Z.C + U.C ©
~၀င့်လွှာ နှောင်းကိုဖွင့်ပြောပြီးတဲ့နေ့ထဲက ၀င့်လွှာနဲ့နှောင်း အခြေအနေကသိသိသာသာပြောင်းလဲလာပါသည်။
ဘေးကသူတွေတောင်ရိပ်မိနေသလိုလိုမျိုးဖြစ်နေပြီ ဘာလို့ဆို တစ်ခုခုဆို ၀င့်လွှာက နှောင်းကိုပဲခိုင်းတော့တယ် ပြီးတော့ သူ့မအနားမှာပဲနှောင်းကိုတစ်ချိန်လုံးထားတယ် တစ်ခြားသူတွေနဲ့စကားပြောနေရင်လဲ မျက်စောင်းတွေထိုး သ၀န်တွေတိုတာပြောစရာပင်မလိုပါ။
သူဋ္ဌေးဆိုပြီးလုပ်ချင်တိုင်းလုပ်နေတာ ဘေးကသူတွေကကြောက်လို့ မပြောပေမဲ့ ကြားထဲကနှောင်းကပဲအားနာစရာတွေဖြစ်ရလွန်းလို့ တောင်းပန်ရတာလဲခဏခဏ။
သ၀န်တိုတာလေးတွေလျော့ဖို့ပြောယူရပါသည်။အခုလို သူ့ကိုစဉ်းစားပေးနေတဲ့အချိန်အတောအတွင်းမှာ တော်တော်လေးလဲ ဂရုစိုက်ပါတယ် သွားတာလာတာ စားတာသောက်တာကအစ။
ကို့အပေါ်အသေးစိတ်ကအစလိုက်ပြီးဂရုစိုက်ပေး တစ်နေ့တစ်နေ့ သူ့ရဲ့စကားလုံးတွေအောက်မှာလူက ကြာတော့ပျော့ချင်လာသလိုလို။
အနေနီးလိုသာယာတာမဟုတ်ပဲ သူမဘက်ကပါ ၀င့်လွှာအပေါ်သံယောဇဉ်ပိုမိပါသည် သူငယ်ချင်းဆက်ဆံရေးထပ်ပိုပြီးတော့ပေါ့။
လူပဲလေ သာယာတက်တာပေါ့...မာကြောတဲ့ကျောက်တိုင်တောင်မှ နဲ့ပါများရင်ယိုင်နိုင်သေးတာပဲ ကိုယ်ကကျောက်တိုင်လဲမဟုတ် စကားလုံးချိုချိုလေးတွေ ဂရုစိုက်မှုလေးတွေ သူ့ရဲ့အကြည့်တွေအောက်မှာ အရည်ပျော်ချင်သလိုဖြစ်နေမိတာဆန်းသလား။
ဒါပေမဲ့ သူရဲ့စိတ်ထပ် ကိုယ့်ရဲ့ခံးစားချက်ကိုအရင်ဦးစားပေး စဉ်းစားနေရတယ် ကိုယ်ကိုတိုင်ကလဲ သူ့ကိုလက်ခံနိုင်ရဲ့လားဆိုတာကို သူများအကြောင်းအရင်မတွေးခင် ကိုယ့်စိတ်အခြေအနေကို ပြန်ဆန်းစစ်ကြည့်ရသေးတယ်။
ESTÁS LEYENDO
♡ နှလုံးသားအရိပ်-နှလုံးသားအရိပ် ♡ [Completed-2]
RomanceG x G (OC) -Drama x Romance- About - Heart equal love! Z+U