Chapter-16

1.5K 128 4
                                    

                         Chapter-16
             ရင်းနှီး​သော ခံစားမှု (သို့) သူငယ်​ချင်း

လဲ့​​ယောင်း​ယောင်း သူမအိမ်​မက်​မက်​​နေသလိုပဲ ခံစားရတယ်​။

ဒါ​ပေမယ့်​ အဲ့အိမ်​မက်​ထဲက အရာအားလုံးက တကယ့်​အဖြစ်​အပျက်​​တွေ လိုမျိုး ခံစားရတယ်​။

သူ့ရဲ့စိတ်​ကို ခန့်​မှန်းလို့မရတဲ့ ​ယောင်္ကျားတစ်​​ယောက်​၊လက်​စား​ချေလိုတဲ့ လုပ်​ကြံသူ​တွေ ပြီး​တော့ ​နောက်​ဆုံးမှာ နှလုံးသားမရှိတဲ့ မြှား......​ကြောင့်​ သူမ​နေရာတိုင်းမှာ ​သွေး​တွေပြန့်​ကျဲ​နေတာကို မှတ်​မိတယ်​။

အဖြစ်​အပျက်​​တွေဟာ ဆက်​တိုက်​ဆိုသလိုပဲ လဲ့​ယောင်း​ယောင်း အသိစိတ်​ထဲမှာ ပြန်​​ပေါ်လာတယ်​။အိမ်​မက်​က​နေ သူမလန့်​နိုးလာတဲ့အခါမှာ​တော့ သူမအရမ်း​ကြောက်​ရွံ့​နေခဲ့တယ်​။

သူမ အိပ်​ယာ​ပေါ်က​နေ ခုန်​ထလိုက်​ပြီး သူမရဲ့နှလုံးက ဆက်​ပြီး​တော့ ပြင်းထန်​စွယ ခုန်​​နေ​သေးတယ်​။သူမမြင်​ခဲ့တာ​တွေနဲ့ပတ်​သက်​ပြီး စိတ်​ထိခိုက်​သလို ခံစား​နေရတယ်​။

သူမရဲ့နှဖူးက​နေ ​ချွေး​တွေစီးကျလာ​နေတယ်​။လက်​တစ်​ဖက်​နဲ့ သူမရဲ့ခုန်​​နေတဲ့ နှလုံးကို ဖိထားရတယ်​။လဲ့​ယောင်း​ယောင်း သူမရဲ့စိတ်​​တွေ မတည်​ငြိမ်သွား​သေးခင်​အထိကို အသက်​ကိုကြီးစွာရှူ​နေရတယ်​။အဲ့​နောက်​ သူမကိုယ်​သူမ ခပ်​တိုးတိုး​ပြောလိုက်​တယ်​။

"ဝူး......ကံ​ကောင်းလို့ အဲ့ဒါကအိမ်​မက်​ဖြစ်​​နေလို့သာပဲ.......ငါ​လေး ​သေလုနီးပါး ​ကြောက်​......အ........"

အစက​တော့ သူမလွတ်​​မြောက်​သွားပြီ ထင်​ပြီး ဝမ်းသာ​နေတာ။သူမရဲ့ပတ်​ဝန်းကျင်​ကို လှည့်​ပတ်​ကြည့်​ပြီးတဲ့​နောက်​မှာ​တော့ လဲ့​ယောင်း​ယောင်းဟာ သူမကို မိုးကြိုးကတည့်​တည့်​ကြီး ပစ်​ချလိုက်​သလိုပဲ။သူမဟာ ​ကျောက်​ဖြစ်​ရုပ်​ကြွင်းတစ်​ခုလိုပဲ မာ​တောင့်​သွား​တော့တယ်​။

အဖြူ​ရောင်​နံရံ​တွေနဲ့ ရိုးရှင်းတဲ့အခန်းတစ်​ခုဖြစ်​​နေပြီး ထိုင်​ခုံ​လေးခုနဲ့ သစ်​သားစားပွဲတစ်​ခုလည်း ရှိ​နေတယ်​။တစ်​ချက်​ကြည့်​လိုက်​ရုံနဲ့ ဒီပစ္စည်း​တွေက ​ရှေး​ခေတ်​က အသုံးအ​ဆောင်​​တွေ ဆိုတာကို သိနိုင်​တယ်​။

ကိုယ်​ဝန်​နဲ့မိန်းမစိုး​လေး(Myanmar Translation)Where stories live. Discover now