Z.C + U.C ©
*** ကို့အပေါ်အနိုင်ယူတက်တဲ့သူကို အပြုံးမပျက်ပဲသည်းခံတာ...အဲ့တာဘာကြောင့်လဲ...သေချာတာကတော့ အဲ့တာအချစ်ဆိုတဲ့ ကြောက်စရာစွဲလမ်းမှုကြောင့်နဲ့တူပါတယ်***
~အရိပ်ဖြူ...ကျွန်မနာမည်က အရိပ်ဖြူ...နာမည်နဲ့လူနဲ့လိုက်ပါတယ်...ပုံစံကဖြူဖတ်ဖတ်...သူက ကျွန်မကိုခေါ်တာက ဖြူ...တဲ့...သူကျွန်မကိုအဲ့လိုခေါ်လိုက်ရင် ကျွန်မရင်တွေအရမ်းခုန်တာပဲ...
သူ..ဆိုတာ ကျွန်မအချစ်ဆုံးသူငယ်ချင်း...အင်း...သူငယ်ချင်းပဲပေါ့ သူနဲ့ကျွန်မကဒီ့ထက်ပိုပြီးအဆင့်တက်ခွင့်မရှိဘူးထင်ပါရဲ့...
သူ..က ကျွန်မတို့အခုတက်နေတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်က Queen လေ...
အဟက်...ဘာလဲအံသြသွားလား...အရိပ်ဖြူ ဆိုတဲ့ကျွန်မက မိန်းခလေးအချင်းချင်းစိတ်ဝင်စားနေတာကို...
အံသြလဲမတက်နိုင်ဘူး...ဒါက သူ့စိတ်ခံစားချက်နဲ့ဖြစ်လာတာလေ ဒါတွေကအရေးမကြီးဘူးလို့ထင်တာပဲ ကျွန်မကတော့...
သူပျော်နေရင်ကျေနပ်တယ် ကို့ကြောင့်သူစိတ်ချမ်းသာရင်ကျေနပ်တယ် အဲ့တာကြောင့် သူ့ကိုဆို ကျွန်မကအကုန်ဖြည့်စည်းပေးတာ...
တခါတလေဆို သူ့ရည်းစားနဲ့လျောက်သွားရင် ကျွန်မကိုခေါ်တက်တယ် ကျွန်မလေသူ့စကားဆိုတသွေမတိန်းနားထောင်တာ...
ကို့မျက်စိရှေ့မှာ ကိုယ်ချစ်တဲ့သူက တစ်ခြားတစ်ယောက်နဲပျော်ရွှင်နေတာကို ဘယ်သူကကြည့်နိုင်မှာလဲ...
ဒါပေမဲ့ ကျွန်မဆိုတာကလဲလေ သူမျက်နှာလေးတစ်ချက်ပြောင်းသွားတာနဲ့ မနေတက်မထိုက်တက်...
အဲ့တာကြောင့် သူ့က ကျွန်မကိုဆိုအရမ်းနိုင်တာ...
သူမသိပါဘူး ကျွန်မ ဘယ်လောက်ခံစားရလဲဆိုတာ...ရှင်တို့ကပြောလိမ့်မယ်...ဖွင့်ပြောလိုက်လေဆိုပြီး...
ဟက်...အဲ့လောက်လွယ်မယ်ထင်လား...သူလက်ရှိတွဲနေတာ ယောက်ျားလေးတွေ...ကျွန်မလို ငယ်ပေါင်းသူငယ်ချင်း မိန်းခလေးတစ်ယောက်ကိုသူလက်ခံနိုင်မယ်ထင်လား...
YOU ARE READING
♡ နှလုံးသားအရိပ်-နှလုံးသားအရိပ် ♡ [Completed-2]
RomanceG x G (OC) -Drama x Romance- About - Heart equal love! Z+U