zawgyi
အင်း.....အလုပ်မကြိုးစားတဲ့ပုံလဲမပေါ်ပါဘူး
ပြီးတော့ ကြည့်လိုက်တာနဲ့ အရည်အချင်းရှိတဲ့လူဆိုတာ
တက်ခနဲ သိသာတဲ့ဟာကိုအခုဆိုကြည့်ပါလား....
စာရွက်စာတမ်းတွေနဲ့ အလုပ်ရှုပ်နေတဲ့ ကျတော့် မန်နေဂျင်း
နေ့လည်စာ စားချိန်ကလွဲလို့
သူ့နေရာကနေထတာလဲ မတွေ့ဘူး
အလွန်ဆုံး အိမ်သာတောင်မသွားဘူးထင်တယ်
အဲ့တာကို အလုပ်မလုပ်ဘူးလေး ဘာလေးနဲ့" ကင်ထယ်ယောင်း "
" ဟင် "
" ဘာမေးစရာရှိလို့လဲ "
" ဘာ..ဘာမှမေးစရာမရှိပါဘူး မန်နေဂျင်း "
" အဲ့တာဆို ဘာလို့ မေးထောက်ပြီး
ကိုယ့်ကိုကြည့်နေတာလဲ "အမ်....ငါအဲ့လိုတောင် သေချာစောင့်ကြည့်နေမိတာလား
" ဟို....ဟို...အော် မန်နေဂျင်း
သံပုရာရည် သောက်မလားလို့
မေးမလို့ နားထင်ကို လက်နဲ့ဖိနေတော့ "ကျတော် ပြောလိုက်တာ ဘာများအမှားပါသွားပါလိမ့်
မန်နေဂျင်းပုံစံက ဝမ်းနည်းရိပ်သန်းသွားတယ် သူ့မျက်ဝန်းတွေက
" ပထမဆုံးပဲ "
" ဗျာ "
" ဘာမှမဟုတ်ပါဘူး ဖျော်ပေးရင်
ကျေးဇူးတင်တာပေါ့ "" ကောင်းကောင်းလေး ဖျော်လာခဲ့မယ် သုံးမိနစ်ပဲစောင့် "
ဂျုံးဂု တစ်ယောက် ပြေးလွှားကာ ထွက်သွားသော
ထယ်ယောင်းကို ကြည့်ပြီး နှုတ်ခမ်းလေးကွေးညွတ်သွားအောင်
ပြုံးမိသည်•••••••••••••••••••••••••••••••••••
ရုံးက မီးဖိုချောင်မှာ သံပုရာသီးလိုက်ရှာတော့
ကံကောင်းထောက်မစွာ ရှိနေသည်သံပုရာသီး သုံးလေးလုံးလောက်ကိုယူပြီး
ရှိသမျှ အားတွေနဲ့ညစ်ကာ ရေလေးနဲ့ သကြားကို
အချိုးအစား မှန်အောင်ထည့်ပြီး ဇွန်းနဲ့မွှေနေတုန်း