💙3💙

2.1K 211 46
                                    

(Unicode)


မိမိအား နံရံသို့အတင်းတွန်းမှီကပ်ထားသော ပတ်ဂျီမင်ကြောင့် ဂန်ဆိုရီ စိတ်လှုပ်ရှားမှုတို့ အတောသတ်မရတော့။ ဆံပင်ကို တစ်ချက်အပေါ်သို့လှန်တင်ရင်း နှုတ်ခမ်းကိုလျှာဖြင့်သပ်ကာ ယစ်မူးစေလောက်သည့်အပြုံးဖြင့် ကြည့်လာသည့်သူ့ကြောင့် သူမ စိတ်လှုပ်ရှားလွန်းစွာ တံတွေးတစ်ချက်ကို မျိုချမိသွားသည်။ ဆိုရီ ထိန်းချုပ်ထားရက်နှင့်ပင် တဒိတ်ဒိတ်ဖြင့် မြန်ဆန်လွန်းစွာခုန်နေသည့်ရင်ဘတ်ကို အနည်းငယ်တည်ငြိမ်သွားစေရန်အလို့ငှါ လက်လေးဖြင့်အသာဖိလိုက်သည်။


"ဖယ်... ဖယ်လေ...။ ဘာလို့အတင်းတွန်းထားတာလဲ"


သူ့နှုတ်ခမ်းများကို မသိမသာ တစ်ချက်ခိုးကြည့်လိုက်ရင်း အထစ်ထစ်အငေါ့ငေါ့မေးလိုက်မိသည်။ မိမိရောက်နေသည်က သူ့အခန်း။ လက်ရှိအနေအထားက သူ့ကုတင်ဘေးက နံရံမှာတွန်းကပ်ခံထားရတဲ့ပုံစံနဲ့ မျက်နှာနှစ်ခုက တစ်လက်မသာသာလောက်ပဲ ခြားနေတဲ့အခြေအနေမှာ...။ အရှေ့ကနေ ကာပြီးရပ်နေတဲ့ဂျီမင်ရဲ့ ရင်ဘတ်ကိုတွန်းပြီး ဖယ်ထုတ်တာဖြစ်ဖြစ်လုပ်လိုက်လို့ရပေမယ့် နီးကပ်လွန်းသည့်အခြေအနေကြောင့် လူကကျောက်ရုပ်လို တောင့်တောင့်ကြီးလှုပ်မရဖြစ်နေသည်။ ဖယ်ခိုင်းသည်ကို မကြားချင်ဟန်ဆောင်ကာ ဂျီမင်က အောက်နှုတ်ခမ်းကိုကိုက်ရင်းပြုံးလိုက်သည်။


"လက်ဆောင်ပေးမယ်ဆိုတာလေ..."

"အင်း...? အဲ့ဒါ ဘာဖြစ်လဲ"


ဆိုရီ့အသံတို့မှာ လည်ချောင်းဝတွင်သာတစ်နေပြီး အပြည့်အဝထွက်မလာ။ သူမတို့နှစ်ယောက်သည် အဲ့လိုနီးနီးကပ်ကပ် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကျီစယ်နေရမည့်အခြေအနေရောက်သွားပြီတဲ့လား...။ ဂျီမင်ကလည်း ပြောစရာရှိတာကို မပြောဘဲအချိန်ဆွဲနေပြန်သည်။ အခန်းတွင်းရှိ လေထု၏ဖိအားမှာ စက္ကန့်နှင့်အမျှ လေးလံလာသလိုပင်။ ဆိုရီ သူမလက်ဖဝါးတွင် ချွေးစို့လာသည်ကို ခံစားလိုက်ရသည်။


"ဘာပေးမယ်လို့ ထင်လဲဆို..."

"မင်းပြောမှသိမှာပေါ့"


ဆိုရီ မျက်နှာလေးမူပျက်ကာ စူစူအောင့်အောင့်ပြောလိုက်မိသည်။ ပတ်ဂျီမင်သည် သူမအား အသည်းယားအောင် တမင်ဉာဏ်နီဉာဏ်နက်သုံးနေခြင်းပင်။ သူမအား နံရံသို့တွန်းမီထားလျက်ဖြင့် အားနေသည့်သူ့လက်တစ်ဖက်က ဘောင်းဘီအိတ်ကတ်လေးထဲသို့နှိုက်ပြီး ငွေရောင်လက်နေသည့် ကြိုးမျှင်လေးတစ်ခုကိုဆွဲထုတ်ကာ သူမလက်ဖဝါးထဲသို့ ထည့်ပေးလိုက်လျက်။

The Illusion Of LoveWhere stories live. Discover now