zawgyi
" ဂျုံးဂုအဖေကလဲ ဘာမှန်းလဲမသိဘူး "
ကုတင်ပေါ်မှာ အိပ်ချင်မူးတူးရုပ်လေးနဲ့ဆူပုတ်ပုတ်လေး
ထိုင်ကာ အလိုမကျဟန်ပြောလာတဲ့အကောင်ပေါက်" ဘာလို့လဲထယ်ရဲ့ "
" ဟုတ်တယ်လေ ကျွန်တော်ကမနေ့ညကမှဂျယ်ဂျူးကို
ရောက်တာကို အခုညနေပြန်ရတော့မှာလား
မတရားဘူး ဂျုံးဂုနဲ့ လျှောက်လည်ချင်သေးတာကို "" ထယ်ရယ် ကိုယ်ကအလုပ်ကိစ္စကြောင့်လာတာလေ
နောက်မှသက်သက်ဒီကိုထပ်လာပြီးလျှောက်လည်ကြမယ်
ဟုတ်ပြီလား "" ပြီးရော "
ကျေနပ်သေးဟန်မပေါ်သေးတာကြောင့် ဘာလုပ်ရမှန်းမသိ
အခုကြည့်ပါလား စောင်ကိုခေါင်းမြီးခြုံပြီးအိပ်နေပြန်သည်
မချော့တတ်ချော့တတ်နဲ့ချော့ရမှာပဲ
စောင်ကိုတစ်ကိုယ်လုံးခြုံထားတဲ့ပိုးတုံးလုံးဘေးမှာ
ဝင်လှဲကာ စောင်ထုပ်လေးနဲ့လုံးနေတဲ့ခန္ဓာကိုယ်လေးကို
အားရပါးရဖက်လိုက်သည်" ထယ်က အပြင်ပဲသွားချင်နေတာလား
ကိုယ်ကတော့ အခုလို ထယ်နဲ့နှစ်ယောက်တည်း
ဒီလိုလေး ကြည်ကြည်နူးနူးလေးနေချင်တာ "ပြောလိုက်တော့ စောင်ထဲကနေ ခေါင်းလေးထွက်လာကာ
ရင်ခွင်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ဝင်တိုးလာလေသည်" ကျွန်တော်လဲ ဒီလိုမျိုးလေးနေရတာသဘောကျတယ် "
တစ်သက်လုံး အမြဲ ဒီလိုလေးနေချင်တယ်
နေနိုင်အောင်လဲ ကိုယ်ကြိုးစားမှာမို့လို့
ကိုယ့်ကိုယုံကြည်ပြီး ဘေးနားမှာအမြဲရှိနေပေးမယ်မလား
ထယ်....ကိုယ့်အတွေးနဲ့ကိုယ်ဖြစ်နေတုန်း ရင်ဘတ်က ယားကျိ
ယားကျိနဲ့ ငုံ့ကြည့်လိုက်တော့...
အမယ်..ခွေးပေါက်က နှာခေါင်းလေးတရှုံရှုံနဲ့ နမ်းနေသည်" ဟိတ် ဘာလို့ခိုးနမ်းနေတာလဲ "
" ခိုးနမ်းတာမဟုတ်ပါဘူးနော်..ကိုယ့်ချစ်သူကို
ပေါ်တင်နမ်းတာ "