10

1.4K 256 74
                                    

zawgyi

Milktea ကို ပိုက်​ဖြင့်​တပြွတ်​ပြွတ်​ဖြင့်​​သောက်​ကာ
ဂျိုအကြည့်​​တွေကိုလွှတ်​​နေတဲ့ ကျွန်​​တော့်​ချစ်​သူ

" ထယ်​ ဘာ​တွေမ​ကျေမနပ်​ဖြစ်​​နေ​သေးတာလဲ "

မေးမှရ​တော့မယ်​ သူကျွန်​​တော့်​ကို အ​အေး​သောက်​ပြီး
စိုက်​ကြည့်​​နေတာ နာရီဝက်​​လောက်​ရှိပြီ

" ဂျုံးဂု​နော်​ ကျွန်​​တော်​ တကယ်​စိတ်​ဆိုး​တော့မယ်​ "

" ဟာ...ဘာကိုလဲထယ်​ရယ်
ကိုယ့်​ကိုပွင့်​ပွင့်လင်းလင်း​ပြော "

အို​ခေ​လေဆို​တော့မျက်​နှာ​ပေးမျိုးလုပ်​ကာ
နှုတ်​ခမ်းတပြင်​ပြင်​ဖြင့်​သူမ​ကျေနပ်​ချက်​​တွေကို
စ​​ပြော​တော့​လေသည်

" ဘာလို့ ကျွန်​​တော်​လာမှ စကား​ပြောတာပြီးသွားတာလဲ
ပြီး​တော့ ဂျုံးဂုနဲ့သူနဲ့ဘာစကား​တွေ​ပြောကြတာလဲ
ကျွန်​​တော်​ တစ်​လုံးမကျန်​သိချင်​တယ်​ "

အာ...ကျွန်​​တော်​ ထယ့်​ကိုဘယ်​လို​ပြောရမလဲ
မင်​​ဂျောင်းက ကျွန်​​တော့်​ဆီပြန်​လာချင်​တယ်​ဆိုပြီး
ပြောတဲ့ကိစ္စကို ထယ့်​ကို​ပြောပြလိုက်​ရင်
အလကားသက်​သက်​မဲ့စိတ်​ညစ်​ဦးမယ်
ပြီး​တော့ မင်​​ဂျောင်းက လွယ်​တဲ့မိန်းမမဟုတ်​ဘူး
ပိုက်​ဆံ​ကြောင့်​ ဘာမဆိုလုပ်​တဲ့မိန်းမ
အခုလဲ ​ယောင်းဂု​ခိုင်းလို့ ကျွန်​​တော့်​ဆီချဉ်းကပ်​လာတာ
ကျွန်​​တော်​သိတယ်

ကျွန်​​တော့်​ဘာသာအ​တွေး​များ​နေတုန်း ထယ့်​ကိုသတိရလို့
ကြည့်​လိုက်​​တော့ မျက်​​မှောင်​ကြုတ်​ပြီး စားပွဲ​ပေါ်
မေး​ထောက်​ကာ စူးစူးရဲရဲစိုက်​ကြည့်​​နေသည်

" ​အော်​..ဘာမှမဟုတ်​ပါဘူးထယ်​ရဲ့သူက "

" ဂျုံးဂုဆီပြန်​လာချင်​တယ်​တဲ့လား "

" ဟမ်​...ဘယ်​လိုလုပ်​သိ "

" ထင်​တယ်​ ထင်​တယ်​ ဒီလိုအကွက်​​တွေလုပ်​လာလိမ့်​မယ်
လို့ ကြိုသိပြီးသား "

လက်​ညိုးတစ်​​ချောင်းကို ဟို​ထောင်​ဒီ​ထောင်နဲ့​ပြော​နေတာ
အကြားမြင်​ရ​နေသလိုလို နတ်​​တွေပူး​နေသလိုလိုနဲ့
ဘယ်​လိုပဲဖြစ်​ဖြစ်​ ထယ်​ကို အဲ့လိုအိုက်​တင်​​တွေနဲ့လဲ
ချစ်​ဖို့​ကောင်း​နေတယ်

Say YesWhere stories live. Discover now