💙10💙

1.9K 242 49
                                    

(Unicode)


သိချင်တာရော၊ မသိချင်တာရော အကုန် ပြောပြတော့မယ်တဲ့... ။


လျှို့ဝှက်ချက်လို ထိန်းသိမ်းထားသည့်အရာသည် လှပသည့်လက်စားချေခြင်းတို့လည်း မဟုတ်သလို၊ ချစ်ခြင်းတွေဖြင့် ဝေဆာနေခြင်းမျိုးလည်း ဖြစ်မနေခဲ့။ သူ၏အသုံးမကျမှု၊ မပြတ်သားမှုပေါင်းချုပ်ကို စုပေါင်းဝန်ခံခြင်းတစ်ခုများ ဖြစ်နေလေမလား... ။

ဂျီမင် သက်ပြင်းတစ်ချက်ကို ရှိုက်ချလိုက်မိသည်။ အချိန်တစ်ခုကြာပြီးသည့်နောက်တွင်တော့ သူ့ထံတွင် ပြောနိုင်သည့်အင်အားရှိလာခဲ့သလို သူမ၏မျက်လုံးထဲတွင်လည်း သူ ပြောလာမည့်စကားတို့အပေါ် မျှော်လင့်ခြင်းများစွာဖြင့် စောင့်ဆိုင်းနေမှုတို့ကို အတိုင်းသား မြင်နေရသည်။

ဖြေရှင်းချက်ထုတ်ရတော့မည်ဆိုသောအခါ အတွေးတို့ကို အစီအစဉ်အလိုက် ပြန်ဆက်စပ်ရတော့သည်။ ထို့နောက် သူ့နှုတ်ဖျားမှ ထွက်ကျလာသည့် စကားလုံးတို့...

.
.
.
.
.

ဂျီမင် သူမကို စတွေ့ခဲ့ရသော ကျောင်းစတက်သည့်နေ့ကိုတော့ သူ ဘယ်တော့မှ မေ့မည်မဟုတ်။ ထိုနေ့က နေရာသစ်တစ်ခုကို ခြေချရမည်ဖြစ်သောကြောင့် သူ စိတ်လှုပ်ရှားနေမိသည်။ ကျင်လည်ခဲ့ဖူးသည့် အထက်တန်းကျောင်းဝင်းတို့ထက် ကျယ်ဝန်းသည့်ဧရိယာတို့အပြင် အရင်လို တူညီကျောင်းဝတ်စုံတို့နှင့်မဟုတ်ဘဲ အရောင်အသွေးစုံလင်သည့်လူများစွာတို့က မျက်စိတဆုံးတွင် ပြန့်ကျဲစွာရှိနေသည်။ အားလုံးက နုရွယ်ပျိုမြစ်ကြသည့်အရွယ်များဖြစ်သောကြောင့် fresherနှင့် seniorကို ခွဲခြားရခက်နေသေးသည်။

သူ ပထမဆုံးလုပ်ရမည်က ကျောင်းသားကဒ်ထုတ်ဖို့... ယောင်လည်လည်ဖြင့် ကျောင်းထဲပတ်နေရင်းကပင် သူ ယူထားသည့်မေဂျာဆိုင်းဘုတ်ထောင်ထားသည့် စားပွဲနှင့် ကျောင်းသားတချို့ကို တွေ့လိုက်ရသောကြောင့် တန်းတန်းမတ်မတ်လျှောက်လာခဲ့မိသည်။ ထိုစဉ် သူ့ကို စိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံ။ ခေါင်းအစ၊ ခြေအဆုံးကို တစ်စက္ကန့်သာသာလောက် အချိန်လေးအတွင်းတွင် ရအောင်ကြည့်ပြီး ချက်ခြင်း သူ မဟုတ်သလို မျက်နှာလွှဲသွားသည့်မိန်းကလေး ။ သူမနှုတ်ခမ်းပါးတို့သည် ခပ်ရေးရေးလေး ပြုံးနေခဲ့သည်။

The Illusion Of LoveWhere stories live. Discover now