Chapter-3

1.5K 98 2
                                    

                          Chapter-3
                ငါလွတ်​​မြောက်​နိုင်​​သေးလား?

လဲ့​ယောင်း​ယောင်းဟာ အရသာရှိလွန်းတဲ့ ကြက်​​ပေါင်​ကြီးကိုကိုင်​ပြီး သူမရဲ့ နှလုံးသားဟာ တဒုန်းဒုန်းတဒိုင်းဒိုင်းခုန်​​ပေါက်​လာတယ်​။ သူမရဲ့ ​ခြေ​ထောက်​နှစ်​​ချောင်း ကလဲ တဆတ်​ဆတ်​နဲ့ တုန်​ရီလို့​နေတယ်​။

သူမဘယ်​လိုမှမတတ်​နိုင်​ခဲ့ဘူး။ သူမ အခုထိ ဒဏ္ဍာရီလား မင်းသား​ယွေ့ကို မမြင်​ဖူး​သေးဘူး ဒါ​ပေမဲ့ သူရဲ့ အရင်​က ပြုလုပ်​ခဲ့တဲ့ ​ကျော်​ကြားမှု​တွေ က​တော့ သမိုင်းတွင်​​နေတယ်​။ သူမဘယ်​လိုလုပ်​ပြီး မ​ကြောက်​ပဲ​နေနိုင်​မှာလဲ?

"ငါအခု​နေထွက်​​ပြေးလို့ရ​သေးလားမသိဘူး?"

အဲ့ဒါကို​တွေး​တောပြီး လဲ့​ယောင်း​ယောင်းရဲ့ စူးရှထက်​မြက်​တဲ့မျက်​လုံး​တွေဟာ ဟိုဟိုဒီဒီ စတင်​​ရွေ့ရှားလာတယ်​။ သူမထွက်​​ပြေးဖို့ လမ်းစကို ကြိုးစားပမ်းစားရှာ​ဖွေ​နေတယ်​။

စိတ်​မ​ကောင်းစွာနဲ့ပဲ ကံကြမ္မာဟာ
လဲ့​ယောင်း​ယောင်းဘက်​မှာမရှိဘူး။ မိန်းမစိုး​ခေါင်း​ဆောင်​ဟာ သူမရဲ့အစီအစဉ်​​တွေကို ထိုးထွင်းပြီးသိ​နေတယ်​။ သူရဲ့တည်​ငြိမ်​တဲ့ မျက်​နှာဟာ ​လေးနက်​တဲ့အသွင်​​ဆောင်​​နေပြီး လဲ့​ယောင်း​ယောင်းကို ပြင်းပြင်းထန်​ထန်​ သတိ​ပေးလိုက်​တယ်​။
"​ရှောင်​​ယောင်းဇီ..မင်းစဉ်း​တောင်​မစဉ်းစားနဲ့ ​နော်​။ မင်းမလွတ်​​မြောက်​နိုင်​ဘူး။ ဒီတစ်​လ​တော့ ​ကောင်း​ကောင်း​နေပြီး မင်းသား​ယွေ့ကို အကောင်းဆုံးခစားပါ"

ဒီမိန်​မစိုး​ခေါင်း​ဆောင်​ကြီးက
ဘယ်​လို​တောင်​လား.. ?

သူ မင်းသား​ယွေ့ကို ခစားလာတာ
နှစ်​​ပေါင်းများစွာရှိခဲ့ပြီ။ သတင်းရင်းမြစ်​​တွေအရဆိုရင်​သူကမင်းသား​ယွေ့ ကြီးပြင်း
လာ​အောင်​​စောင့်​​ရှောက်​​ပေးခဲ့တာတဲ့။
နောက်​​တော့ အိမ်​​တော်​မှာ မင်းသား​ယွေ့ ပြီးရင်​ သူ့ရဲ့အဆင့်​အတန်းက အမြင့်​ဆုံးဖြစ်​လာတယ်​။

ကိုယ်​ဝန်​နဲ့မိန်းမစိုး​လေး(Myanmar Translation)Where stories live. Discover now