3

1.7K 277 11
                                    

zawgyi

" ​ဦး​လေး​ရေ မြန်​မြန်​​မောင်း​ပေးပါ
ကျ​တော်​ ​နောက်​ကျ​နေပြီ "

မ​နေ့ညက ဂျီမင်း​ကောင်းမှု​ကြောင့်​ ဆိုဂျူသွား​သောက်​ကြတာ
မနက်​ကျ​တော့ မထနိုင်​ဖြစ်​ပြီး အလုပ်​​နောက်​ကျသွား​ရော

bus နဲ့ဆို ပိုကြာမှာမို့လို့ taxi ဌားပြီး​လာရတယ်
အဲ့တာကို အခုကားကပိတ်​လိုက်​တာမှ ​ကြောက်​ဖို့​​တောင်​ကောင်းတယ်

ကျ​တော့်​မှာ နာရီတကြည့်​ကြည့်​နဲ့ ရင်​တမမဖြစ်​​နေရသည်
ဘာလို့လဲဆို​တော့ မန်​​နေဂျင်းတာဝန်​ယူထားတဲ့ပ​ရောဂျက်
ဒီ​နေ့ တင်​ပြရမှာ​လေ အဲ့တာကိုအတွင်း​ရေးမှူးဖြစ်​တဲ့ ကျ​တော်​က
နောက်​ကျ​နေတာ ဘယ်​လို​တောင်​ အသုံးမကျတဲ့ငါ​လေးလဲ

ကုမ္ပဏီ ​ရောက်​​တော့ ရုံးခန်းကို ​နောက်​ကကျားလိုက်​လာသလို
ပြေးကာ သွားလိုက်​သည်

" မန်​​နေဂျင်း ကျ​တော်​​ရောက်​ပါပြီ "

ခေါင်းကိုညွတ်​ကာ ​ပြောလိုက်​သည်
တော်​​တော်​ကြာတဲ့အထိ အသံမကြားရ​တော့မှ ​မော့ကြည့်​​တော့
မန်​​နေဂျင်းလဲ ရှိမ​နေ

ကျ​တော်​ နာရီပြန်​ကြည့်​လိုက်​​တော့
အစည်းအ​ဝေး ကလဲမစ​သေးပါဘူး
နာရီဝက်​လို​သေးတာပဲကို
မန်​​နေဂျင်းက ဘယ်​​သွား​နေတာလဲ

ကျ​တော်​ ရုံးခန်းက​နေ ထွက်​ကာ
အနားမှာရှိတဲ့ဝန်​ထမ်းကို ​မေးလိုက်​သည်

" ဟို....မန်​​နေဂျင်း ဘယ်​သွားတာလဲသိလားဟင်​ "

" ခုနက အစည်းအ​ဝေး အခန်းဘက်​ကို
ထွက်​သွားတာ ​တွေ့လိုက်​တယ်​ "

" ဟုတ်​ ​ကျေးဇူးပဲ​နော်​ "

မန်​​နေဂျင်း ရှိရာ အစည်းအ​ဝေး ခန်းကိုသွားလိုက်​သည်
မန်​​နေဂျင်း အရမ်းကြိုးစားထားတဲ့ ပ​ရောဂျက်​ဆို​တော့
ကျ​တော်​က အစွမ်းကုန်​ သူလိုအပ်​တာ ကူညီရမှာ​ပေါ့

" မင်းအခုထိ နားမလည်​​သေးတာလား "

အစည်းအ​ဝေး ခန်းကို​ရောက်​​တော့
တံခါးဖွင့်​ရုံပဲရှိ​သေးတယ်​ ကြားလိုက်​ရတဲ့အသံ

Say YesМесто, где живут истории. Откройте их для себя