zawgyi
ဟင်း....ပျင်းလိုက်တာနော်...ဂျုံးဂုကိုမတွေ့ရတာ
တစ်ရက်နဲ့တစ်ပိုင်းတောင်ရှိပြီ အခုထိဖုန်းလေးတကော
တောင်မဆက်ဘူး နေနိုင်လိုက်တာ ယုန်စုတ်ဂုဂုရယ်ဘာမှန်းမသိဘူး ဂျုံးဂုအဖေကလဲ
ဂျယ်ဂျူးကို အလုပ်ကိစ္စနဲ့သွားရမယ်ဆိုလို့
နှစ်ယောက်တည်း ခရီးသွားရတော့မယ်ဆိုလို့
ကြည်နူးရုံရှိသေး...ဘာတဲ့...ဒီကအလုပ်တွေလစ်လင်းတာမဖြစ်အောင်
အတွင်းရေးမှူးကိုထားခဲ့တဲ့တော်တော်စိတ်ပုပ်တယ် ငါကတော်တော်လေးကို
အလုပ်မှာကျွမ်းတယ်ဆိုတော့....ထားလိုက်ပါလေ...လွမ်းရတဲ့အရသာခံစားဖူးသွားတာပေါ့
တစ်နေကုန်အလုပ်လဲသေချာမလုပ်ဖြစ်
ဂျုံးဂုကိုလွမ်းနေရတာနဲ့ စားလို့တောင်မဝင်ဘူးဖုန်းဆက်ဖို့ကကျတော့ အလုပ်များနေရင်
သက်သက်စိတ်အနှောင့်အယှက်ဖြစ်ဦးမယ်
သည်းခံသည်းခံ....ညကျမှ အလွမ်းသယ်ရမယ်ကုမ္ပဏီ ရှေ့မှာငူငူကြီးမတ်တပ်အကြာကြီးရပ်နေမိသည်
ဟင့်...ငိုချင်လာပြီ ဒီလိုအချိန်ဆို ဂျုံးဂုကားပေါ်တက်ပြီး
ကားမောင်းနေတဲ့ ဂျုံးဂုမျက်နှာလေးကိုငေးကာ
ပြန်နေကြ....လွမ်းတယ် ဂျွန်ဂျုံးဂုနဲ့" ဟဲ့ မန်နေဂျင်းဂျွန်ဂျုံးဂုကို ဒီလောက်အရည်အချင်း
ရှိမယ်လို့ တကယ်ကိုမထင်ထားမိတာ "ဘေးနားက ဝန်ထမ်းကောင်မလေးနှစ်ယောက်ပြော
နေတာကို ခိုးနားထောင်ပြီး သဘောကျမိသည်
တွေ့လား ငါ့ဂျုံးဂုကတော်တယ် ဟွန့်" အေး ငါတောင်ကြိုက်ချင်သလိုဖြစ်လာပြီ
ရုပ်ကလဲအခုမှသေချာကြည့်မိတော့
အရမ်းကို ယောကျာ်းပီသတာပဲဟယ် "ဒါတော့ များသွားပြီ..ငါ့ချစ်သူကို ပေါ်တင်ကြီး
လာပစ်မှားနေကြတယ် ဘယ်လိုဟာတွေလဲ
အရင်တုန်းကကျတော့ သောက်တင်းတွေတုပ်နေပြီးတော့များ
လူတွေများ သိပ်ကိုပြောင်းလဲတတ်ကြတာပဲ