5

1.4K 220 23
                                    

zawgyi

အား.......​ခေါင်းကိုက်​လိုက်​တာ...
မျက်​လုံး​တောင်​မဖွင့်​ရ​သေးဘူး ​ခေါင်းကထိုးထိုးပြီးကိုက်​​နေပြီ

ကြိုးစားပမ်းစားဖြင့်​ မျက်​လုံးကိုဖွင့်​လိုက်​ကာ ကုတင်​​ပေါ်ထိုင်​လိုက်​ပြီး နထင်​နားကို သက်​သာလိုသက်​သာငြား ဖိနှိပ်​​နေလိုက်​သည်

မရဘူး ​တစ်​သက်​နဲ့တစ်​ကိုယ်​ ​ခေါင်းအဆိုးရွားဆုံးကိုက်​ဖူးတာပဲ
တော်​ပြီ...​နောက်​ဘာဆိုဂျူမှမ​သောက်​ဘူး

" ​အော်​....နိုးလာပြီ​ပေါ့ သား​တော်​​မောင်​ "

သံပုရာရည်​​ခွက်​​လေးကိုင်​ကာ အခန်းထဲကို ဝင်​လာတဲ့​မေ​မေ

သံပုရာရည်​ ​သောက်​လိုက်​​တော့ ပုစိ​ညှောင့်​​တောက်​​လေး​တော့
သက်​သာသွားသည်​။ နည်းနည်းလဲ လန်းသွားသည်​။

" ကိုယ့်​အလုပ်​ရှင်​က သူ လူမှန်းသူမှန်းမသိ​အောင်​ မူး​နေတာကို
အိမ်​အထိ အ​ရောက်​ပြန်​​ပို့​ပေးရတယ်​ 
ငါ့မှာ​လေ သူ့ကို အားနာလိုက်​ရတာ "

" ဟမ်​...မ​နေ့က သားဘာသာပြန်​လာတာမဟုတ်​ဘူးလား "

" နင့်​ဘာသာဆိုရင်​ လမ်း​ဘေး​ပေါ်မှာအိပ်​​နေ​လောက်​ပြီ
နင့်​ရဲ့အလုပ်​ရှင်​ လိုက်​ပို့​ပေးတာ နင်​ထကိုမထနိုင်​လို့
သူကိုယ်​တိုင်​ အခန်းထဲထိ နင့်​ကိုချီပြီး ပို့​ပေးသွားတာ "

ဘယ်​လို.....မန်​​နေဂျင်းလား...
ငါ့အလုပ်​ရှင်​က သူတစ်​​ယောက်​တည်းရှိတာ
ဒါဆို မန်​​နေဂျင်းငါ့ကို အိမ်​ပြန်​လိုက်​ပို့​ပေးတာ​ပေါ့
အား.....ငါဘာ​တွေလုပ်​မိလဲ စဉ်းစားစမ်း

မရမက စဉ်းစားလိုက်​​တော့ မ​နေ့ညကကျ​တော်​​.......

" အား!!!!!! "

" ဟဲ့ဘာဖြစ်​တာလဲ "

အ​မေ​ ​မေးတာကိုပြန်​မ​ဖြေနိုင်​​သေးဘူး

ငါဘာ​တွေလုပ်​ခဲ့မိတာလဲ
မင်း​သေလိုက်​​တော့ ကင်​ထယ်​​ယောင်း​ရေ

" ကဲကဲ..​ရေမိုးချိုး ပြီး​ရင်​ အလုပ်​သွား​တော့ "

••••••••••••••••••••••••••••••••••••

Say YesМесто, где живут истории. Откройте их для себя