Chapter-13

1.2K 95 0
                                    

                         Chapter-13
             ငရဲမင်းရဲ့ ရက်​စက်​ကြမ်းကြုတ်​မှု

ေ​လာင်ကျွင်းယွီိဆိုတဲ့သူက ​ကောလဟာလ​ပြောတာ​တွေထက်​ ပိုပြီး​တော့ ​ကြောက်ဖို့​ကောင်းတယ်​ဆိုတာ ဘယ်​သူက​တွေးမိမှာလဲ......

သူ့ရဲ့အကန့်​အသတ်​မရှိတဲ့ သိုင်းပညာ​တွေက မယုံနိုင်​ဖွယ်​ပဲ.....သူက သူရဲ့လက်​ကို လက်​နက်​တစ်​ခု​အ​နေနဲ့ အသုံးပြုပြီး သူ့ရဲ့ညီအစ်​ကို​တွေအားလုံးကို ဖယ်​ရှားဖို့ ကြိုးပမ်းသွားတယ်​......

သူ မင်းသားယွီကို အထင်​​သေးလိုက်​မိပြီလို့ ပါးဟူ သိလိုက်​တယ်​.....ဒီပုံအတိုင်းသာဆိုရင်​ သူ​သေရဖို့ပဲ ရှိ​တော့တယ်​.....အဲဒီ​နောက်​မှာ​တော့ သူ ဒီအ​ခြေအ​နေကို အခွင့်​​ကောင်းယူပြီး လဲ့​ယောင်း​ယောင်းကို ဓားစာခံအဖြစ်​ဖမ်းထားလိုက်​တယ်​.......

လောင်​ကျွင်းယွီကို သူ့အတွက်​ တန်​ဖိုးရှိလှတဲ့ မိန်းမစိုး​ကို လှမ်းကြည့်​လိုက်​ဖို့ ပါးဟူး ​ပြောလိုက်​တယ်​.....အခု သူ့မှာ အပွင့်​ကြီးတဲ့ဖဲချပ်​တစ်​ခုရှိ​နေပြီး သူ ဘာကိုမှ ​ကြောက်​​နေစရာမလို​တော့ဘူး​လေ......
(အယ်​ကိုရယ်​......အခုမှစ​တော့မှာ​လေ...😊😊)

ပါးဟူးရဲ့ ​ကြောက်​​နေတဲ့ နှလုံးသားအစုံက စတင်​ပြီး သက်​သာရာရသွားတယ်​......

လောင်​ကျွင်းယွီက ​နောက်​ဆုံး​တော့ ရပ်​တန့်​လိုက်​တယ်​....ဒါ​ပေမယ့်​ အဲဒါက ဘာ​ကြောင့်​လဲဆို​တော့ သူ့​ဘေးမှာရှိတဲ့ ​နောက်​ဆုံးလုပ်​ကြံသူတစ်​​ယောက်​ကို သတ်​ပြီးသွားလို့ပဲ........

သူ့လက်​ဖဝါးကို အလင်းကဲ့သို့ မြန်​ဆန်​စွာ​ရွေ့လျားလိုက်​ပြီး ရိုက်​ချက်​တစ်​ခုတည်းနဲ့တင်​ လုပ်​ကြံသူဟာ မ​သေခင်​ ညည်းညူခွင့်​​လေးပဲ ရလိုက်​တယ်​.....

လုပ်​ကြံသူရဲ့ မျက်​လုံးအစုံက အဆမတန်​ပြူးကျယ်​​နေပြီး အဲဒါက သူ​သေသွားတာကို လုံးဝမယုံနိုင်​ဖြစ်​​နေသလိုပဲ........

ပါးဟူးက သူ့ပါးစပ်​ကို တင်းတင်း​စေ့လိုက်​တယ်​.....သူနဲ့အတူ ​ခေါ်​ဆောင်​လာခဲ့တဲ့ ညီအစ်​ကို​တွေအားလုံးဟာ ​လောင်​ကျွင်းယွီလက်​ချက်​နဲ့ အကုန်​​သေကုန်​ပြီ.....သူ့ရဲ့မျက်​လုံးက​နေတဆင့်​ ​ကြောက်​ရွံ့မှု​တွေကို မြင်​​နေရတယ်​.....

ကိုယ်​ဝန်​နဲ့မိန်းမစိုး​လေး(Myanmar Translation)Where stories live. Discover now