6

1.5K 247 35
                                    

zawgyi

ဘယ်​​သွား​နေတာလဲ...ကုမ္ပဏီ တစ်​ခုလုံးလိုက်​ရှာ​နေတာလဲ
နေရာ​တော်​​တော်​စုံ​နေပြီ
ရှိသမျှ သတ္တိ​တွေအကုန်​စုပြီး ဖွင့်​​ပြောပါမယ်​ဆိုမှ
ငါ​နော်​....​ပြောချင်​စိတ်​​တောင်​​ပျောက်​ချင်​သလိုဖြစ်​​နေပြီ

ဟိုကြည့်​ဒီကြည့်​နဲ့ မန်​​နေဂျင်းကို လိုက်​ရှာ​နေတုန်း
တွေ့လိုက်​ရတဲ့ ပုံရိပ်​​လေး ကျွ​န်​​တော်​ရင်​ကိုထိတ်​ခနဲပဲ

သူ​ချောင်​ကျတဲ့​နေရာ​လေးမှ ငုပ်​တုပ်​ထိုင်​ချပြီး
ရှိုက်​ရှိုက်​ပြီး ငို​နေတယ်​ ကျွန်​​တော့်​အရမ်းမွန်းကြပ်​လာသလိုပဲ
ကျွန်​​တော့်​အသည်း​တွေ ​​ကြေမွသွားသလိုမျိုး ခံစားရတယ်
ဒါ​ကြောင့်​ ကိုယ်​ချစ်​တဲ့လူငို​နေတာ​တွေ့ရင်​ ကိုယ်​ကပိုနာကျင်​ရတယ်​ဆိုတာ ယုံကြည်​သွားသည်
ကျွန်​​တော်​လဲ အခု ရင်​​တွေအရမ်းနာ​နေပါပြီ

သူ့အနားကို မဝံ့မရဲ သွားလိုက်​ကာ သူ့​ဘေးနားထိုင်​ချလိုက်​​တော့
မျက်​ရည်​များနဲ့လှည့်​ကြည့်​လာတဲ့ မျက်​ဝန်းကို​တွေ့လိုက်​ရ​တော့
ကျွန်​​တော်​ပါ ဘာမှန်းမသိပဲ ငိုမိသည်

ကျွန်​​တော့်​ နှလုံးသားက သူ့ကို​ပွေ့ဖက်​​ပေးဖို့ ​စေခိုင်း​နေသည်
ကျွန်​​တော့်​ ဦး​နှောက်​က မလုပ်​သင့်​ဘူးလို့ တားမြစ်​​နေသည်

နောက်​ဆုံး နှလုံးသားက အနိုင်​ရသွားဟန်​တူသည်
ကျွန်​​တော့်​ကိုယ်​ကျွန်​​တော်​ သတိထားမိတဲ့အချိန်
မန်​​နေဂျင်းက ကျွန်​​တော့်​ရင်​ခွင်​ထဲကို​ရောက်​နှင့်​​လေပြီ

" ထယ်​ ကိုယ်​က ဘာအဖြစ်​မှမရှိတဲ့လူလား
ကိုယ့်​အတွက်​ ​လောကကြီးမှာ ​နေရာမရှိဘူးလား "

ကျွန်​​တော့်​နာမည်​ကို အဖျားဆွတ်​​ခေါ်လိုက်​​သောသူ့​ကြောင့်
ကျွန်​​တော်​ ပြုံးမိသွား​သေးသည်​ ​​နောက်​ပိုင်း သူ​ပြောလာတဲ့
စကား​ကြောင့်​ စိတ်​မ​ကောင်းဖြစ်​ရပြန်​သည်

" မန်​​နေဂျင်းကို ဝန်​ခံစရာရှိတယ်​ "

ကျွန်​​တော်​ ​ပြော​တော့ ကျွန်​​တော့်​ရင်​ခွင်​ထဲက​နေထွက်​ဖို့
လုပ်​​နေတဲ့ သူ့ခန္ဓာကိုယ်​ကို အတင်းလှမ်းဆွဲဖက်​လိုက်​ပြီး

Say YesWhere stories live. Discover now