Z.C + U.C ©
~အရိပ်ဖြူ ထုံစံအတိုင်း မနတ်စောစော နှောင်းငယ်ကိုနိုးဖို့ အိမ်ကထွက်မလို့အလုပ်...
"အား...ဖေဖေ ...သမီး ခေါင်းကိုက်တယ် အရမ်းနာတယ်ခေါင်းထဲက... အား...ဖေ~~"
စကားတောင်မဆုံးလိုက်ပါ အရိပ်ဖြုအိမ်ရှေ့မှာတင်ပစ်လဲကျသွားပါသည်။
အရိပ်ဖြူ သူ့အဖေကို နှုတ်ဆက်ပြီးနှောင်းငယ်အိမ်သွားမလို့ပဲရှိသေးတယ် ရုတ်တရက် ခေါင်းကထိုးကိုက်လာပါတယ်...
ပုံမှန်ဆိုညဘက်မှကိုက်တက်တဲ့ခေါင်းက နောက်ပိုင်းအချိန်တိုင်းလိုလို ကိုက်တက်နေတော့ အဖေဖြစ်သူကစိုးရိမ်နေတာ...
အဖေဖြစ်သူ ခေါင်းကိုက်လွန်ပြီးလဲကျသွားတဲ့ သမီးဖြစ်သူကို ပွေ့ချီလိုက်ပြီး ဆေးရုံသွားဖို့ပြင်ပါတော့တယ်...
နေတာကပင်လုံအိမ်ယာဆိုတော့ ပင်လုံဆေးရုံသို့... ဒါကအတော်ဖြစ်သွားတယ်လို့ပြောရမယ်...
အနားမှာဆေးရုံရှိနေတာ။အရိပ်ဖြူရဲ့ အဒေါ်တွေကလဲ ကမန်းကတန်း ဆေးရုံလိုက်ရတာပေါ့...
ဒါတွေအားလုံးကိုတော့ အရိပ်ဖြူလာမနိုးသေးလို့ အိပ်ယာကမထသေးတဲ့ နှောင်းငယ်တစ်ယောက်သိမယ်မထင်ပါ...နှောင်းငယ်တို့အိမ်ကအဒေါ်ကြီးကလဲ ၇ နာရီထိုးခါနီးနေပြီ အရိပ်ဖြူ မလာသေးတော့ သူကိုယ်တိုင်ပဲ နှောင်းငယ် ကိုလာနိုးရတာပေါ့...
ပုံမှန်အရိပ်ဖြူ နိုးနေကျပေမဲ့ သူ့ကိုအရိပ်ဖြူက သူမလာနိုင်တဲ့နေ့တွေကျရင် နှောင်းငယ် ကိုနိုးပေးဖို့ပြောထားတယ်လေ
နှောင်းငယ် က အရိပ်ဖြူလာနိုးတာကိုစောင့်ရင်း မျော်နေတဲ့သူက မလာပဲ တစ်ခြားတစ်ယောက်ဖြစ်နေတော့ စိတ်ကောက်သွားပါလေရော...
စိတ်ကောက်ပြီး အရိပ်ဖြူကို ဖုန်းဆက်လိုက်တော့ လူကြီးမင်း နဲ့ပဲတိုးနေပြီး အိမ်ကိုဆက်တော့လဲ မကိုင်တော့ စိတ်ဆိုးသွားတယ်...
CZYTASZ
♡ နှလုံးသားအရိပ်-နှလုံးသားအရိပ် ♡ [Completed-2]
RomansG x G (OC) -Drama x Romance- About - Heart equal love! Z+U