Z.C + U.C ©
"နှောင်း...အခုတလောလေ ခန့်ကိုဆိုတဲ့တစ်ယောက်ခြေငြိမ်နေတယ် အကဲခတ်နေတာလား ဘာလားတော့မသိ နှောင်းသတိထားနော် အကိုက ယောက်ျားလေးဆိုတော့ကိစ္စမရှိပေမဲ့ အကိုနှောင်းကိုစိတ်ပူတယ်"
အလုပ်ကအပြန် JC ကိုခဏ၀င်ပြီး KFC မှာမုန့်ထိုင်စားနေသော နှောင်းနဲ့သူမ၏အကိုဖြစ်သူ Eric John...
"နှောင်းသတိထားပါ့မယ် ကိုကိုရယ် တကယ်ပဲ ကိုကိုကနှောင်းရဲ့ အကိုရင်းသာဆိုရင်အခုထပ်ပိုပြီးပေါက်ပေါက်ဆုတ်ရောင်းအုန်းမှာလား မသိဘူး..."
"ဟင်...ဘာလဲပေါက်ပေါက်ဆုတ်"နိုင်ငံခြားမှာနေတဲ့သူကို မြန်မာဗန်းစကားတွေဘယ်လိုသုံးလိုက်တာလဲ တဖတ်လူကအူကြောင်ကြောင်တွေဖြစ်ကုန်ပြီပေါ့။
သူပြောတာသဘောမပေါက်၍ပြန်မေးနေတဲ့သူကြီးကို နှောင်းအပြစ်မမြင်ရက်ပါ သူကလဲသူပဲကို..."ဟဲဟဲ ပေါက်ပေါက်ဖောက်ပြီးပွစိပွစိလုပ်တာပြောတာပါ ဆော်တီး ဟီးဟီး နှောင်းကဒီလိုပဲပြောလိုက်တာ ပြီးတော့နှောင်းရဲ့အကိုဖြစ်တဲ့သူကလဲ အခုလိုပဲစိတ်ပူနေမှာပဲလို့တွေးမိသွားလို့ပါ..."
"နှောင်းကော သူ့ကိုမတွေ့ချင်သေးဘူးလား"တမင်မေးလိုက်တာပါ ဒါကိုနှောင်းကတော့မသိပါဘူး...
သူကိုယ်တိုင်လဲ တွေ့ချင်နေပါတယ် ဒါပေမဲ့..."တွေ့မှာ နှောင်းအဆင်သင့်ဖြစ်တာနဲ့ ဖေဖေ့ကိုတောင် နှောင်း မနဲ့ကြိုးစားပြီးအားတင်းပြီးတွေ့လိုက်ရတာ အဲ့တာကြောင့်ပါ"
"ဟုတ်ပါပြီ ဒါကတော့နှောင်းအပိုင်းပါ ပြန်ရအောင်လေ စကားလဲကောင်းနေတာ..."
"ဟုတ်ကဲ့ပြန်မယ်လေအဲ့တာဆို ဒါနဲ့ နောက်နေ့ကျရင် နှောင်းအိမ်ကိုထမင်းစားဖိတ်မယ် သိလားမေမေနဲ့မိတ်ဆက်ပေးမယ် သမီးမှာ အကိုအစားတစ်ယောက်ရထားတယ်လို့ပြောမလို့ ဟီး...အဲ့တာ မငြင်းရဘူးနော် ငြင်းရင်စိတ်ဆိုးမှာ..."
ESTÁS LEYENDO
♡ နှလုံးသားအရိပ်-နှလုံးသားအရိပ် ♡ [Completed-2]
RomanceG x G (OC) -Drama x Romance- About - Heart equal love! Z+U