Z.C + U.C ©
~အရိပ်ရဲ့အဖေဖြစ်သူ အိမ်ကိုလိုက်ပို့ပေးပြီးထဲက နှောင်းငယ် သူ့အခန်းထဲမှာထိုင်နေတာ ၃ နာရီလောက်ရှိတော့မယ်...
ငိုရလွန်းလို့ မျက်လုံးတွေနီရဲနေတာပဲ...ဒါပေမဲ့ငိုနေလို့လဲ ထူးလာမှာမဟုတ်တာ...
*စာ...စာ...ဟုတ်တယ် သူပေးထားတဲ့စာ ဖတ်ရမယ်...*
ဆေးရုံမှာ အရိပ်ဖြူ ပေးလိုက်စာကို ကမန်းကတန်းလိုက်ရှာပြီး...
စာအိတ်ကိုဖွင့်ပြီး စာကိုဖတ်ပြီးနောက်မှာ နှောင်း သူရင်ဘက်ကို သူထုပြီး ငိုနေပါတော့တယ်...
အိမ်ကိုပြန်ရောက်လာထဲက မျက်နှာမကောင်းတဲ့ သမီးဖြစ်သူကို ကြည့်ပြီး နှောင်းရဲ့မိခင်က စိတ်မချ၍ သူ့အခန်းကိုလာကြည့်တော့...
ရင်ဘက်ကိုထုပြီး ခုတင်ခြေရင်းမှာ စာရွက်တစ်ခုကို ကိုင်ကာ ငိုကြွေးနေတဲ့ သမီးဖြစ်သူကိုမြင်ပြီး အခန်းထဲပြေးဝင်လာကာ...
သူ့ရင်ဘက်သူထုနေတဲ့လက်ကိုဆွဲထားပြီး အမေဖြစ်သူက သူ့ရင်ခွင်ထဲဆွဲသွင်းထားလိုက်ပါတယ်...
သမီးဖြစ်သူဖတ်နေတဲ့စာရွက်ကိုဖတ်ကြည့်လိုက်တော့...အရိပ်ဖြူ ပေးတဲ့စာတဲ့...ရေးထားတာတွေက...
>နှောင်း...နင်ဒီစာဖတ်နေတဲ့အချိန် ငါဒီလောကကြီးမှာရှိမနေတော့ဘူး နင့်အနားမှာလဲငါမရှိတော့ဘူး ငါ့စကားသံကိုလဲနင်မကြားနိုင်တော့ဘူး နင်ခိုလှုံနေကျ ငါ့ရင်ခွင်လဲမရှိတော့ဘူး...
နင်ဒီစာဖတ်နေရင်း ငိုနေမှာငါသိပါတယ် ဒါပေမဲ့ ငါ့အတွက် ဒီနေ့တစ်ရက်ပဲ ငိုပါ နှောင်းရယ်...
နောက်ရက်တွေကစပြီး နင့်ငါ့အတွက်မငိုနဲ့တော့နော်...အရင်လို ငါနင့်ကို မနတ်တိုင်းလာမနိုးနိုင်တဲ့အခါ ငါပေးထားတဲ့နာရီလေးက alarm သံလေးက နင့်ကိုနိုးပါလိမ့်မယ်...
နင်နေမကောင်းဖြစ်တဲ့အခါ ဆေးမသောက်ပဲမနေရဘူးနော် ငါစိတ်ဖြောင့်ဖြောင့်နဲ့သွားချင်လို့ပါ...
BINABASA MO ANG
♡ နှလုံးသားအရိပ်-နှလုံးသားအရိပ် ♡ [Completed-2]
RomanceG x G (OC) -Drama x Romance- About - Heart equal love! Z+U