Z.C + U.C ©
~တစ်ချက်တစ်ချက် ပြောင်းလဲတက်တဲ့ မာန်ဝင့်လွှာ ရဲ့စိတ်ကို သူနဲ့အပြိုင်လိုက်ပြီး နှောင်းလဲ စိတ်ရှုပ်ချင်စိတ်မရှိတော့ပါ...
အခုလဲ သူ့အိမ်မှာတဲ့ သူ့မောင်ခရီးသွားနေလို့ ဒီညတော့လာအိပ်ပေးပါတဲ့ ညဘက်စကားပြောဖော်လူမရှိလို့တဲ့လေ...
ကျွန်မလဲသူ့ကိုသနားစိတ်လေးဝင်မိတာတော့အမှန်ပါ...
သူ့အကျင့်နဲ့ကျွန်မအကျင့်ကတူတယ်သိလား...အဲ့တာသူငယ်ချင်းများများစားစားမရှိတာပဲ...
ငယ်ငယ်ထဲသူ့မိဘတွေမရှိတော့ထဲက သူ့မှာလဲ အဘွားရယ် မောင်ဖြစ်ရယ် ပဲရှိတာလေ...အဘွားကလဲအဝေးမှာဆိုတော့ အခုလိုသူ့မောင်ခရီးသွားရင် သူလဲတစ်ယောက်ထဲပျင်းနေမှာပေါ့...
အခုသူ့အိမ်မှာ သူကခေါက်ဆွဲကြော်စားချင်တယ်ဆိုလို့ ကြော်ပေးနေရတယ်...
ဝယ်မစားဘူးလားဆိုပြီးမေးတော့...ဆိုင်ကဟာတွေစားရတာရိုးနေပြီ အိမ်မှာကိုယ်တိုင်ကြော်တာပဲစားချင်တာတဲ့လေ...
ကိုယ့်ဘာသာကြော်မစားဘူးဆိုတော့...သူမှမလုပ်တက်တာတဲ့...အိမ်မှာထမင်းချက်ပေးတဲ့အန်တီက သူ့အိမ်ပြန်သွားလို့ ညဘက်အားနာလို့တဲ့ အဲ့လိုပြောတော့ သူကကော ကျွန်မကိုအားမနာဘူးလား...
မေးကြည့်ပါသေးတယ် အရင်ကမောင်နှမနှစ်ယောက်ညဘက်တွေ ညစာဘယ်လိုစားလဲမေးတော့ ထည်ဝါလုပ်ပေးတာတဲ့ အဲ့တစ်ခွန်းထဲနဲ့တင်ကျွန်မနားလည်လိုက်ပါသည်။
တွေးလိုက်မိတယ် သူတို့နှစ်ယောက်မှားများမွေးလာသလားလို့..."စားလို့အဆင်ပြေလား...နှောင်းလဲရှိတာနဲ့အဆင်ပြေသလို လုပ်ပေးထားတာ..."
"အင်းပြေပါတယ် ကျေးဇူးတင်ပါတယ် အခုလို အတူလာနေပေးလို့"
"ရပါတယ် ကျွန်မမှာတာဝန်ရှိတာပဲ ခဏနေအသီးလုပ်လာပေးမယ် လသာဆောင်မှာ ခဏစာင့်နော်..."
VOCÊ ESTÁ LENDO
♡ နှလုံးသားအရိပ်-နှလုံးသားအရိပ် ♡ [Completed-2]
RomanceG x G (OC) -Drama x Romance- About - Heart equal love! Z+U