1

4.1K 296 17
                                    

Zawgyi

ဒီ​နေ့ အရမ်းစိတ်​​တွေလှုပ်​ရှား​နေတာ
ဒီ​နေ့ ကျ​တော့်​အတွက်​ အထူးခြားဆုံး​နေ့
ကျ​တော်​ ပထမဆုံး အလုပ်​ဝင်​တဲ့​နေ့

တစ်​ခါမှ အ​စောကြီးမထဖူးတဲ့ ကျ​တော်​က
မနက်​အ​စောကြီး​နိုး​နေပြီး ​ရေမိုးချိုး အဝတ်​လဲကာ
သပ်​သပ်​ရပ်​ရပ်​ဖြစ်​​အောင်​ ပြင်​ဆင်​​နေမိသည်
ဘာပဲဖြစ်​ဖြစ်​ ဒီလို ပထမဆုံး​နေ့မှာ
လူအများ ကျ​တော့်​ကို အမြင်​ကြည်​​နေမှဖြစ်​မယ်​​လေ

" သား​ရေ.... မပြီး​သေးဘူးလား
မင်းအကိုကြီးက သားကုမ္ပဏီအထိ လိုက်​ပို့မလို့တဲ့ "

" ဟုတ်​ လာပြီ...လာပြီ "

မေ​မေ ​အောက်​က​နေ ​ခေါ်​နေတာ​ကြောင့်
မှန်​ကို ​နောက်​ဆုံးတစ်​​ခေါက်​ကြည့်​ကာ
အင်္ကျီကို ပိုသပ်​သပ်​ရပ်​ရပ်​ဖြစ်​ကာ ပြင်​လိုက်​ပြီး
လွယ်​အိတ်​​လေးလွယ်​ကာ ​အောက်​ထပ်​ကိုဆင်းသွားလိုက်​သည်

" ​မေ​မေ ​မောနီး ​ဆော့ဂျင်းဟွန်း ​မောနီး "

" မြန်​မြန်​စား...ပြီးရင်​သွားမယ်​ "

မနက်​စာ စားလို့​သောက်​လို့ပြီးသွားတာနဲ့ ​ဆော့ဂျင်းဟွန်းကားနဲ့
ကုမ္ပဏီ သို့ထွက်​လာခဲ့သည်​။

" ထယ်​​ယောင်း အလုပ်​ကို အမှားမရှိ​အောင်​လုပ်​​နော်
မင်းက ရိုးရိုးဌာနမှာ လုပ်​ရမှာမဟုတ်​ဘူး
မန်​​နေဂျင်း ဒါရိုက်​တာ ရဲ့ ​အတွင်း​ရေးမှူးလုပ်​ရမှာဆို​တော့
ပိုပြီး ​စေ့စပ်​​သေချာ ဖို့လို​တယ်​ ပြီး​တော့... "

ထင်​တယ်​...ထင်​တယ်​ ဟွန်း နဲ့လိုက်​လာမိတည်းကမှားတာပဲ
ကိုယ့်​ဘာသာ bus စီးပြီးလာရင်​ နားပူမှာမဟုတ်​ဘူး
တရားက​ဟော​နေတာ မပြီးနိုင်​မစီးနိုင်
ကုမ္ပဏီ မြန်​မြန်​​ရောက်​ပါ​တော့.........







နောက်​ဆုံး​တော့ ​ရောက်​လာပါပြီ......

ကိုရီးယားနိုင်​ငံရဲ့ အကြီးမားဆုံးကုမ္ပဏီ​တွေထဲကတစ်​ခုဖြစ်​တဲ့
Seagull Company

" ဟင်း..... "

ကျ​တော်​ ကုမ္ပဏီ ရဲ့အ​ငွေ့အသက်​​လေး​တွေကို
အားပါးတရ ရူရှိုက်​လိုက်​သည်​ ပြီး​တော့မှ
စိတ်​ကိုအဆင်​သင့်​ပြင်​ဆင်​လိုက်​ပြီး
ကုမ္ပဏီထဲသို့ ပထမဆုံး​ခြေလှမ်းကို စလှမ်းလိုက်​သည်











Say YesWhere stories live. Discover now