Z.C + U.C ©
"နှောင်းအခုတလောပြုံးလို့ရွှင်လို့ပါလား...ပြီးတော့ ကုမ္ပဏီ မှာ ကိုသတင်းတွေကြားတယ်နော် သူဋ္ဌေးနဲ့ဘာလိုလိုညာလိုလိုဆိုလား..."
နှောင်းနဲ့နောင် သီးသန့် နှစ်ယောက်ထဲ JC က ကိုရီးယားမုန့်ဆိုင်မှာ ထိုင်ပြီးစကားပြောတွေပြောနေကျပါသည်။အထူးသဖြင့် နှောင်းနဲ့ဝင့်လွှာ ရဲ့အကြောင်းဆိုရင်မမှားဘူးပေါ့။
နောင် ရိပ်မိတာလည်းမဆန်းပါဘူး ၀င့်လွှာက တစ်ခြားသူရှေ့မှာ သ၀န်သိပ်မတိုတက်ပေမဲ့ နောင် နဲ့ဆိုရင်သ၀န်တွေအရမ်းတိုတာ ပြီးတော့ နှောင်းကိုလဲနောင်နဲ့သိပ်ပေးမတွေ့ဘူးရုံးမှာဆို တွေ့စရာရှိရင်လဲအနောက်ကသူမပါ,ပါသည်။
"ဟင်း...နှောင်းလဲမသိတော့ပါဘူး လိုသူတွေရှိသလိုမနာလိုသူတွေလဲ ရှိကျတာပဲလေ သူကဘားမှမဖြစ်သလိုနေပေမဲ့ နှောင်းကကြားထဲက အားနာရတယ် ပြီးတော့ သူ့လိုအောင်မြင်တဲ့သူတစ်ယောက်အကြောင်းကို တစ်ဖတ်ပြိုင်ဘက် ကုမ္ပဏီ တွေကအတင်းအဖျင်းလိုလုပ်ပြောနေကျတာ အဲ့လိုကျတော့ နှောင်းလဲပယောဂမကင်းသလိုခံစားရတယ် ဒီနေရာမှာ ကိုကိုဆိုရင်ကောဘယ်လိုခံစားရမလဲ..."
မှာထားတဲ့စားစရာတွေကို တို့ကနန်းဆိတ်ကနန်းလုပ်ပြီး ပြီးမှအားရပါးရစားတက်တဲ့နှောင်းရဲ့ပုံစံကြောင့် နောင်ကလဲ အခုနှောင်း စားချင်သလိုမစားချင်သလိုလုပ်နေပြီး သူမပြောတဲ့စကားတွေကို စိတ်ဝင်တစားနားထောင်ပေးနေရှာပါသည်။
"ဒါကတော့ နှောင်းရဲ့ခံစားချက်နဲ့ပဲဆိုင်ပါတယ် ဒီနိုင်ငံမှာက အခုလို လိင်တူတွဲတဲ့ပေါ်ကိုလက်မခံတာအကိုနားလည်ပါတယ် ပြီးတော့ မြန်မာနိုင်ငံကဖွံဖြိုးဆဲနိုင်ငံဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လဲ လက်မခံကျသေးတာဖြစ်ချင်ဖြစ်မှာပါ တစ်ခြားဖွံဖြိုးပြီးနိုင်ငံမှာ ကြီးပြင်းလာတဲ့အကိုအတွက်ကတော့ ဒီကိစ္စကလူ လူချင်းချစ်တာလို့ပဲ မြင်ကြတော့တယ် ရှုံချမှုတွေရှိနေသေးပေမဲ့ လက်ခံလာကျတယ် ဒါတွေအားလုံးကသူတို့စိတ်ပေါ်မှာပဲမှုတည်ပါတယ် နှောင်းရဲ့ ခံစားချက်ကသာ အစစ်အမှန်ဆိုရင် ဒီလိုပြောဆိုနေမှုပေါ်ကို ကြောက်စရာမလိုပါဘူး သူနဲ့ကိုနဲ့ချစ်နေရင်ပြီးတာပဲမဟုတ်လား..."
DU LIEST GERADE
♡ နှလုံးသားအရိပ်-နှလုံးသားအရိပ် ♡ [Completed-2]
RomantikG x G (OC) -Drama x Romance- About - Heart equal love! Z+U