💙4💙

2K 208 23
                                    

(Unicode)


"ဂျီမင်..."


အခန်းတံခါးအား ခပ်ဖြည်းဖြည်းသုံးချက်လောက်ခေါက်ရင်း ဆိုရီ ခေါ်မိလိုက်သည်။ တော်တော်ကြာသည်အထိ တံခါးလာမဖွင့်သောကြောင့် ဂျီမင် ယခုချိန်ထိ နိုးသေးဟန်မတူဟု သူမ မှတ်ချက်ချလိုက်သည်။ မနက်စောစောကျောင်းအတူသွားရန် ဖုန်းဆက်နှိုးကတည်းက ဖုန်းမကိုင်သောကြောင့် သူမ ဂျီမင်အခန်းသို့လိုက်သွားမိခြင်းပင်။ ဆိုရီ သူ့အခန်းရှေ့တွင်ရပ်နေသည်မှာ ဆယ်မိနစ်လောက်ပင်ရှိခဲ့ပြီ။ ဖုန်းလည်းမကိုင်၊ တံခါးလည်းမဖွင့်သောကြောင့် သူမကို ပလစ်များသွားပြီလားဟူသည့်အတွေးများဝင်လာကာ အနည်းငယ်စိတ်ပူလာမိသဖြင့် တံခါးကိုထပ်ခေါက်လိုက်သည်။


"ဂျီ... အာ၊ ဟိုမှာ ဘဲလ်ရှိတာပဲ"


ဆိုရီ ကိုယ့်စိတ်နှင့်ကိုယ်လောနေသောကြောင့် တံခါးဘေးခပ်ယွန်းယွန်းတွင်ရှိသည့်ဘဲလ်ကို မမြင်ခဲ့။ ဘဲလ်ကို အမြန်နှိပ်လိုက်ရင်း ဂျီမင် ထွက်အလာကိုသာ စောင့်နေလိုက်တော့သည်။ တစ်ခါလည်းမရ၊ နှစ်ခါလည်း ပေါ်မလာ... သုံးခါမြောက်ကျမှ ခပ်ဟဟပွင့်လာသည့်တံခါးနှင့်အတူ အဝတွင် အိပ်မှုန်စုံမွှားရုပ်ဖြင့်ရပ်နေသည့် ပတ်ဂျီမင်။


"အစောကြီးရှိသေးတာကို၊ ကျွန်တော် အခုမှ ဘဲလ်သံကြားလို့နိုးလာတာ"


ခေါင်းစုတ်ဖွားနှင့် မျက်လုံးကို လက်နှစ်ဖက်ဖြင့်ပွတ်ကာ ကလေးကဲ့သို့ တတွတ်တွတ်ပြောနေသည့်ဂျီမင်ကိုကြည့်ကာ ဆိုရီ ပါးနှစ်ဖက်ကိုလက်ဖြင့်ဆွဲညှစ်လိုက်မိသည်။ ပြုံးစိစိလုပ်နေသည့်သူ့ကြောင့် သူမအသည်းယားမိသော်လည်း စိတ်ကောက်ရမည့်ကိစ္စကရှိသေးသည်လေ။ တံခါးဖွင့်လိုက်စဉ်ကတည်းက ထောင်းခနဲရလိုက်သည့် ဆိုဂျူအနံ့ကြောင့် မနေ့က တော်တော်ရေချိန်ကိုက်လာမှန်း သူမ တန်းသိလိုက်သည်။


"ပထမအချိန်တောင် နီးနေပြီ၊ အဲ့ဒါကို စောသေးတယ်လား... ဘယ်လောက်တောင်သောက်ထားတာလဲ"


ဆိုရီ သူ့ရင်ဘတ်ကိုတွန်းကာ အခန်းထဲသို့ ဝင်သွားလိုက်မိသည်။ ဂျီမင်က အိပ်ချင်မူးတူးမျက်လုံးမပွင့်သေးသည့်ရုပ်ဖြင့် ခေါင်းကုတ်နေသည်။ ဆိုဂျူပုလင်းတို့တော့ ရှိမနေသော်လည်း အခန်းလေးမှာအနည်းငယ်ရှုပ်ပွနေလျက်။ ကြည့်ရတာ အပြင်မှာဝိုင်းကောင်းလာခဲ့ပုံရသည်ဟု သူမ တွေးမိလိုက်သည်။ သူမ လွယ်အိတ်လေးကို ဆိုဖာပေါ်တင်လိုက်စဉ် ဂျီမင်အသံတိတ်နေ၍ လှည့်ကြည့်မိလိုက်တော့ ကိုယ်တော်က ပိတ်ထားတဲ့တံခါးရှေ့မှာ မျက်လုံးမှိတ်ပြီးမတ်တပ်လေးမှိန်းလို့...။

The Illusion Of LoveWhere stories live. Discover now