Chapter-9
1.3K 91 2
                          Chapter-9
                   သူ၏​ပွေ့ဖက်​မှုကိုခံရခြင်း
    သူ က​လေးဘဝကစိတ်​ဒဏ်​ရာ​တွေ​ကြောင့်​ မိန်းမ​တွေကို မုန်းတီးခဲ့တယ်​။ ဒါ​ပေမဲ့ သူစိတ်​ဝင်​စားတဲ့ လိင်​အမျိုးအစားကို​တော့ သူသိ​သေးတယ်​။ သူ​ယောက်ျား​တွေကို စိတ်​မဝင်​စားဘူး။
    ဒါဆိုရင်​... ဘာလို့လဲ.. ? သူ ဘာလို့ မိန်းမစိုး တစ်​​ယောက်​ကို နမ်းခဲ့ရတာလဲ?
ဖြစ်​နိုင်​တာက... ဒီမိန်းမစိုးက အရသာရှိတဲ့ အစားအစာနဲ့တူ​နေလို့ သူစိတ်​မထိန်းနိုင်​​တော့ တာလား?
    လဲ့​ယောင်း​ယောင်းက​တော့ ထုံးစံအတိုင်း ​လောင်​ကျွင်းယွီရဲ့စိတ်​ရှုပ်​​ထွေး​နေတဲ့ ပုံစံ​နောက်​ကွယ်​က အဓိပ္ပါယ်​ကို နားမလည်​ခဲ့ဘူး။ သူမ သတိထားမိတာ တစ်​ခုက​တော့ မင်းသားယွေ့ ​တော်​​တော်​​လေး ​ငေါင်​​တောင်​​တောင်​ ဖြစ်​​နေတယ်​။
    ဒါက ထွက်​​ပြေးဖို့အတွက်​ အ​ကောင်းဆုံး အခွင့်​အ​ရေးပဲ!! မင်းသား​ယွေ့ ​ငေါင်​​နေရာက​နေ သတိပြန်​ဝင်​လာပြီး ဘုမသိဘမသိ အသတ်ခံရတဲ့ ထိသာ​စောင့်​​နေရရင်​​တော့ ငါက ​သောက်​ရမ်းတုံးတဲ့ ငတုံးဖြစ်​သွားပြီ.. ! ဘယ်​​တော့မှ ဒီလိုမဖြစ်​​စေရဘူး... .😌
     လဲ့​ယောင်း​ယောင်းတွေး​နေတုန်း.... အဒရီနယ်​ဂလင်း[1]တွေ သူမရဲ့ ခန္ဓာကိုယ်​ကို ဖြတ်​စီးလာတယ်​လို့ ခံစားလာရတယ်​။ သူမ ​ဘေးက ငရဲမင်းလက်​က​နေလွတ်​ဖို့အတွက်​ သူမတတ်​နိုင်​သ​လောက်​ ကြိုးစားမယ်​လို့ သူမဆုံးဖြတ်​ခဲ့တယ်​။ မ​မျှော်​လင့်​ပဲ,  သူမအကြံအစည်​ အထမ​မြောက်​​သေးခင်​မှာ ​လောင်​ကျွင်းယွီဟာ သူမကို ခုန်​အုပ်​ခဲ့တယ်​။ သားရဲတစ်​​ကောင်​ဟာ သူ့ရဲ့သား​ကောင်​ကို အလွတ်​မ​ပေးနိုင်​သလိုမျိုး သူမကို ဖမ်းဆွဲ ထားတယ်​။
ကိုယ်​ဝန်​နဲ့မိန်းမစိုး​လေး(Myanmar Translation)Where stories live. Discover now