Z.C + U.C ©
~သုံးနှစ်ခန့်ကြာသော်...
ကန်တော်ကြီးထဲက တစ်နေရာမျာ ကောင်မလေးတစ်ယောက် ရေပြင်ကိုကြည့်ကာငေးရင်း စကားတွေပြောနေပါတယ်...
မျက်ဝန်း ထဲမှာလဲ ၀မ်းနည်းမှုပုံရိပ်ရောင်တွေနဲ့...
နှခမ်းထက်မှာ အပြုံးနဲ့ပေမဲ့ မျက်ဝန်းထဲမှာ ပုလဲရည်တွေခနေပါသည်။"ဖြူ...ငါပြန်လာပြီသိလား...sorry ပါဟာ ငါအလုပ်ကိစ္စနဲ့ မုံရွာခဏရောက်နေလို့ နင့်မွေးနေ့မှာနင်နဲ့အတူမရှိခဲ့ရဘူး...ဒါပေမဲ့လာမဲ့မွေးနေ့တော့ငါဒီမှာရှိမှာ...ဟီးဟီး...ပြီးတော့ ငါအခုအလုပ်လဲထွက်လိုက်ပြီ...အဲ့က မန်နေဂျာက ငါ့ကိုရိ့သက်သက် လာလုပ်လို့ငါပညာပေးပြီးထွက်လာတာ...ငါတော်တယ်မဟုတ်လား...အခုလက်တလောတော့ငါအားနေမှာ အဲ့တာ စာဖိုမှုးသင်တန်းလေးများ တက်ရင်ကောင်းမလားလို့..."
နှောင်း...ဆိုတဲ့မိန်းခလေးက ချောလဲချောဆိုတော့...သူ့နားကပ်တဲ့ ကောင်လေးတွေကအများကြီးလေ...
အလုပ်ထဲမှာဆိုလဲ သူ့ကိုလိုက်နေတဲ့သူတွေအများကြီး...
အလုပ်သဘောအရဆက်ဆံပေမဲ့ သူတို့တွေကအဲ့လိုမှမဟုတ်တာ...ဒါပေမဲ့အရင်ကလို နှောင်းငယ် မဟုတ်တော့တဲ့အတွက် မရှုပ်တက်တော့ဘူး...
သူ့ကိုလာရစ်ပြီဆိုရင်လဲ တစ်ခုခုပြန်လုပ်တက်လာတယ်...
အလုပ်က သူဋ္ဌေးက အလုပ်လုပ်တာ နည်းစနစ်ကျပြီး တော်လို့သူ့ဘက်နေပေးတာပေါ့..."ဖြူ...မေမေတို့ကပြန်လာခေါ်တယ်သိလား...ဒါပေမဲ့ငါမလိုက်ဘူး ငါမလိုက်တဲ့အကြောင်းလဲနင်သိမှာပါ...
တစ်ခါတစ်လေ ငါဒီနိုင်ငံကထွက်သွားချင်တယ်...နင့်ကိုလွမ်းတဲ့စိတ်များ လျော့သွားမလားလို့လေ...
ဒါပေမဲ့ နင့်ကိုလွမ်းတာ ဦးနှောက်ကမဟုတ်ပဲ နှလုံးသားကဖြစ်နေတော့ ခတ်တယ်ဟာ...
အရင်ကစိတ်နဲ့သာဆို ငါငိုလိုက်တာကြာပြီ...
ငါမငိုဖို့ကြိုးစားရတာ အရမ်းပင်ပန်းတယ်...၀မ်းနည်းပတ်လက်ငိုတာ မဟုတ်ပဲ တိတ်တဆိတ်တော့ငိုမိတယ်...
ဒါမဲ့ငါငိုတာနင့်ကြောင့်မဟုတ်ဘူးနော် ဖြူ...ငါပင်ပန်းလို့ငိုတာ..."
KAMU SEDANG MEMBACA
♡ နှလုံးသားအရိပ်-နှလုံးသားအရိပ် ♡ [Completed-2]
RomansaG x G (OC) -Drama x Romance- About - Heart equal love! Z+U