အလုပ်များနေရသောနေ့လေးတစ်နေ့ Shen မှာ Yunlan ကိုလိုက်ကာကွယ်နေရင်းနဲ့ပဲ သူ့နေ့တွေကို ကုန်ဆုံးနေရသည်။ Yunlan သူ့ကို လက်ခံခဲ့တဲ့ နေ့က စပြီး သူ Yunlan နားကနေ ဘယ်မှ မသွားတော့ ။ သူက လည်း မသွားချင် Yunlan ကလည်း သွားခွင့်မပြု။သူ့ကို ဘေးနားတွင် ထားကာ ပျော်ပျော်ကြီး လုပ်ချင်တာတွေ ကို လုပ်နေသော Yunlan ကို သူလည်း မတားနိုင်။သူကတော့ ထိုကဲ့သို့ နေခွင့်ရနေသည်ကိုပဲ ပျော်ရွှင်နေတာ မဟုတ်လား။ လွန်ခဲ့သည့် နှစ်တစ်သောင်းတည်းကစပြီး ချစ်လာခဲ့ရသည်မှာ အခုမှ ပင် ပွင့်ပွင့်လင်းလင်းချစ်ခွင့်ရခဲ့တာ။သူ့ကို အရှိအတိုင်း လက်ခံပေးတဲ့ Yunlan ကို လည်း ပိုပြီး မြတ်နိုးရသည်။သူ ဘယ်လောက်ထိ ချစ်ခဲ့ရလဲ ဆိုရင် ဟိုးရာစုနှစ် ထဲက အခုအချိန်ထိ Yunlan မွေးဖွားခဲ့တာတွေကို သူအခုထိ အမှတ်တရရှိနေတုန်း သူ့ အိပ်ခန်းထဲတွင် Yunlan ဘဝအလျှောက်လျှောက် ပုံတူတွေကြီးပဲ ချိတ်ဆွဲထားခဲ့တာ ။သူတစ်ယောက်တည်းပါပဲ သူ့နှစ်လုံးသားထဲမှာ Yunlan တစ်ယောက်တည်းသာ နေရာယူထားခဲ့တာ အဝေးကနေပဲ စောင့်ကြည့်ချစ်လာခဲ့ရတာ ဘဝပေါင်း မြောက်မြားစွာပါပဲ။အခု ဘဝကတော့ သူ့အတွက် ပျော်စရာတွေကို ဆောင်ကြဉ်းပေးတဲ့ ဘဝဖြစ်ခဲ့ရသည်။အမြဲ အမှောင်ကမ္ဘာထဲမှာ အထီးကျန်စွာ စောင့်ကြည့်ချစ်လာခဲ့ရတာ အခုဘဝ စောင့်ရှောက်သူ နဲ့ အနက်ရောင်တမန်တော် အထိပါပဲ။ ဘဝပေါင်းမြောက်မြားစွာ Yunlan မျက်စိရှေ့က ဖုံးကွယ်ပြီး စောင့်ကြည့်ချစ်ခဲ့ရပေမဲ့ အခုဘဝကတော့ ကံကြမ္မာအလိုအတိုင်း တွေ့ဆုံခဲ့ရကာ သူ့အပေါ် ချက်ချင်း မေတ္တာသက်ဝင်သွားခဲ့တဲ့ Yunlan ကိုလည်း အံ့သြခဲ့ရသည်။သူ့အတွက်ဆို ဘာကိုမှ ဂရုမစိုက် ရှေ့ဆက်တိုးခဲ့ကာ သူ ဘဝအမှန်ကို သိနေခဲ့လည်း သူ့အပေါ် အချစ်မလျော့တဲ့အပြင် ပိုပြီး ချစ်ပေးခဲ့သော Yunlan ကြောင့် သူ ပျော်ရွှင်ခဲ့ရသည်။သူ့အချစ်တွေကို လစ်လျူမရှုပေးပဲ သူ့ဘက်က ရပ်တည်ပေးသော Yunlan ကို ကျေးဇူးလည်း သူတင်မိပါသည်။ ချစ်လဲ အရမ်းချစ်ရပါသည်။ ဒါပေမဲ့ တစ်ခုလေးပါပဲ တစ်ခုလေး သူ့စကားကို ဘယ်တော့မှ နားမထောင်တာ ဘယ်သောအခါမှ နားမထောင်တာ သူ ချစ်မှန်းသိလို့ပဲ နားမထောင်တာလားမသိ။ အခြားသူတွေ သူ့ကို သေအောင်ကြောက်ကြချိန်မှာ Yunlan ကတော့ သူ့ကို လုံးဝမကြောက်ပဲ ပွတ်သီးပွတ်သပ် အရမ်းလုပ်ကာ သူ လုပ်ချင်တာကို လုပ်လုပ်သွားတာ။ သူ့မှာ စိတ်ဆိုးချင်ပေမဲ့လည်း အဲဒီချစ်စရာကောင်းအောင် လုပ်ပြတဲ့ အမူအရာလေးတွေကနေ မရုန်းထွက်နိုင်ပဲ အမြဲ အရှုံးပေးခဲ့ရတာ။ Yunlan က အခြားလူတွေ အပေါ်ဆို အမြဲ ဒေါသထွက် အော်ငောက် ဆူပူပြီး ခေါင်းဆောင်ပီသအောင် နေပေမဲ့ သူ့အပေါ်ဆို ကလေးလေး တစ်ယောက်လို ချွဲနွဲ့တတ်ကာ တစ်ခါတစ်လေလဲ အရမ်းအားကိုးနိုင်သော ယောင်္ကျားကြီး တစ်ယောက်လို လုပ်ပြတတ်သည်။သူကတော့ ဘယ်လိုလုပ်ပြပြ အပြစ်မမြင်နိုင် ပိုပြီးတောင် ချစ်လာသေးသည်။စိတ်တော့ အရမ်းပူပန်ရသည်။စကားမှ နားမထောင်တာကိုလေ လုပ်ချင်တာလုပ် အန္တရာယ်ကြားတွေ ဝင်တိုး သူ့မှာ အနောက်က လိုက်ရ တားဆီးရ ကာကွယ်ရ သူ ဒေါသထွက်လာရင် ကလေးလေးလို သူ့ကိုချွဲ ပွတ်သီးပွတ်သပ်လုပ် အဲဒါနဲ့ပဲ သူ့မှာ စိတ်ပြေရခဲ့ပေါင်းလည်း မနည်းခဲ့ပါ။
အခုပဲ ကြည့် မှော်ရတနာတွေကို မထိပါနဲ့ စွမ်းအားတွေကိုမသုံးပါနဲ့ တိရှင်းလူသားတွေနဲ့ အပေးအယူမလုပ်ပါနဲ့ သူလာတာကို စောင့်ပါဆိုတာကို နားမထောင် လုပ်ချင်တာလုပ်ပြီးသွားပြီ။သူ့မှာ Yunlan ထိခိုက်မှာ စိုးလို့ အပြေးလာခဲ့တာတောင် အချိန်မမှီလိုက်။မှော်ရတနာကို ထိကိုင်ပြီး သုံးဆွဲပြီးသွားပြီ။သူ အရမ်းစိတ်ဆိုးရသည်။သူ Yunlan ရဲ့ ဆံချည်တစ်မျှဉ်တောင် ထိခိုက်သွားတာ မလိုချင်။အရိပ်တစ်ကြည့်ကြည့်နဲ့ စောင့်ရှောက်ချစ်လာရတာ နည်းနည်းလေးတောင် Yunlan ကို သူ အထိအခိုက်မခံနိုင်ပေ။ဒါကိုလဲ သိသိရက်နဲ့ စကားနားမထောင်တာလောက် သူစိတ်ဆိုးတာ မရှိ။ အခုလည်းကြည့် လုပ်ချင်တာလုပ်ပြီး သူ့ကို တွေ့တော့ မလုံမလဲ အပြုံးလေးနဲ့ ရောက်လာပြီးလားလို့ မေးလာတယ်လေ။သူကတော့ ဘာမှကို ဂရုမစိုက်နိုင်။လောင်ချူ သူ့ကို စကားလှမ်းပြောတာကို လည်း ဂရုမစိုက်နိုင်။သူသိတာ တစ်ခုတည်း သူ Yunlan ကို အရမ်းစိတ်ဆိုးနေတာကိုပဲ သူ Yunlan ဆီလျှောက်သွားကာ လက်ကို လှမ်းဆွဲပြီး ငါတို့စကားပြောရအောင် ငါနဲ့ လိုက်ခဲ့ ဆိုကာ အတင်းဆွဲပြီး လူမရှိတဲ့ အခန်းတစ်ခန်းထဲကို ဆွဲခေါ်လာမိတော့သည်။
သူ Yunlan ကို နံရံကို တွန်းလိုက်ပြီး နံရံနဲ့ သူ့ကိုယ်ကြားမှာ ချောင်ပိတ်ထားကာ စိုက်ကြည့်နေလိုက်သည်။ သူ့ကို မျက်လုံးပြူးလေးနဲ့ ကြည့်နေသော Yunlan ကို စိတ်ဆိုးစွာနဲ့ မေးလိုက်တော့ မကြိုက်တာတွေ တားမြစ်ထားတာတွေချည်းဂလုပ်ထားတယ်လေ။သူ့စိတ်ကို သူမထိန်းနိုင် တစ်ချက်လောက် ဆွဲထိုးပစ်လိုက်ချင်သည်။ဒါပေမဲ့ မလုပ်ရက် သူ့လက်ကို လွှဲလိုက်ပေမဲ့ Yunlan ကို မလုပ်ရက်ပဲ သူ့အသားကို နာအောင်သာ Yunlan ပါးပြင်နားက နံရံကို ဆွဲထိုးလိုက်မိတော့သည်။သူု့ကို မျက်လုံးလေး ပြူးပြီး အံ့သြစွာနှင့် Yunlan က ကြည့်ပြီး သူ့နံမည်ကို ခေါ်ကာ စိုးရိမ်တကြီး ဖြစ်လာတော့သည်။ သူကတော့ စိတ်အလွန်ဆိုးနေတာပဲ သိတော့သည်။
BẠN ĐANG ĐỌC
Guardian (feeling of Shen Wei ) Fanfiction
FanfictionGuardian series ထဲက Shen Wei ရဲ့ ခံစားချက်လေးတွေ ချရေးမိတာပါ သာသာ အလွန်ကြိုက်တဲ့ Shen Wei character လေးကို ခံစားပြီး ရေးထားတာပါ သာသာ ရဲ့ Shen Wei အပေါ်မှာ ရူးသွပ်မှုတွေကြောင့် ဒီ Fiction လေးကို ရေးလိုက်မိတာ ဖြစ်ပါတယ် တစ်စုံတစ်ရာ များ စာဖတ်သူလေးတို့ မ...