Z.C + U.C ©
"မမ နှောင်း သူ့အကိုနဲ့ကနေဒါကိုလိုက်သွားတယ်တဲ့ ပြောတာကတော့ Eric ရဲ့မင်္ဂလာပွဲကြောင့်နဲ့တူတယ်..."
သူမတို့နှစ်ယောက်ပြဿနာတက်ပြီးတဲ့နေကစပြီး ၀င့်လွှာအလုပ်မသွားပဲ အိမ်ထဲမှာနေနေတာ တော်တော်ကြာပါပြီ လူကမျက်တွင်းဟောက်ပတ်နဲ့ အချိန်တိုင်းငိုင်နေတဲ့ အမဖြစ်သူကိုလဲမကြည့်ရက်ပါ။
"မဟုတ်ပါဘူး သူငါ့ကိုစိတ်နာသွားတာ သူငါ့ကိုစိတ်နာပြီးထွက်သွားတာ"
"ဟာ...မဟုတ်တာ မမ ကလဲမမ မယုံရင်အဲ့ကိုလိုက်သွားပြီး တွေ့အောင်လုပ်လေ ပြီးတော့ Eric ကိုလဲအကူအညီတောင်းလို့ ရနေတာပဲ..."နှောင်းရဲ့နောက်သို့လိုက်ချင်ပါတယ် ဒါပေမဲ့ နှောင်းပြောတဲ့အဖြေဆိုတာ စဉ်းစားနေဆဲမို့သွားမတွေ့ရဲ့သေးပါ။အချိန်တန်ရင် သူတွေ့မှာပါ တကယ်လို့သာနှောင်းလက်ခံခဲ့မယ်ဆိုရင်ပေါ့။
"ရပါတယ် ငါတို့နှစ်ယောက်ကြားမှာ လိုအပ်နေတဲ့အဖြေရရင် ငါကိုယ်တိုင်နှောင်းကိုသွားတွေ့မှာပါ ဘယ်သူ့ရဲ့အကူအညီမှမလိုပဲနဲ့.."
"ဟင်း...မမပြောတဲ့အဖြေသာမြန်မြန်ရပါစေလို့ ကျွန်တော်ဆုတောင်း ပေးပါတယ် ကျွန်တော်အခု အရေးကြီးတဲ့ meeting သွားစရာရှိလို့ ကုမ္ပဏီ သွားတော့မယ် ကျွန်တော်မရှိတုန်းဒီတိုင်းကြီး ဒီနားမှာမတ်တပ်ရပ်မနေနဲ့အုန်းနော် ကျွန်တော်ဆေးနဲ့မုန့်နဲ့ မမ ခုတင်ဘေးမှာထားခဲ့တယ် ကျွန်တော်စိတ်ချမယ်နော် နော် မမ..."အမေးသာရှိပြီးအဖြေပြန်မလာသော အမဖြစ်သူကိုကြည့်ပြီး ထည်ဝါစိတ်မချဖြစ်နေသည်မှာမှားမည်မထင်ပါ။
မောင်ဖြစ်သူထွက်သွားသည့်တိုင် အိပ်ခန်းပြတင်းပေါက်နားမှာ မတ်တပ်ရပ်နေမြဲဖြစ်သည့်ဝင့်လွှာကတော့ ပိတ်ထားတဲ့ပြတင်းပေါက်ကို လာစင်တဲ့မိုးစက်လေးတွေကိုကြည့်ပြီး မျက်ရည်များစီးကျနေပါတော့သည်။
YOU ARE READING
♡ နှလုံးသားအရိပ်-နှလုံးသားအရိပ် ♡ [Completed-2]
RomanceG x G (OC) -Drama x Romance- About - Heart equal love! Z+U