8

1.5K 246 35
                                    

zawgyi

ကုမ္ပဏီနားက စား​သောက်​ဆိုင်​ ​လေးတစ်​ခုမှာ
ကျွန်​​တော်​ နဲ့ဂျုံးဂု ​နေ့လည်​စာ စား​နေကြသည်
နေ့လည်​စာ စားဖို့ကို အတင်း​ခေါ်ရတယ်
အလုပ်​ပြီးမှစားမယ်​ဆိုပြီး သူက​ပြော​တော့
သူလုပ်​ရမယ့်​အလုပ်​ကို ကြည့်​လိုက်​​တော့
အလုပ်​​တွေက ​တောင်​လိုပုံ​နေတာပဲ အများကြီးပဲ
ဘာလို့ အဲ့​လောက်​​တောင်​ များ​နေရတာလဲ
သူများ​တွေလို ရုံးတက်​တိုင်း လက်​ယားလက်​ယား
နေ​တဲ့လူလဲ မဟုတ်
အဲ့တာကို အလုပ်​​တွေက နှစ်​​ယောက်​စာ​လောက်​ရှိတယ်
အဲ့တာနဲ့ ကင်​ထယ်​​ယောင်းရဲ့ချစ်​စရာအမူအယာ​တွေ
ပစ်​​ကျွေးလိုက်​​တော့မှပဲ ကျွန်​​တော့်​နဖူး​လေးကို
နမ်းကာ သွားကြမယ်​ ဆိုပြီး​ပြော​တော့​လေသည်

အစက ​​ဈေးလဲတန်​ စားလို့လဲ​ကောင်းတဲ့ ​ခေါက်​ဆွဲ​အေးဆိုင်
သွားမယ်​ဆိုပြီး လုပ်​ထားတာ
ဂျုံးဂုက steak သွားစားမလားလို့ အရင်​​မေးလာ​တော့
ဟီး...ဘယ်​ရမလဲ ပိုက်​ဆံနည်း​နေလို့ သွားမစားရတာ
တော်​​တော်​​လေးကို ကြာ​နေပြီ
အဲ့တာ​ကြောင့်​ ​ခေါင်းက ​အော်​တိုငြိမ့်​ပြီးသားပဲ

ဆိုင်​​ရောက်​​တော့ ဂျုံးဂုကပဲ အစားအစာ ကိုမှာ​နေသည်
Steak လာချ​တော့ ကျွန်​​တော့်​မှာ သ​ရေမကျမိ​အောင်
ထိန်း​နေရသည်​။ အမှန်​ဆိုရင်​​တော့ steak မှမဟုတ်
အခုချိန်​ ဘာပဲလာ​ကျွေး​ကျွေးအငမ်းမရစားမိမှာ
ဘာလို့လဲဆို​တော့ ဟိုဂျွန်​ဂျုံးဂု​ကြောင့်
မနက်​စာလဲလွတ်​ ​နေ့လည်​စာလဲ ​နောက်​ကျ
သူ စိတ်​မ​ကောင်းဖြစ်​မှာစိုးလို့သာ မဆာချင်​​ယောင်​​ဆောင်​​နေတာ

Waiter လာချ​ပေး​သော steak ကို
စားမယ်​အလုပ်​ ကျွန်​​တော့်​ပန်းကန်​ကြီးကိုယူသွား​သော
ဂျုံးဂု

steak ကို ​သေ​သေချာချာ လှီး​ပေး​နေတာ​တွေ့​တော့မှ
ကျွန်​​တော်​ ကြည်​နူးမိသွားသည်
ကျွန်​​တော်​ ပြုံး​နေတာကို မြင်​​တော့

" ကိုယ်​အဲ့​လောက်​​တော့သိပါတယ်​ ထယ်​ရယ်
ခဏ​စောင့်​​နော်​ ဗိုက်​စား​နေပြီမလား မြန်​မြန်​လုပ်​​ပေးမယ်​ "

Say YesWhere stories live. Discover now