💙6💙

1.7K 195 39
                                    

(Unicode)


ဘာမှမထူးဆန်းသလို ပြုံးလိုက်​သည့်​ သူမ၏အပြုအမူကြောင့် သတင်းစကားသယ်ယောင်လာသည့် သူငယ်ချင်းနှစ်ယောက်ပင် အူလည်လည်ဖြစ်သွားရသည်။ ​ပြောစရာရှိသည်ဟုဆိုသည့်အချိန်တွင် ဆိုရီက သူမနှင့်ဆိုင်သည့်အကြောင်းထက် ဂျီမင်​နှင့်​ပတ်သက်သည့်အကြောင်းကို အရင်သိလိုကြောင်းတောင်းဆိုခဲ့သည်လေ။ ဂျီမင်နှင့်ပတ်သက်၍ သူတို့ပြောလာသည်က 'နင့်ကလေးက အကသိပ်​​တော်​တာပဲဆို' တဲ့။ ဒါ ဆိုရီ သိပြီးသားကိစ္စပဲ၊ ရှင်းရှင်းပြောရရင် သူတို့ပြောလာမယ့် ဂျီမင်​အ​ကြောင်းကို ဒီထက်​ပိုပြီး ကြီးမားတဲ့၊ လျှို့ဝှက်ချက်တွေ ပြည့်​နှက်​​နေမယ့်​အ​ကြောင်းအရာ တစ်​ခုခု​လို့တောင် သူမ ရင်ခုန်စွာနဲ့ ​မျှော်​လင့်​ထားခဲ့တာ။ တကူးတက လူရှင်းတဲ့အဆောင်ဘေးအထိ ဆွဲခေါ်လာပြီးမှ ထင်​ထားသ​လောက်​စိတ်၀င်စားစရာမကောင်းတဲ့အကြောင်းကို ကြားလိုက်ရတော့ ​ပြောစရာရှိတယ်​ဆိုတာ ဒါပဲလားလို့လည်း ​မေး၍မ​ကောင်းသည့်အတူတူ သိခဲ့ပြီးသားအကြောင်းအရာတစ်ခုဖြစ်သည့်အလျောက်​ ဆိုရီ ​ပေါ့​ပေါ့တန်​တန်​သာတုံ့ပြန်​လိုက်​မိသည်​။


"သူ ကတတ်​တာ ငါသိသားပဲဟာ၊ အဲ့ဒါ ဘာထူးဆန်းလို့လဲ"

"နင့်​​ဂျီမင်​အ​ကြောင်းကို တွဲ​နေပြီဆိုတာကလွဲပြီး နင်​ငါတို့ကို ဘာမှ​ရေ​ရေရာရာ​ပြောပြထားတာမှမဟုတ်​တာ၊ နင်​မ​ပြောဘဲ ငါတို့ သူ ကတတ်​တာ ဘယ်လိုသိနေလဲဆိုတာက ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလား ငအူမရယ်​"


စိတ်​မြန်​သည့်​ဂါအွန်းက ​ပြော​နေရင်းတန်းလန်းဖြင့် ဆိုရီ​ခေါင်းကို လှမ်းပုတ်လိုက်သည်။ ဒီလိုအူပုံနဲ့ ဆိုရီ သူ့မောင်လေးဖြင့် ဘယ်လိုစခန်းသွားမည်ကိုပင် ဂါအွန်း ​တွေးရင်း စိတ်ပူလာမိသည်။


"ဟုတ်​သားပဲ... ငါနဲ့သူပဲသိတဲ့အကြောင်းကို နင်​တို့က ဘယ်​လိုသိတာလဲ"

"​ကျောင်းက dance clubရဲ့ leaderက youtubeမှာ ဂျီမင်​ က​နေတဲ့videoကို သူများတင်ထားတာတွေ့လို့ဆိုပြီး သူ့accountမှာ shareလိုက်​ရာက​နေ အကုန်​ပြန့်​သွားတာပဲ၊ ခုဆို ငါတို့တင်မကဘူး၊ တ​ကျောင်းလုံးသိနေပေါ့"

The Illusion Of LoveWhere stories live. Discover now