်။သူကလည်း Yunlan ဘေးနားက မခွာချင်ခဲ့ သူ့အတွက်တော့ နေခွင့်ရတုန်းလေး နေချင်ခဲ့တာပါ ။အချိန်တန်ရင်တော့ သူ ထပ်ပြီး Yunlan ဘဝထဲက ပျောက်ကွယ်ပေးသွားရမှာပါ။ မဖြစ်နိုင်တဲ့ ဘဝနှစ်ခုက ဘယ်လို ပေါင်းစပ်လို့ ရမှာတဲ့လဲ။ သူတွေးရင်း သက်ပြင်းလေးချမိခိုက် Yunlan က သူ့ဘက်ကို လှမ်းကြည့်လိုက်ပြီး သူ့ရှိရာသို့ လျှောက်လာခဲ့သည်။
Yunlan က သူ့ကို အပြုံးကြီးပြုံးပြပြီး သူ့လက်ကို ကိုင်ဆွဲလိုက်ကာ ရုံးခန်းထဲကို ဆွဲခေါ်လာသည်။သူကလည်း ယောင်တောင်ပေါင်တောင်နဲ့ ခေါ်သည့် အတိုင်း လိုက်လာမိခဲ့လိုက်သည်လေ။ ရုံးခန်းထဲကို ရောက်တော့ သူ့ကို ထိုင်ခုံပေါ်ဖိချလိုက်ပြီး ရှေ့တည့်တည့်ကနေ စူးရှစွာ စိုက်ကြည့်နေတော့ သူ မနေတတ် မထိုင်တတ်ဖြစ်လာရတော့တာပေါ့ သူ Yunlan အကြည့်တွေကို ရှောင်ဖို့ကြိုးစားလိုက်ရင်း လက်ကလေးနဲ့ တွန်းဖို့လုပ်လိုက်တော့ သူ့လက်တွေကို ဖမ်းချုပ်လိုက်ကာ "ကိုယ့်ကို ပြောပါအုံး ဘာတွေများ တွေးပြီး သက်ပြင်းတွေ ချနေရတာလဲ ကိုယ့်အနားမှာ နေရတာ မပျော်လို့လားဟင်" ဆိုပြီးပြောလာလေသည်။ ဘယ်လိုပြောလိုက်တာလဲ Yunlan ရယ် ပျော်တာပေါ့ အရမ်းပျော်တာပေါ့ နှစ်ပေါင်းမြောက်မြားစွာ အသက်ရှင်ခဲ့ရတဲ့ တစ်လျှောက်လုံး မင်းအနားမှာ ရှိခွင့်ရတဲ့ အခုလို အချိန်လေးကပဲ ကိုယ့်ကို ပျော်ရွှင်စေတာ မင်းရဲ့ နွေးထွေးမှုလေးကို ခံစားရတာ ကိုယ်ပျော်တာပေါ့ ကိုယ်က အရမ်းအေးစက်တဲ့ လူသားလေ မင်းက ကိုယ့်ကိုပူပြင်းနွေးထွေးစေခဲ့တာ ရယ်မောနိုင်အောင် လုပ်ပေးခဲ့တာ မင်းကောင့် ကိုယ့်ဘဝကြီးက အသက်ဝင်လာခဲ့တာ။သူပြန်ဖြေမလို့လုပ်တုန်း တိရှင်းကနေ စာလွှာရောက်လာတော့ သူကို Yunlan က လွှတ်ပေးလိုက်ပြီး စာကို ဖွင့်ဖတ်စေသည်။ အကြောင်းကသူ့ကို မြေအောက်သို့ ခဏပြန်လာပါလို့ ပြောထားတာ သူ Yunlan ကို စိုက်ကြည့်လိုက်ပြီး " ကိုယ် ခဏလောက် ပြန်ရမယ်ထင်တယ် ကိုယ့်ကို ကတိပေးပါ ကိုယ်မသိဘဲ ဘယ်မှ မသွား ဘာမှ မလုပ်ပါဘူးလို့ ကိုယ်ပြန်လာတာကိုစောင့်ပေးပါ ဖြစ်နိုင်မလား Yunlan" သူအဲလိုမေးလိုက်တော့ သူ့ကို ပြုံးပြီး ကြည့်လာလျက် " ပွင့်ပွင်းလင်းလင်းပြောရရင် ဒီည ကိုယ်က တစ်ခုခုလေးများရမလားလို့လေ အခုတော့ တစ်ယောက်တည်း အိပ်ရတော့မှာပေါ့ တစ်ယောက်တည်းဆို အိပ်မပျော်နိုင်တာ မင်းလည်း သိသားနဲ့ မနက်ဖြန်တော့ အလုပ်ကို ပန်ဒါမျက်လုံးနဲ့ လာရမယ်ထင်ပါတယ်" ဆိုပြီးပြောလာတော့ သူခေါင်းယမ်းလိုက်မိကာ နောက်သို့လှည့်ပြီး တိရှင်းသို့ ပြန်လာလိုက်တော့သည်။သူ မထင်လိုက်မိတာက Yunlan က အရမ်းကို ရဲတင်းလွန်းတဲ့ လူစားမျိုးသူမသိဘဲ သွားရမည့်နေရာကိုရောက်အောင်သွားမည့်သူဆိုတာကို သူ သတိလက်လွတ်ဖြစ်သွားမိတာကိုပါပဲ။ သူတိရှင်းကို ရောက်တော့ ချက်ချင်း လုပ်စရာရှိတာတွေကို လုပ်ကိုင်ပြီး တိုခန်းကို ပြန်လာလိုက်တော့ အခန်းက မှောင်မည်းနေတာ မထမတော့ သူထင်တာ Yunlan အိပ်ပျော်နေပြီလို့လေ သူ အနက်ရောင်ဝတ်စုံကို ပုံမှန် အဝတ်အစားသို့ ပြောင်းလိုက်ပြီး အိပ်ရာပေါ်ကို ကြည့်လိုက်မိတော့ ဘယ်သူမှ မရှိ။ သူ့သွေးတွေ အေးခဲသွားသလို ခံစားလိုက်ရပြီး ချက်ချင်း SID ကို ရောက်သွားတော့ မှောင်မည်းနေပြီး ဘယ်သူမှ မရှိ သူ ပိုပြီး စိတ်တွေပူလာရကာ ဆောက်တည်ရာမရ ဖြစ်လာရတော့သည်။ ချက်ချင်း Yunlan ရှိရာကို အာရုံခံလိုက်မိတော့ Yunlan က သူ့ဆီကို လာနေတာဆိုပါလား။တစ်ညလုံးဘယ်ကိုသွားနေတာလဲ ဘာလို့ SIDကို ပြန်လာနေတာလဲလို့သူတွေးမိလိုက်ကာချက်ချင်း မျက်ဝန်းများဖွင့်မိတော့ သတိလစ်နေတဲ့ Yunlan ကို သယ်ပြီး သူ့ဆီကို လာနေတဲ့ သူနဲ့မစိမ်းတဲ့ သရဲမျက်နှာဖုံးနဲ့ လူကိုတွေ့လိုက်ရတော့ သူ့သွေးတွေ အေးခဲသွားကာ စိတ်အပူလွန်ပြီး သူ ချက်ချင်းဓါးကို ထုတ်လိုက်ကာ ထိုသူ့ကို ချိန်ထားလိုက်သည်။
YOU ARE READING
Guardian (feeling of Shen Wei ) Fanfiction
FanfictionGuardian series ထဲက Shen Wei ရဲ့ ခံစားချက်လေးတွေ ချရေးမိတာပါ သာသာ အလွန်ကြိုက်တဲ့ Shen Wei character လေးကို ခံစားပြီး ရေးထားတာပါ သာသာ ရဲ့ Shen Wei အပေါ်မှာ ရူးသွပ်မှုတွေကြောင့် ဒီ Fiction လေးကို ရေးလိုက်မိတာ ဖြစ်ပါတယ် တစ်စုံတစ်ရာ များ စာဖတ်သူလေးတို့ မ...