Z.C + U.C ©
"နှောင်း..ကို့ရင်တွေအရမ်းခုန်နေတယ်သိလား.."
"ဟင့်..ရှင်ကလဲ ခုန်မှာပေါ့မခုန်ရင် ရှင်သေသွားမှာပေါ့.."စပ်ဖြီးဖြီးနဲ့သူ့ကိုပြောနေသော အရှေ့ကနှောင်းဆိုသည့်သတ္တ၀ါမလေးကို ဖတ်ပြီးနမ်ချင်သည့်စိတ်ကိုမနဲ့ချုပ်ထိန်းထားရပါသည်။
ကိုယ်ပြောတဲ့အဓိပ္ပါယ်ကိုသိသိကြီးနဲ့လာစနေသော ထိုခလေးပေါက်စမလေးကိုလဲအပြစ်မတင်ရက်ပါ။
ဒီနေ့ နှောင်းရဲ့မိဘတွေနှင့်အဘွားဖြစ်သူ တွေ့မယ်ဆိုလို့သာလာရတာ ကြောက်မိပါသည်။ အဘွားကတော့လူကြီးပီပီအိမ်ထဲသို့အရင်ဝင်သွားပြီ ဖြစ်သော်လဲ အခုချိန်ထိအိမ်ထဲမ၀င်ရဲသေးပဲ နှောင်းနဲ့အတူအိမ်ပေါက်ဝတွင်ရပ်ကာစကားပြောနေမိပါသည်။
"ဘားမှမပူပါနဲ့ ဖေဖေမေမေတို့ကလဲ မာန်နဲ့နှောင်းရဲ့အကြောင်းကို သိနေပြီးသားပဲဟာ ပြီးတော့မာန့်ရဲ့ဘေးမှာ နှောင်းတစ်ယောက်လုံးရှိတယ် စိတ်မပူနဲ့နော်.."
မာန့်ရဲ့လက်ကိုကိုင်လို့ပြောလိုက်ပါသည်။ ၀င့်လွှာကလဲ နှောင်းရဲ့လက်ကိုပြန်ဆုတ်ကိုင်လို့ ယုံကြည်ချက်အပြည့်နဲ့ နှစ်ယောက်သားမိဘတွေရှိရာသို့သွားလိုက်ပါသည်။
နှောင်းရယ်သူ့မိဘတွေရယ်ကတစ်ဖတ် အဘွားဖြစ်သူနဲ့ဝင့်လွှာရယ်က တစ်ဖတ် မျက်နှာချင်းဆိုင် ဧည်ခန်းထဲကခုံမှာ အသီးသီးထိုင်နေကျပါသည်။
"သမီးတို့နှစ်ယောက်အကြောင်းကို ဖေဖေတို့လဲ သိသင့်သလောက်သိထားပြီးပြီးဆိုတော့ သမီးတို့ရှေ့ဆက်ဘာလုပ်မယ်လို့ စဉ်းစားထားလဲ.."
နှောင်းနဲ့ဝင့်လွှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ နှောင်းက မာန်ပြောလိုက်ပါဆိုသည့်အကြည့်နှင့်ဆိုတော့ ၀င့်လွှာ မှာနှောင်းကိုကြည့်ပြီးအားတင်းကာပြောလိုက်ပါသည်။
ESTÁS LEYENDO
♡ နှလုံးသားအရိပ်-နှလုံးသားအရိပ် ♡ [Completed-2]
RomanceG x G (OC) -Drama x Romance- About - Heart equal love! Z+U