Chapter-18

1.6K 200 9
                                    

Chapter-18
ည​သန်း​ခေါင်​မှာ ထွက်​​ပေါ်လာတဲ့ ပု​လွေသံ

လဲ့​ယောင်း​ယောင်းဟာ အခန်းထဲက​နေထွက်​လာကာ သူမရဲ့ပတ်​ဝန်းကျင်​ကို လ​ရောင်​ကိုအသုံးပြုပြီး သတိထားပြီး ​သေချာကြည့်​​နေတယ်​။

သူမအတန်းလိုက်​ဖြစ်​​နေတဲ့ အ​ဆောင်​​တွေကို သူမမြင်​ခဲ့တယ်​။အဲဒါ​တွေက ဘန်​ဂလို​တွေဖြစ်​ပြီး​တော့ အခန်း​တွေရဲ့​ရှေ့မှာ​တော့ ကွင်းပြင်​ကျယ်​တစ်​ခုရှိ​နေတယ်​။ကွင်းပြင်​ရဲ့ ဘယ်​ဘက်​အခြမ်းမှာ​တော့ မိန်းမစိုးဝတ်​ရုံ​တွေနဲ့ပြည့်​​နေတဲ့ အခန်းပွင့်​တစ်​ခုကို ​တွေ့ရတယ်​။

ညာဘက်​အခြမ်းမှာ​တော့ ​ကျောက်​တုံး​တွေနဲ့ လုပ်​ထားတဲ့ ထိုင်​ခုံ​တွေအတန်းလိုက်​ရှိတယ်​။

ဒါက ​နေ့ခင်းက မင်းသားယွီ​နေထိုင်​တဲ့​နေရာရဲ့ ​နေ့နဲ့ညအချိန်​ ကွဲပြားတဲ့ပုံကို နှိုင်းယှဉ်​ထားတာပဲ။

ချမ်းသာမှုနဲ့ ဆင်းရဲမှုကြားက ကွဲပြားမှုက တကယ့်​ကို မယုံနိုင်​စရာပဲ။

လဲ့​ယောင်း​ယောင်းက အဲလို​တွေးလိုက်​တာနဲ့ သူမရဲ့လွတ်​​မြောက်​ချင်​တဲ့ ဆန္ဒက ပိုတိုးလာတယ်​။

ဒါ​ပေမယ့်​ သူမရဲ့လက်​ရှိအ​ခြေအ​နေ​တွေအရ သူမလွတ်​​မြောက်​ဖို့ဆိုတာ ဘယ်​လိုမှမဖြစ်​နိုင်​မှန်းသိတယ်​။

ပထမဆုံးအချက်​အ​နေနဲ့ သူမမှာ ပိုက်​ဆံမရှိဘူး။ဒီနန်း​တော်​ထဲက​နေပြီး သူမလွတ်​​မြောက်​ပြီပဲ ထား....သူမ ဘယ်​​နေရာကို သွားရမှာလဲ....?

ဒုတိယအချက်​ ဒီ​နေရာမှာ နန်းတွင်းအ​စောင့်​​တွေ အများကြီးက လှည့်​လည်​စစ်​​ဆေး​နေတာ။သူမကို သတိမပြုမိဘဲ အ​ဝေးကိုသွားနိုင်​မယ်​လို့ ယုံကြည်​ဖို့က အ​တော်​​လေးရီဖို့​ကောင်း​နေတယ်​။

ဒါ​ကြောင့်​ အခုအချိန်​မှာ သူမလုပ်​နိုင်​တဲ့ တစ်​ခုတည်း​သေားအရာက ​စောင့်​ဖို့ပဲ!

သူမ မထွက်​နိုင်​​သေးခင်​အထိ ပိုက်​ဆံအချိုးစု​ဆောင်းဖို့နဲ့ ဒီ​နေရာရဲ့ ပုံစံ​ကို မှတ်​မိသွားတဲ့ အချိန်​ထိ သူမ​စောင့်​​နေဖို့လိုတယ်​။

ကိုယ်​ဝန်​နဲ့မိန်းမစိုး​လေး(Myanmar Translation)Where stories live. Discover now